Daily Mail မှ ဖော်ပြလာတဲ့ ပရီးမီးယားလိဂ် တန်ကြေး အမြင့်ဆုံး အသင်း ၅ သင်း

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လက်ရှိမှာ အင်္ဂလန် ပရီးမီးယားလိဂ် ရဲ့ တန်ဖိုး အရှိဆုံး အသင်း အဖြစ် သတ်မှတ် ခံရကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail က ဖော်ပြသွား ခဲ့ပါတယ်။




ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်း အဖြစ် သတ်မှတ် ခံထားရတဲ့ မန်ချက်စတာ ယူနိုက်တက် ဟာ ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် မရှိတဲ့နောက် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ




ချန်ပီယံ မဖြစ်တော့သလို ဆုဖလား များစွာလည်း ရယူနိုင်ခြင်း မရှိတော့ပေမယ့် အသင်းရဲ့ ကျော်ကြားမှု ပရိသတ် အင်အားက ကျဆင်းခြင်း မရှိပါဘူး၊ မန်ချက်စတာ ယူနိုက်တက် ဟာ ကွင်းတွင်း အောင်မြင်မှုတွေ ရယူနိုင်ဖို့ ရုန်းကန် နေရပေမယ့် အသင်းရဲ့




ရှယ်ယာ တန်ဖိုး တနေ့တခြား မြင့်မားလာသလို ကမ္ဘာတဝှမ်း မှာလည်း မန်ချက်စတာ ယူနိုက်တက် အသင်းကို အားပေးတဲ့ ပရိသတ်တွေ အတော်လေးကို များပြားပြီး စစ်တမ်းတွေ အရ မန်ချက်စတာ ယူနိုက်တက် ဟာ ကမ္ဘာပေါ်မှာ ပရိသတ် အားပေးမှု အများဆုံးနဲ့




အာရုံ အစိုက်ခံရမှု အများဆုံး အသင်း ဖြစ်ကြောင်း သိရပါတယ်၊ ပရိသတ် အင်အား များပြားမှုကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက် ဟာ ပုံရိပ် မကျဆင်းသလို ဆုဖလားတွေ မရတော့ ပေမယ့်လည်း ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ အသင်းတို့နဲ့ ရင်ဘောင်တန်းနိုင်ပြီး




ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံး ကလပ်အသင်း ၃သင်းထဲက တသင်း အဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်၊ Daily Mail ရဲ့ ဖော်ပြချက် အရ မန်ချက်စတာ ယူနိုက်တက် ဟာ မြို့ခံ ပြိုင်ဘက် မန်စီးတီး၊ ခါးသီး ပြိုင်ဘက် လီဗာပူး နဲ့ အစဉ်အလာ ပြိုင်ဘက် ချဲလ်ဆီး၊ အာဆင်နယ် တို့ကို ကျော်ဖြတ်ပြီး




ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ တန်ဖိုးအမြင့်ဆုံး အသင်း အဖြစ် ရပ်တည်နေနိုင်ပြီး မန်ချက်စတာ ယူနိုက်တက် ရဲ့ တန်ကြေးက ပေါင် ၄.၈ ဘီလီယံထိ ရှိကြောင်း သိရပါတယ်၊ မန်ချက်စတာ ယူနိုက်တက် နောက်မှာတော့ လီဗာပူး က တန်ကြေး ပေါင် ၃.၈ ဘီလီယံ နဲ့

ဒုတိယ တန်ကြေး အမြင့်ဆုံးအသင်း အဖြစ် ရပ်တည် နိုင်ခဲ့ပြီး မန်စီးတီး က တန်ကြေး ပေါင် ၃.၅ ဘီလီယံ၊ အာဆင်နယ် က ပေါင် ၂.၉ ဘီလီယံ၊ ချဲလ်ဆီး က ပေါင် ၂.၈ ဘီလီယံ နဲ့ တတိယ၊ စတုတ္ထနဲ့ ပဥ္စမ တန်ကြေး အမြင့်ဆုံး အသင်းတွေ အဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။

credit