အသင်းသားတွေနဲ့ အတူ မပျော်မရွှင် ဖြစ်ခဲ့ရကြောင်း ရှင်းပြလိုက်ပြီး ပထမဆုံး သွင်းဂိုး ရရှိခြင်းရဲ့ စိတ်ခံစားချက်က ဘယ်လိုရှိသလဲ ထုတ်ပြောလာတဲ့ ဝဂ်ဟော့
|မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ဝဂ်ဟော့စ် က သူနဲ့ အသင်းဖော်တွေဟာ ဖောရက်စ် နဲ့ပွဲမှာ ပထမပိုင်း စွမ််းဆောင်ရည် အပေါ် ကျေနပ်မှု မရှိကြောင်း ဖွင့်ဟ လိုက်ပါတယ်။
မန်ချက်စတာ ယူနိုက်တက် ဟာ ဖောရက်စ် အိမ်ကွင်းမှာ 3-0 နဲ့ ဂိုးပြတ် နိုင်ပွဲ ရခဲ့ပြီး 6 မိနစ်နဲ့ ရပ်ရှ်ဖို့ က ဂိုး သွင်းပြီး ဦးဆောင်နိုင်ခဲ့တာပါ၊ ပထမပိုင်း ပြီးကာနီး ဝဂ်ဟော့စ် က အန်တိုနီ ရဲ့ ကန်ချက် ပြန်ထွက်လာတာကို ပိတ်သွင်းယူ ခဲ့တာ ဖြစ်ပါတယ်။
ပထမပိုင်းမှာ နှစ်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဝဂ်ဟော့စ် က သူနဲ့ အသင်းဖော်တွေက ပထမပိိုင်း စွမ်းဆောင်ရည် အပေါ် မကျေမနပ် ဖြစ်ခဲ့ကြောင်း ဆိုပါတယ်။
ကျွန်တော်တို့ မပျော်ရွှင်ခဲ့ကြဘူး၊ ရလဒ်ပိုင်း အသာစီး ရယူနိုင််ခဲ့ ပေမယ့် ကစားကွက်နဲ့ ပတ်သက်လို့ မပျော်မရွှင် ဖြစ်ရတာပါ၊ ပွဲကို ပိုပြီး ထိန်းချုပ်ချင် ခဲ့ကြတယ်။
ကျွန်တော်တို့ လိုချင်နေခဲ့တာ အဲ့တာပါ၊ ဘောလုံးကို စိတ်ရှိတိုင်း ကိုင် ကစားချင် ကြတာ ဒါကို ဒုတိယပိုင်းမှာ လုပ်နိုင်ခဲ့ ကြတယ်၊ ပွဲကို ထိန်းချုပ်နိုင် ခဲ့ပြီး ပိုကောင်းတဲ့ ရလဒ် ထွက်ခဲ့တယ်။
အခုလို ရလဒ် ထွက်ပေါ်ဖို့ လုပ်နိုင်တာ တကယ့်ကို စပါယ်ရှယ် ပါ၊ ကျွန်တော် အမြဲတမ်း ဂိုးသွင်းချင်တယ်၊ ဘယ်သူမဆို ပထမဆုံး ဂိုးကို အမြန်ဆုံး သွင်ချင်တာပါပဲ၊ ဒီးအတွက်တော့ ပျော်ရွှင်မိတယ်။
တကယ်လည်း အရေးကြီးတဲ့ အခိုက်အတန့် ဖြစ်တယ်၊ အခုတော့ ကောင်းမွန်တဲ့ စိတ်ခံစားချက် ဖြစ် နေပါပြီ လို့ ဝဂ်ဟော့စ် က ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။
credit