ဒီရာသီ ဆုဖလား နှစ်လုံးလောက် အပျင်းပြေယူဖို့ ကြံစည်ထားတဲ့ အဲရစ် တန်ဟက်ဂ် နှင့် အသင်းသားများ နော်တင်ဟမ် ဖောရက်စ် 0-3 မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှ ထူးခြားချက်များ

Manchester United ဟာ ကာရာဘောင် ဖလား ဆီမီးဖိုင်နယ် ပထမ အကျော့ကို အဝေးကွင်းမှာ ဖောရက်စ် နဲ့ ရင်ဆိုင်ခဲ့ရပြီး 0-3 ရလဒ်နဲ့ နောက်တစ်ဆင့် အတွက် အလားအလာ ကောင်းနေပြီ ဖြစ်ပါတယ်။




ပွဲစတင်ပြီး 6 မိနစ် အကြာမှာပဲ ရပ်ရှ်ဖို့ဒ် က ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီး ပွဲချိန် 22 မိနစ််မှာ နော်တင်ဟမ် က ဂိုးသွင်းနိုင်ခဲ့ပေမယ့် လူကျွံနေခဲ့ပြီး ဂိုးမရခဲ့ပါဘူး၊ ဒါ့အပြင် နောက် 7 မိနစ်အတွင်း သုံးကြိမ်ထိ ဂိုးပေါက် ခြိမ်းခြောက် ခဲ့ပေမယ့်

မန်ချက်စတာက အာဂျင်တီးနား သားသတ်သမားရဲ့ ဖြတ်ထုတ်မှု၊ စပိန်သားရဲ့ လက်စွမ်းကြောင့် မန်ချက်စတာ ယူနိုက်တက်် တို့ ပေးဂိုး မရှိခဲ့ပါဘူး၊ အန်တိုနီ ကတော့ ဂိုးကံခေဆဲ ဖြစ်ပြီး




44 မိနစ်မှာ သူ့ရဲ့ ကန်ချက်ကို ဂိိုးသမား ပုတ်ထုတ်နိုင်ခဲ့ပြီး အံထွက်လာတဲ့ ဘောလုံးကို ကစားသမားသစ် ဝဂ်ဟော့စ် က ပိတ်သွင်းယူခဲပါတယ်၊ ဝဂ်ဟော့စ် အတွက် မန်ချက်စတာ ယူနိုက်တက် ကစားသမား ဘဝ ပထမဆုံး သွင်းဂိုးလည်း ဖြစ်ပါတယ်။

ပထမပိိုင်းမှာ နှစ်ဂိုးပြတ် ဦးဆောင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ဟာ ဒုတိယပိုင်းမှာလည်း ကောင်းမွန််ပြီး ထူးချွန်ခဲ့ပါတယ်၊ ကြီးမားတဲ့ အခွင့်အရေး ဖန်တီးနိုင်ခြင်းဝောာ့ မရှိခဲ့ပါဘူး၊ အဲရစ်ဆင် ရဲ့ ကန်ချက် တိုင်ထိခဲ့ပြီး ရပ်ရှ်ဖို့ဒ် ရဲ့ ကန်ချက်ကိုလည်း




ပြိုင်ဘက် ဂိုးသမားက ကာကွယ် နိုင်ခဲ့ပါတယ်။ ပွဲပြီးခါနီးမှာတော့ အီလန်ဂါ ရဲ့ ဖန်တီးပေးမှုနဲ့ ဘရူနို က သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒီဂီယာ 7- ဂိုးပြတ် နိုင်သင့်တဲ့ ပွဲမှာ ဂိုးပေါက် ကာကွယ်မှု 4 ကြိမ် လုပ်ဆောင်ခဲ့ပြီး စပိန်သားရဲ့ အကောင်းဆုံး စွမ်းရည်ကို မြင်တွေ့ခဲ့ ရပါတယ်။

ဘစ်ဆာကာ 6- တိုက်စစ်ပိုင်း လိုသလောက် တက်မကူနိုင် ခဲ့ပါဘူး၊ ဘရန်နန် ဂျွန်ဆင် ကို ထိန်းချုပ်ဖို့ အခက်တွေ့ ခဲ့ပါတယ်။ ဒါပေမယ့် ရောင်နီလာဖို့ မျှော်လင့်လို့ ရနေပါပြီ။




