အဲဗာတန် နည်းပြ ရာထူးအတွက် မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် နှစ်ဦး ခေါ်ယူပေးလျှင် စဉ်းစားမည်ဟု အိုလေ ဆိုလ်ရှား ပြောဆို

မန်နေဂျာ လက်မဲ့ ဖြစ်နေတဲ့ အဲဗာတန် အသင်းဟာ မန်ချက်စတာ ယူနိုက်တက် မန်နေဂျာဟောင်း အိုလေ ဂန်နာ ဆိုးလ်ရှား ကို အသင်းရဲ့ မန်နေဂျာ ရာထူးယူရန် ချဉ်းကပ်ရာမှာ ဆိုးလ်ရှား က အဓိက ကစားသမားသစ်




နှစ်ဦးကို ခေါ်ယူနိုင်ပါက ရာထူးကို လက်ခံစဉ်း စားမည် ဖြစ်ကြောင်း အကြောင်းပြန် ကြားသွားခဲ့ပါတယ်။ အိုလေ ဂန်နာ ဆိုးလ်ရှား ဟာ အဲဗာတန် အသင်းအနေနဲ့ စကော့မက် တွမ်မီနေး နဲ့ ဗဟို ခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယား ကို




အရ ခေါ်ယူပေးမည်ဟု အာမ ခံနိုင်ပါက အဲဗာတန် အသင်းကို တာဝန်ယူဖို့ရာ အတွက် လက်ခံ စဉ်းစားမယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ပါတယ်။ ဆိုးလ်ရှားရဲ့ တောင်းဆိုချက်ကို အဲဗာတန် တာဝန် ရှိသူများက စဉ်းစားနေပြီး




အသက် ၄၉ နှစ်အရွယ်ရ နော်ဝေ လူမျိုး မန်နေဂျာကို ပရီးမီးယားလိဂ်မှာ ပြန်လည် မြင်တွေ့ရဖွယ် ရှိကြောင်း သတင်းများက သုံးသပ် ဖော်ပြခဲ့ပါတယ်၊ အဲဗာတန် အသင်းဟာ လမ်းပတ် ကို ထုတ်ပယ်ပြီး နောက်ပိုင်း




မန်နေဂျာသစ် တစ်ဦး ရှာဖွေနေပြီး ဘီယေဆာ၊ ဆိုးလ်ရှား၊ ရှောင်ဒိုက်ချ် နဲ့ ဟန်ဆယ် ဟတ်တီ တို့က ရေပန်းစားနေပါတယ်။ ဘီယေဆာ က ထိပ်ဆုံးက ရေပန်း အစားဆုံး ဖြစ်ပေမယ့် လက်ရှိ အဲဗာတန် ကစားသမားများက အသင်းရဲ့




ကစားကွက် ကို လိုက်ဖက်‌စွာ ကစားနိုင်ဖို့ အသက်ကြီး လွန်းပြီး နှေးလွန်းနေသည်ဟု အကြောင်းပြကာ ဘီယေဆာ ကို ရာထူး ခန့်အပ်ရန် ငြင်းဆန်နေပြီး၊ အဲဗာတန် အသင်းဟာ နောက်ပိုင်း ဆိုးလ်ရှား နဲ့ ဆွေးနွေးနေပြီ ဖြစ်တဲ့ အကြောင်း




မန်ချက်စတာ ယူနိုက်တက် အသင်းတွင် ဘအိုလေ ဆိုးလ်ရှား လုပ်ပြခဲ့ သည်များကို အဲဗာတန် ဘုတ်အဖွဲ့က ကြိုက်နှစ်သက် လျှက်ရှိကြောင်း ဗြိတိန် သတင်းများက ဖော်ပြသွားခဲ့ပါတယ်။

credit