မန်ချက်စတာ ယူနိုက်တက် ဟာ ဒီဂီယာ ကို အနားပေးပြီး နံပါတ်တစ် ဂိုးသမားနေရာ အတွက် ကြယ်တစ်ပွင့်ကို ခေါ်ယူရန် ကြိုးစားနေကြောင်း Telegraph မှ အတည်ပြု ဖော်ပြလာ

မန်ချက်စတာ ယူနိုက်တက် ဟာ ဘရန့်ဖို့ဒ် အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ငြင်းဆန်ထားတဲ့ စပိန် လက်ရွေးစင် ဂိုးသမား ရာယာ ကို ခေါ်ယူဖို့ ကြိုးစားနေကြောင်း နာမည်ကြီး သတင်းဌာနမျာက အတည်ပြု ဖော်ပြခဲ့ ကြပါတယ်။




Manchester United ဟာ ဒေးဗစ် ဒီဂီယာ နဲ့ ဟန်ဒါဆန် တို့လို အရည်အသွေးမြင့် ဂိုးသမားတွေ ပိုင်ဆိုင်ထားပေမယ့် ဒီဂီယာ နဲ့ ဟန်ဒါဆန် တို့ဟာ ဂိုးပေါက် ကာကွယ်ရာမှာ ထူးချွန်ကြပေမယ့် ဘောလုံး ပေးပို့နိုင်စွမ်း မှာတော့




သာမန် အဆင့်သာ ရှိပါတယ်။ ၂၇ နှစ်အရွယ် စပိန် လက်ရွေးစင်ဟာ လက်ရှိ မန်ချက်စတာ ယူနိုက်တက် နံပါတ်တစ် ဂိုးသမား ဒီဂီယာ နဲ့ ချဲလ်ဆီး နံပါတ်တစ် ဂိုးသမား ကီပါ တို့ကို ကျော်ဖြတ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်




စပိန် အတွက် ရွေးချယ်ခံ ခဲ့ရသူ ဖြစ်ပြီး ရာယာ က ဂိုးပေါက် ကာကွယ်ရာမှာ ကောင်းမွန်ပြီး သူ့ရဲ့ ဘောလုံး ပေးပို့နိုင်စွမ်း ဟာလည်း ထိပ်တန်း အဆင့်မှာ ရှိနေတာကြောင့် မန်ချက်စတာ ယူနိုက်တက် က ရာယာ ကို




ခေါ်ယူဖို့ အတွက် စိတ်ဝင်စား နေကြတာ ဖြစ်ပါတယ်၊ ရာယာ ကလည်း ဥရောပ ထိပ်သီး အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရထားချိန်မှာ ဘရန့်ဖို့ဒ် အသင်းနဲ့ စာချုပ် သက်တမ်း မတိုးလိုတော့တာကြောင့် အသင်းသစ်ဆီ




ရွှေ့ပြောင်းဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်၊ ရာယာ နဲ့ ဘရန့်ဖို့ဒ် ကြားမှာ ရှိနေတဲ့ စာချုပ်ဟာ တစ်နှစ်ကျော်သာ ကျန်ရှိတော့ပြီး နာမည်ကြီး သတင်းဌာနတွေ ဖြစ်တဲ့ Telegraph နဲ့ The Sun သတင်းဌာနများရဲ့ ဖော်ပြချက် အရ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ရာယာ ကို

လာမယ့် နွေဈေးကွက်မှာ ခေါ်ယူဖို့ စတင် လှုပ်ရှားနေ ကြပြီး ဘရန့်ဖို့ဒ် အသင်းကလည်း စာချုပ် ကုန်ဆုံးတော့မယ့် ရာယာ အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၂၀ ဝန်းကျင် ရရင် ရောင်းချဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

credit