လင်ဒီလော့ဖ် 7- သုံးပါတ် အကြာမှာ အသင်း အတွက် ပြန်လည် ပွဲထွက်နိုင်ခဲ့ပြီး ပုံစံကောင်း ပြသနိုင်ခဲ့ သလို ပွဲချိန်ကြာလေ မာတီနက်ဇ် နဲ့ အတွဲမိလေ ဖြစ်ပါတယ်။

မာတီနက်ဇ် 8- အဖွင့်ဂိုးမှာ ပါဝင် ပတ်သက်ခဲ့ပြီး ပေးဂိုး ခွင့်ပြုနိုင်ရတဲ့ ပြိုင်ဘက်ရဲ့ အခွင့်အရေးကို ဖြတ်ထုတ်နိုင်ခဲ့ပြီး တည််ငြိမ်တဲ့ ကစားဟန် ပြသခဲ့ပါတယ်။

မာလာစီယာ 6- ခံစစ်ပိုင်း လျော့တိလျော့ရဲ ဖြစ်ခဲ့ သလို တိုက်စစ် မှာလည်း လုံလောက်စွာ မကူညီနိုင်ခဲ့ပါဘူး။




ကတ်စမဲရိုး 7- ဘောလုံး ထိချက်တွေ ကောင်းမွန်ခဲ့ပြီး အဖွင့်ဂိုး ဖန်တီးပေး ခဲ့သလို ဒုတိယဂိုး မှာလည်း ပါဝင် ပတ်သက် နိုင်ခဲ့ပါတယ်၊ ခြားနားချက်တွေ လုပ်ဆောင် ပေးနိုင်ခဲ့ပါတယ်။

အဲရစ်ဆင် 6- အကောင်းဆုံး ပုံစံ မပြသနိုင်ခဲ့ပါဘူး၊ သူ့ရဲ့ ကန်ချက် တိုင်ထိခဲ့ရတာမှာလည်း နှမျောတသ ဖွယ် ကောင်းလှပါတယ်။

အန်တိုနီ 7- တိုက်စစ်မှာ အမြဲလိုလို active ဖြစ်ခဲ့ပြီး ဂိုးပေါက် ခြိမ်းခြောက် နိုင်ခဲ့ပေမယ့် ဂိုးကံခေမှုက ဝေဖန်သူတွေကို တုန့်ပြန်ဖို့ မျိုသိပ်ထား ရပါဦးမယ်။




ဘရူနို 6- မလိုအပ်တဲ့ အမှား တချို့ကို ကျူးလွန်ခဲ့ပြီး အကောင်းဆုံး ပုံစံ မပြသခဲ့ပါဘူး၊ အသင်းရဲ့ ကစားကွက််မှာ ပါဝင်နိုင်ခဲ့ပြီး သွင်းဂိုး ရယူနိုင်ခဲ့ပါတယ်။

ရပ်ရှ်ဖို့ဒ် 7- တစ်ကိုယ်တော် စွမ်းဆောင်ရည် ပြပြီး အဖွင့်ဂိုး သွင်းယူ နိုင်ခဲ့ပါတယ်၊ အန်တိုနီ နည်းတူ တိုက်စစ်မှာ active ဖြစ်နေခဲ့ပါတယ်၊ ခြေတလှမ်းရဲ့ တန်ကြေးကို ပြသဖို့ ဘယ်သူမှ တားဆီး မရတော့ပါဘူး။




ဝဂ်ဟော့စ် 7- အသင်းရဲ့ ကစားကွက်မှာ ပါဝင် ပတ်သက်နိုင်ကြောင်း ပြသခဲ့ပြီး အန်တိုနီ ရဲ့ ကန်ချက် လျှံထွက်ခဲ့ချိန်မှာ ပထမဆုံ သွင်းဂိုးကို ရယူနိုင်ခဲ့ပါတယ်။ လူစားဝင် ကစားသမားများ- ဂါနာချို 6၊ ဖရက်ဒ် 6၊ ပယ်လီစထရီ 6၊ အီလန်ဂါ 7၊ တို့ပဲ ဖြစ်ပါတယ်။

credit