ဝဂ်ဟော့ဂ်ကို ပြစ်တင် ဝေဖန်နေတဲ့ အပေါ် ကာကွယ် ပြောဆိုလာတဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြ Erik Ten Hag

မန်ချက်စတာ ယူနိုက်တက် နည်းပြ ဖြစ်သူ Erik Ten Hag ဟာ ဘန်လေ တိုက်စစ်မှူး ဝဂ်ဟော့စ်ကို ရာသီကုန် အထိ အငှားနဲ့ ခေါ်ယူခဲ့ပြီး ဘာကြောင့် သူ့ကို ခေါ်ယူခဲ့ရသလဲနဲ့ သူ ဘာတွေ လုပ်ပေးနိုင်တယ် ဆိုတာ ရှင်းပြ သွားခဲ့ပါတယ်။




ဘန်လေ အသင်းဟာ တန်းဆင်းခဲ့ရပြီး နောက်ပိုင်းမှာ ဝဂ်ဟော့စ် ကို ပထမ ရာသီဝက်ထိ ဘက်ဆစ်တပ်စ် အသင်းမှာ အငှား‌စေလွတ် ကစားစေခဲ့ပါတယ်၊ ဝဂ်ဟော့ ဟာ အဲ့ဒီမှာ (18) ပွဲ ကစားအပြီး (9) ဂိုး သွင်းယူ ပေးနိုင်ခဲ့ပါတယ်။

အသက် 30 အရွယ် ကစားသမားရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး လူတွေ အံ့အားသင့်ခဲ့ ရတာက 2022 ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဖြစ်ပြီး အဆိုပါ ပြိုင်ပွဲမှာ အာဂျင်တီးနား အသင်းကို (2) ဂိုး သွင်းယူခဲ့ပြီး သူ ဘာတွေ လုပ်နိုင် သလဲဆိုတာ ပြသခဲ့တာ ဖြစ်ပါတယ်။




အစောပိုင်းက ဘက်ဆစ်တပ်စ် အသင်းက ၎င်းတို့ရဲ့ အဓိက တိုက်စစ်မှူးကို ဘန်လေ အသင်းဆီ လက်လွှတ် မခံလိုခဲ့တဲ့ အတွက် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ၎င်းကို ခေါ်ယူဖို့ ခက်ခဲခဲ့ပါသေးတယ်။




မန်ချက်စတာ ယူနိုက်တက် နဲ့ မန်စီးတီး ထိပ်တိုက် တွေ့ဆုံခဲ့တဲ့ မန်ချက်စတာ ဒါဘီ ကစားတဲ့ နေ့ကမှသာ တရားဝင် ကစားသမားသစ် ဖြစ်လာခဲ့တာပါ၊ ယခုတော့ နည်းပြချုပ် အဲရစ် တန်ဟက်ဂ် က ယခုလို အသိပေး ပြောကြားသွား ခဲ့ပါတယ်။

ဝဂ်ဟော့စ် က ဘန်လေ အသင်းမှာက လွဲရင် ကစားခဲ့တဲ့ အသင်းတိုင်းမှာ သူရဲ့ စွမ်းဆောင်ရည်ကို ပြသ ထားပါတယ်၊ ဒါကြောင့်လည်း ကျွန်တော် သူ့ကို စောင့်ကြည့်ခဲ့ တာပါ၊ သူ ခြေစွမ်းကောင်း မပြနိုင်ခဲ့တဲ့ အချိန် ရှိခဲ့ဖူးပေမယ့်




ဒါက တိုတောင်းတဲ့ ကာလလေးပါ၊ အချိန် အခိုက်အတန့်လေး တခုသာ ဖြစ်ပါတယ်၊ ကျွန်တော် သူ့ကို စောင့်ကြည့် နေတာ သိပ်တောင် ကြာပြီ၊ သူ့ အသက် 16 နှစ်အရွယ် ကတည်းက ကျွန်တော် သူကို သိခဲ့တယ်၊ သတိထားမိခဲ့တယ်။




ဘာကြောင့်လဲ ဆိုတော့ သူက ကစားခဲ့တဲ့ အသင်း တိုင်းမှာ စွမ်းဆောင်ရည် ကောင်း ပြသနိုင်တာ မြင် တွေ့ ရလို့ပါ၊‌ ဒါကြောဂ့်လည်း သူကို ကျွန်တော် ကိုယ်တိုင် ကင်းထောက်ခဲ့တာ သူက ထူးချွန်တဲ့ ကစားသမား ဖြစ်တယ်၊ သူ့အပေါ် ဝေဖန်နေကြတဲ့ အပေါ် စိတ်မကောင်း ဖြစ်မိတယ်။




သူက ကျွန်တော့ရဲ့ ရွေးချယ်မှုထဲက တဦးပါ၊ ဒါက မှားယွန်းမှု တခု ဖြစ်လာမှာ မဟုတ်ကြောင်း ‌သတ်သေပြဖို့ မကြာတော့ပါဘူး၊ ခုမှ ရောက်ခါစပါ၊ အသင်းနဲ့ အထိုင်ကျဖို့ အချိန် တခု လိုအပ်ပါတယ်၊ အသင်းဖော်တွေနဲ့ နားလည်မှု ရဖို့ အတွဲအဖက် မိဖို့ပေါ့။




စိတ်ချပါ၊ သူ အသင်းဆီ အများကြီး ယူဆောင်လိမ့်မယ်၊ အရင်က ပရိတ်သတ်တွေ မမြင်ခဲ့ဖူးတဲ့ အရာတွေကိုတောင် မြင်တွေ့ရနိုင်ပါတယ်၊ သေချာပါတယ်၊ ဒီအတွက် စိတ်ပူနေဖို့ မလိုပါဘူး။ သူက အသင်းတိုင်းကို တောင့်တင်း စေနိုင်တယ် ဆိုတာ ပြသ ထားပြီး




စိတ်ဓါတ် ခံယူချက် အနေနဲ့လည်း ကောင်းမွန်သူပါ၊ အာဆင်နယ် နဲ့ ပွဲကို ကြည့်ခဲ့ရင် သိပါလိမ့်မယ်၊ ခံစစ်ပိုင်းကိုတောင် အကူအညီ ပေးနိုင်စွမ်း ရှိတယ်။ ပြီးတော့ သူရဲ့ ရန်လိုတတ်တဲ့ စိတ်ကို ကြိုက်တယ်၊ သူမှာ သရဲနီ စိတ်ဓါတ်တွေ ကိန်းဝပ်နေပါတယ်။ လို့ ဝေဖန်နေတဲ့ အပေါ် ကာကွယ် ပြောဆို လိုက်တာပဲ ဖြစ်ပါတယ်။

credit