ပြိုင်ဘက်ရှေ့ ခေါင်းထိုး ဖျက်ထုတ်ခဲ့တဲ့ မာတီနက်ဇ်ကို အံ့အားသင့်ဖွယ် ပြောဆိုလာတဲ့ ရွိုင်ကိန်း

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ရိုင်ကိန်း က ယနေ့နံနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နော်တင်ဟမ် ဖောရက်စ် 0-3 မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ ဂိုး မပေးရဖို့ ပြိုင်ဘက်ရဲ့ ခြေထောက်ထဲ ခေါင်းထိုး ဖျက်ထုတ်ခဲ့တဲ့




မန်ချက်စတာ ယူနိုက်တက် ဗဟိုခံစစ်မှူး မာတီနက်ဇ် ကို အထူးတလည် ချီးကျူး သွားခဲ့ပါတယ်၊ နော်တင်ဟမ် ဖောရက်စ် နဲ့ မန်ချက်စတာ ယူနိုက်တက် ဟာ ကာရာဘောင် ဖလား ဆီမီးဖိုင်နယ် ပထမ အကျော့ အဖြစ် နော်တင်ဟမ် ဖောရက်စ် အိမ်ကွင် စီးတီးဂရောင်းမှာ




ကစားခဲ့ကြတာ ဖြစ်ပါတယ်၊ နှစ်သင်းလုံး အဓိက ကစားသမား အစုံအလင် ထည့်သွင်း အသုံးပြုခဲ့ပြီး ပွဲက အတော်လေး ကြည့်ကောင်းခဲ့ပါတယ်၊ အဆိုပါ ပွဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကစားသမား အင်အားပိုင်း အရ သာလွန်ခဲ့ပြီး ပွဲကိုလည်း ထိန်းချုပ် ကစားနိုင်ခဲ့ပါတယ်။




ဒါပေမယ့် နော်တင်ဟမ် ဖောရက်စ် ကလည်း အိမ်ကွင်း ပရိသတ်အားကို အသုံးပြုပြီး တန်ပြန် တိုက်စစ်တွေနဲ့ မန်ချက်စတာ ယူနိုက်တက် ကို ထိုးနှက်ဖို့ ကြိုးစားခဲ့ပြီး နော်တင်ဟမ် ဖောရက်စ် အနေနဲ့ ချေပဂိုး ပြန်လည် ရရှိဖို့ အတော်လေး နီးစပ်ခဲ့ပါတယ်၊ အထူးသဖြင့်




ပွဲချိန် ၂၅ မိနစ်မှာ နော်တင်ဟမ် ဖောရက်စ် အဓိက တိုက်စစ် ကစားသမား ဂစ်ဘ်ဝှိုက် က ဂိုးဧရိယာထဲမှာ ဂိုးပေါက် ကန်သွင်းခွင့် ရရှိခဲ့ပြီး ဘောလုံးကို ကန်သွင်းတော့မယ့် အချိန်မှာ မာတီနက်ဇ်က ခေါင်းနဲ့ ဘောလုံးကို တိုက်ကာ အနာခံ ဖျက်ထုတ် ခဲ့တာကြောင့်




မန်ချက်စတာ ယူနိုက်တက် အနေနဲ့ သက်သာရာ ရခဲ့တာ ဖြစ်ပါတယ်၊ဒါကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ဟောင်း ရိုင်ကိန်း က မာတီနက်ဇ် ရဲ့ အသင်းအတွက် ပေးဆပ်လိုစိတ် အပြည့်နဲ့ ကစားမှုကို ချီးကျူးလိုက်တာ ဖြစ်ပါတယ်၊ မာတီနက်ဇ် ရဲ့

အနစ်နာခံ ဖျက်ထုတ်မှုနဲ့ ခြေစွမ်းကောင်း တွေကြောင့် နော်တင်ဟမ် ဖောရက်စ် 0-3 မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမား ဆုကိုပါ ရရှိသွားခဲ့ပါတယ်။




ရိုင်ကိန်း က- မာတီနက်ဇ် က ဂစ်ဘ်ဝှိုက် ကို ဂိုးပေါက် ကန်သွင်းခွင့် ပေးလိုက်လို့ ရပေမယ့် ခံစစ်မှူး တဦးရဲ့ ဂုဏ်သိက္ခာ အတွက် ဘောလုံးကို ရအောင် ဖျက်ထုတ် ခဲ့ပါတယ်၊ ဒီအပြုအမူမှာ ဆိုရင် ဘောလုံးကို ခေါင်းထိုးခံ ဖျက်ထုတ်ခဲ့မှုက မာတီနက်ဇ် ရဲ့




စိတ်ဓာတ်ပိုင်း မာကျောမှုနဲ့ ပြင်းပျတဲ့ စိတ်ဓာတ်ကို ကောင်းကောင်းကြီး မြင်ခဲ့ရမှာပါ၊ သူက အသင်းပေါ် ကာကွယ် ပေးချင်စိတ် အပြည့် ရှိတယ်၊ သူက ခင်ဗျားတို့တွေ မျှော်လင့်နေတဲ့ ရဲဘော်ရဲဘက် စိတ်ဓါတ်ရှိတဲ့ကစားသမားမျိုး ဖြစ်တယ် လို့ ချီးကျူး သွားခဲ့တာပဲ ဖြစ်ပါတယ်။

credit