ဟယ်ရီကိန်း အတွက် ပြောင်းရွှေ့ကြေး သတ်မှတ်ပေးလိုက်ပြီး တန်ရာတန်ကြေးထက် နည်းပါးမှာကို စိုးရိမ်နေတဲ့ ပေါလ်မာဆင်

မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု ရယူလိုပါက စပါး တိုက်စစ်မှူး ဟယ်ရီကိန်း ကို ပေါင် သန်း ၁၀၀ သုံးပြီး ခေါ်ယူရမှာ ဖြစ်ကြောင်း ပေါလ်မာဆင် က စပါး တိုက်စစ်မှူးရဲ့ တန်ကြေးကို သတ်မှတ် ပေးလိုက်ပါတယ်။




ဟယ်ရီးကိန်း ဟာ ၂၀၂၄ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး စပါးနဲ့ ၎င်းရဲ့ကြား အဆင်ပြေနေကြောင်း သတင်းများ ထွက်ပေါ်နေပေမယ့် လန်ဒန်မှာ ဆက်ရှိ နေရေးမှာ‌တော့ အလာအလာ နည်းပါးလာကြောင်း ဗြိတိန် အ‌ခြေစိုက် သတင်းမျာက




အတည်ပြု ခဲ့ကြတာ ဖြစ်ပါတယ်၊ ဟယ်ရီကိန်း ဟာ ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှူးထဲက တစ်ဦး အပါဝင်ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် နည်းပြချုပ် အဲရစ် တန်းဟက်ဂ် အနေနဲ့ ၎င်းကို ရရှိရေး အစွမ်းကုန် ကြိုးစားရာမှာ ပေါလ်မာဆင် က ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေးထက် နည်းပါးမှာကို စိုးရိမ်နေတယ်လို့ ယူဆရပါတယ်။




ပေါလ်မာဆင် က- ဟယ်ရီကိန်း အနေနဲ့ တစ်ဦးချင်း ဆုတံဆိပ် တွေကို အဓိက ထားမှာလား အသင်းလိုက် အောင်မြင်မှုကိုရော မလိုချင်ဘူးလား ဆိုတာ သူကိုယ်တိုင်ပဲ သိပါလိမ့်မယ်၊ စပါးမှာတော့ သူလိုချင်တဲ့ အောင်မြင်မှုမျိုး ရမယ်လို့ ကျွန်တော့် အနေနဲ့ မထင်မိပါဘူး။ တစ်ဦးချင်း အောင်မြင်မှုတွေ ဖြစ်တဲ့




ဂျင်မီဂရိဗ် ရဲ့ စံချိန်ကို ကျော်ဖြတ်ထား နိုင်တာ ရှီးယားရား ရဲ့ ဂိုးသွင်း အများဆုံး စံချိန်ကို ကျော်ဖြတ်ထား နိုင်တာတို့ ဖြစ်လာနိုင်ပါတယ်၊ သူက ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှူး တစ်ဦးပါ၊ မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ပေါင် သန်း ၁၀၀ ထက် မနည်းတဲ့ တန်းကြေးနဲ့




ခေါ်ယူသင့်ပါတယ်၊ သူတို့ အန်တိုနီ ကိုတောင် ပေါင် သန်း ၈၀ ပေးပြီး ခေါ်ခဲ့တာလေ၊ ကိန်းက အများကြီး သာပါတယ်၊ သူသာ မန်ချက်စတာ ယူနိုက်တက် မှာ ကစားရင် သွင်းယူနိုင်မယ့် ဂိုးအရေအတွက် မျိုး တွေးတောင် မတွေးဝံ့ပါဘူး။ အန်တိုနီ နောက် ၁၀ နှစ်ထိ ကစား‌တောင် သွင်းယူနိင်မယ်လို့ မထင်မိပါဘူး။




ဟယ်ရီကိန်း က အသက် ၃၇ နှစ်လောက် ထိ ကစားနိုင်တယ်၊ ဘာဖြစ်လို့လည်း ဆိုတော့ သူ ကစားတဲ့ ပုံစံက အမြန်နှုန်းကို အားပြု ကစားတာ မဟုတ်ဘူးလေ၊ သူက ဦးနှောက်ကို သုံးပြီး ဘောလုံး အပေးအယူနဲ့ ထိုးဖောက် ကစားတာ ဖြစ်ပါတယ်။




မန်ချက်စတာ ယူနိုက်တက် က အမှတ်ပေး ချန်ပီယံ ဆုဖလားနား ကပ်ချင်တယ် ဆိုရင်တော့ ကိန်းကို လိုအပ်ပါတယ်၊ အာဆင်နယ် နဲ့ ကစားသွားတာကို ကြည့်ရင် မန်ချက်စတာ ယူနိုက်တက် က အဝေးကြီး သွားဖို့ လိုသေးတာကို မြင်နိုင်ပါတယ်။

ဟယ်ရီကိန်း ချဲလ်ဆီးကို ပြောင်း ရွှေ့လို့ မရနိုင်ပါဘူး၊ သူနဲ့ စပါးအသင်း ကြား သမိုင်းကြောင်းကို ဖျက်ဆီးလိုက်သလို ဖြစ်သွားမှာကို သူ ဘာ်တော့မှ လိုလားမှာ မဟုတ်ဘူးလို့ ပေါလ်မာဆင် က ပြောကြား သွားခဲ့တာပဲ ဖြစ်ပါတယ်။

credit