အန်တိုနီ နဲ့ အသင်းသားတွေ မပြေ မလည် ဖြစ်နေတဲ့ အပေါ် ဖြေရှင်းချက် ပေးလိုက်ပြီး သတင်း သုံးသပ်သူတွေကို မေးခွန်းထုတ်သွားခဲ့တဲ့ တန်ဟက်ဂ်

Manchester United နည်းပြ Erik Ten Hag က တပည့်ကျော် တိုက်စစ်သမား အန်တိုနီ ရဲ့ စွမ်းဆောင်ရည် နဲ့ ပတ်သက်ပြီး အသင်းဖော်တွေက အတော်လေး မကျေမနပ် ဖြစ်ကြနေတယ် ဆိုတဲ့ သတင်းတွေကို ငြင်းဆန်လိုက်ပြီး Erik Ten Hag က ဘရာဇီးလ်သား အတွက် ကာကွယ် ပြောဆိုလိုက်ပါတယ်။




မန်ချက်စတာ ယူနိုက်တက် အသင်းကို ရောက်စမှာ ဘရာဇီးလ် တောင်ပံသမားဟာ ပထမဆုံး ၃ ပွဲမှာ ဂိုးသွင်း ခဲ့တာကြောင့် ခေါ်ယူမှုကောင်း အဖြစ် ယူဆခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီ နောက်ပိုင်းမှာ အန်တိုနီ ဟာ ခြေစွမ်း မပြနိုင်တော့ဘဲ ရုန်းကန်နေခဲ့ရဝာာ ဖြစ်ပါတယ်။




ရီယို ဖာဒီနန် ကဆိုရင် အန်တိုနီ ကို ဘုရားစူး ဘရာဇီးလ်သား လို့ကို မှတ်ချက် ပြုခဲ့တာပါ၊ ပြီးခဲ့တဲ့ အပတ်က ခရစ္စတယ် ပဲလေ့စ် နဲ့ 1-1 သရေ ကျခဲ့တဲ့ ပွဲစဥ်မှာ ဘရူနို ဖာနန်ဒက်စ် နဲ့ အန်တိုနီ တို့ စကားများခဲ့တာ တွေ့ခဲ့ရပြီး ဒီလို အဖြစ်အပျက် အတွက်




အဲရစ် တန်ဟက်ဂ် က အခုလို မှတ်ချက်ပြု ခဲ့တာ ဖြစ်ပါတယ်။ ဒါမျိုးက ဖြစ်တတ်တယ်လို့ ကျနော် ထင်မိပါတယ်၊ ကစားသမား နှစ်ယောက်လုံးက အူလိုက် သည်းလှိုက် အားထုတ် ကစားနေကြတဲ့ အချိန် ပွဲထဲမှာ ဒါမျိုးက ဖြစ်တတ်ပါတယ်။




သူတို့ အကောင်းဆုံး ကစားဟန်နဲ့ ကစားနေကြတာပါ၊ ဒါက ဟန်ချက် ညီဖို့ ထိန်းရတာမျိုးပါပဲ၊ ကစားသမားချင်း စကားများ ကြတာက အမြဲတမ်း လိုလို ဖြစ်တတ်တဲ့ ကိစ္စရပ်ပါ၊ ခဏနေ သူတို့ အချင်းချင်း ပြန်တည့်သွားမှာပါ၊ ဒီတော့ ဒါက ပြသနာ မဟုတ်ပါဘူး။




မန်ချက်စတာ ယူနိုက်တက် ကစားသမား တွေထဲမှာ သူ့ကို သက်သက်ကြီး အမျက်ထွက် နေတာမျိုး မရှိဘူးလို့ ကျနော် ထင်ပါတယ်။ လို့ အဲရစ် တန်ဟက်ဂ် က ပြောဆို ခဲ့တာပဲ ဖြစ်ပါတယ်။ ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်သမားရဲ့ စွမ်းဆောင်ရည် တွေဟာ အတော်လေး ယိုယွင်း နေတာကြောင့်




ထောက်ပြမှုတွေ များနေပြီး အာဆင်နယ် ဂန္တင် အီယန်ရိုက် က အဲရစ် တန်ဟက်ဂ် အခုထိ အန်တိုနီ ကို ပွဲထွက် လူစာရင်းက မချန်လှပ်သေးတာ အံ့အားသင့်မိကြောင်း ပြောဆို ထားပါတယ်၊ ဒါပေမယ့် နည်းပြ အဲရစ် တန်ဟက်ဂ် က အန်တိုနီ ဟာ သူ့ အသင်းမှာ အရေးပါတဲ့




နေရာက ပါဝင် နေကြောင်း ရှင်းလင်း ပြောဆိုထားပါတယ်၊ သူ ဝင် ယကစားနေတယ် အသင်းကလည်း နိုင်နေတယ်ဗျာ၊ ဒါက သူ ဘယ်လောက် ကောင်းကောင်း ကစားနေလဲ ဆိုတာ မြင်သာစေတဲ့ အချက် မဟုတ်ဘူးလား။ လို့ Erik Ten Hag က ဆိုခဲ့တာပဲ ဖြစ်ပါတယ်။

credit