ဂယ်ရီ နဗီးလ်တောင် ကြောက်ရွံ့သွားတယ် ဆိုတဲ့ မန်ချက်စတာ ယူနိုက်တက် 3-0 နောတင်ဟမ် ဖောရက်စ် ပွဲပြီး သုံးသပ်ချက်

မန်ချက်စတာ ယူနိုက်တက် အသင်း တိုက်စစ်မှူး မားကပ်စ် ရပ်ရှ်ဖို့ဒ် ဟာ သူရဲ့ အကောင်းဆုံး ခြေစွမ်းကို ဆက်လက် ထိန်းသိမ်းထား နိုင်ခဲ့ပြီး နော်တင်ဟမ် ဖောရက်စ် နဲ့ ကစားသည့် ကာရာဘောင် ဖလား ပွဲစဉ်မှာ




အသင်း အတွက် အဖွင့်ဂိုးကို လှပစွာ တစ်ကိုယ်တော် အစွမ်းနဲ့ သွင်းယူ ပေးနိုင်ခဲ့ပါတယ်၊ အသက် ၂၅ နှစ် အရွယ်ရ ရပ်ရှ်ဖို့ဒ် ဟာ နောက်ဆုံး ကစားတဲ့ ၁၀ ပွဲမှာ ၁၀ ဂိုးမြောက် ဖြစ်တဲ့ သွင်းဂိုးကို သွင်းယူနိုင်ခဲ့ခြင်း ဖြစ်ပြီး ဖောရက်စ် အသင်းနဲ့ ပွဲကစားချိန် ၆ မိနစ်မှာ




ဂိုးသွင်းခဲ့ခြင်း ဖြစ်ပါတယ်၊ ကတ်စမဲရိုး ဖန်တီး ပေးပို့လိုက်တဲ့ ဘောလုံးကို ကွင်း ဘယ်ဘက်ခြမ်းမှ ဆွဲပြေးလာပြီး နော်တင်ဟမ် ဖောရက်စ် အသင်းသား နှစ်ဦးကြား ကျော်ဖြတ်ပြီး ကွင်း အလယ်ကြောသကို ချိုးဝင်ပြီး ဘယ်ခြေနဲ့ ပြိုင်ဘက် ဂိုးသမား




ညာဘက်ထောင့်ကို ကန်သွင်းလိုက်ခြင်း ဖြစ်ပါတယ်၊ ဘောလုံး ဝေဖန်သူ နဗီးလ် က ရပ်ရှ်ဖို့ဒ် ရဲ့ သွင်းဂိုးကို များစွာ ချီးမွမ်းခဲ့ပါတယ်။ ပါတီတစ်ခုမှာ ဘောလုံး တစ်လုံးကို ဖောက်လိုက်သလိုပါပဲ ရပ်ရှ်ဖို့ဒ်က အားလုံး အံ့ဩသွားအောင် ပေါက်ကွဲ ပြလိုက်တာပဲ။




အာဆင်နယ် နဲ့ ပွဲမှာ သွင်းသွားတဲ့ ဂိုးကလည်း လှပ ပါပေတယ်၊ ဒီနေ့ပွဲမှာ ရပ်ရှ်ဖိုဒ် သူရနေတဲ့ ဘောလုံးကို ဖြတ်တင်ဘော မပေးပဲ ဂိုးရှေ့မှာ ဟာကွက် ဖြစ်နေတာကို မြင်လို့ အတွင်းကို ချိုးဝင်ပြီး အနီးတိုင်နားကပ်ကို ဘယ်ခြေနဲ့ ကန်သွင်းသွားတာ ဖြစ်ပါတယ်။




သူက တကယ့်ကို စူပါပါပဲ၊ မားကပ်စ် ရပ်ရှ်ဖို့ဒ် ရဲ့ ခြေစွမ်းက ကြောက်စရာ ကောင်းတယ်လို့ ဂယ်ရီ နဗီးလ် က ပြောဆိုလိုက် ခြင်းဖြစ်ပါတယ်၊ ပထမပိုင်း ပြီးကာနီး အဲရစ် တန်ဟက်ဂ် ခေါ်ယူထားတဲ့ ဒတ်ချ် တိုက်စစ်မှူးသစ် ဝက်ဂ်ဟော့စ် ကလည်း ဒုတိယမြောက် ဂိုးကို




