မန်ချက်စတာ ယူနိုက်တက် အသင်းကို ရောင်းချမှာ ဖြစ်ပေမယ့် ဝယ်ယူလိုသူ အနေနဲ့ သူ့ရဲ့ သတ်မှတ်ချက်ကို လိုက်နာရန် လိုအပ်ကြောင်း ထုတ်‌ဖော် ပြောဆိုလိုက်တဲ့ ဂလေဇာမိသားစု

ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် အနားယူခဲ့ပြီး နောက်ပိုင်း ရလဒ် မတည်ငြိမ်မှုတွေနဲ့ ဆက်တိုက် ကြုံတွေ့ခဲ့ရပြီး ဆုဖလား ရရှိမှု နည်းပါးနေ တာကြောင့် သရဲနီ ပရိသတ်တွေရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ အတူ ဖိအားတွေကြား ရောက်ရှိနေတဲ့




မန်ချက်စတာ ယူနိုက်တက် အသင်းပိုင်ရှင် အမေရိကန် လူမျိုး ဂလေဇာ မိသားစုက အသင်းကို ရောင်းချမှာ မှန်ပေမယ့် တောင်းဆိုထားတဲ့ ပေါင် ၆ ဘီလီယံ တန်ကြေးနဲ့ နည်းပါးပါက လက်ခံ ဆွေးနွေးသွားမှာ မဟုတ်ဘူးလို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။




ဂလေဇာ မိသားစုဟာ မန်ချက်စတာ ယူနိုက်တက် ကို ၂၀၀၅ ခုနှစ်မှာ ဝယ်ယူခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ ဆယ်စုနှစ် အတောအတွင်းမှာ ကစားသမား ဖြည့်တင်းရေး ဆိုင်ရာ အပြင် စီမံခန့်ခွဲမှု အပိုင်း အားနည်းချက်တွေကြောင့် မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေ ရဲ့




ဆန္ဒပြ ကန့်ကွက်မှုတွေ အကြိမ်များစွာ ဖြစ်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်၊ ရေနံနဲ့ ဓာတုကုမ္ပဏီ တစ်ခု ဖြစ်တဲ့ Ineos ရဲ့ ပိုင်ရှင် ဗြိတိန် ပြည်ထောင်စုရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ဆာဂျင် ရက်ကလစ်ဖ် က ပြီးခဲ့တဲ့ သီတင်းပတ်မှာ မန်ချက်စတာ ယူနိုက်တက် ကို




ဝယ်ယူနိုင်ရေး အတွက် အချက်အလက်ပိုင်း ဆိုင်ရာ လေ့လာမှု ပြုလုပ်နေတဲ့အကြောင်း ကိုယ်တိုင်အတည်ပြု ပြောဆိုထားခဲ့တာ ဖြစ်ပြီး ယခု အချိန်မှာတော့ အသင်းကို ဝယ်ယူလိုသူ လုပ်ငန်းရှင်တွေ ဘက်မှာ တရားဝင် ကမ်းလှမ်းမှု တစ်စုံတစ်ရာ




ပြုလုပ်ထားခြင်း မရှိသေးသလို တွဲဖက် အမှုဆောင်ချူပ် အဖြစ် လုပ်ဆောင်နေတဲ့ ဂျိုးလ်ဂလေဇာ ကလည်း မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အရေးပါတဲ့ နေရာမှာ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်၊ ရုရှ ရေနံလုပ်ငန်းရှင် ရိုမန် အေဗရာမိုဗစ်ချ် က




ချဲလ်ဆီး အသင်းကို ပေါင် သန်း ၁၄၀ နဲ့ ဝယ်ယူပြီး ရင်းနှီးမြှပ်နံမှု အချို့ ပြုလုပ်ကာ ပြီးခဲ့တဲ့ နှစ်မှာ အမေရိကန် လုပ်ငန်းရှင် တော့ဒ်ဘိုလီ ကို ပေါင် ၂.၅ ဘီလီယံနဲ့ ပြန်လည် ရောင်းချခဲ့ အပြီးမှာ ပရီးမီးယားလိဂ် ကလပ်အသင်းတွေရဲ့ ဈေးကွက်မှာ များစွာ လှုပ်ခက်စေ ခဲ့တာပဲ ဖြစ်ပါတယ်။

credit