သွင်းယူပေးခဲ့ပြီး မန်ချက်စတာ ယူနိုင်တက် အသင်းဟာ ပထမပိုင်း အပြီးမှာပဲ ၂-၀ နဲ့ ဦးဆောင်နေခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းသား တစ်ဦး ကန်သွင်းလိုက်တဲ့ ဘောလုံး လျှံကျလာတာကို ဝက်ဂ်ဟော့စ် က ပြေးဝင် ပိတ်ပြီး ဂိုးရသွားခြင်း ဖြစ်ပါတယ်။




အဆိုပါ သွင်းဂိုးက ဝက်ဂ်ဟော့စ် ရဲ့ မန်ချက်စတာ ယူနိုက်တက် အတွက် ပထမဆုံး သွင်းဂိုး ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဟာ ဖောရက်စ် နဲ့ တွေ့ဆုံတဲ့ ပွဲတိုင်း ပေါ့ပေါ့ဆဆ မကစားပဲ လူစုံထုတ် အသုံးပြုပြီး ခံစစ်တွင် လင်ဒီလော့ဖ်၊ မာတီနက်ဇ် တို့ကို ဗဟိုခံစစ်မှူးများ အဖြစ် ထားပြီး




မာလာစီယာ၊ ဝမ်ဘစ်ဆာကာ တို့ကို အစွန်ခံစစ်မှူးများ အဖြစ် အသုံးပြုခဲ့သလို ဂိုးသမား နေရာမှာ ဒဟေးယား ကို သုံးခဲ့ပြီး ကွင်းလယ်မှာ လည်း ကတ်စမဲရိုး နဲ့ အဲရစ်ဆင် ဖာနန်ဒက်စ် တို့ကို တွဲသုံးခဲ့ပါတယ်၊ တိုက်စစ်မှာ ရပ်ရှ်ဖို့ဒ် အန်ထော်နီ တို့ကို တောင်ပံနေရာမှာ ထားပြီး




ဝက်ဂ်ဟော့်စ် ကိုတော့ အထောင် တိုက်စစ်မှူး အဖြစ် အသုံးပြုခဲ့တာ ဖြစ်ပါတယ်၊ ဒုတိယပိုင်းမှာ အဲရစ် တန်းဟက်ဂ် က လူငယ်များကို အသုံးပြုခဲ့ပြီး ပွဲချိန် ၅၇ မိနစ်မှာ ရပ်ရှ်ဖို့ဒ် ကို အနားပေးခဲ့ပြီး ဂါနေချို ကို ထည့်သွင်းခဲ့ပါတယ်၊ ပွဲချိန် မိနစ် ၇၀ မှာတော့ အန်ထော်နီ ရဲ့နေရာကို ပယ်လီစထရီ ကို လဲခဲ့သလို




အဲရစ်ဆင် ရဲ့ နေရာမှာလည်း ဖရက်ဒ် ကို ထည့်သွင်းခဲ့ ပါတယ်၊ ပွဲချိန် မိနစ် ၈၀ ကျော်မှာတော့ ဝက်ဂ်ဟော့စ် နေရာကို အီလန်ဂါ ကို ထည့်သွင်း ကစားစေခဲ့ပြီး ဖောရက်စ် ကလည်း ဒုတိယပိုင်း ၆၄ မိနစ်မှာ စကရာပါ ရဲ့ နေရာမှာ လင်ဂတ် ကို ထည့်သွင်းပြီး တိုက်စစ် အားမြှင့်ရန် ကြိုးစားခဲ့ပါတယ်။

ပွဲချိန် ၈၉ မိနစ်မှာ ပယ်လီစထရီ အီလန်ဂါ တို့ရဲ့ ထိုးဖောက်မှုကို ဖောရက်စ် နောက်တန်းနဲ့ ဂိုးသမား ကာကွယ်ရင်း အီလန်ဂါ က ပေးပို့လိုက်သော ဘောလုံးကို ဖာနန်ဒက်စ် က အပြင်းကန်သွင်းပြီး မန်ချက်စတာ ယူနိုက်တက် တို့ တတိယ အနိုင်ဂိုး ရရှိခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကသာ ပွဲကို ထိန်းချုပ်ထား နိုင်ပြီး ၃-၀ နဲ့ ကာရာဘောင် ဖလား ဆီမီးဖိုင်နယ် ပထမ အကျော့ကို အနိုင်ရခဲ့ပါတယ်။

credit