ရပ်ရှ်ဖို့ဒ်လို ကစားသမား မန်ချက်စတာ ယူနိုက်တက် မှာ ရှိသေးကြောင်း ထုတ်ပြောလိုက်ပြီး ပြိုင်ဘက် အသင်းတွေ ခြောက်လှန့်လိုက်တဲ့ တန်ဟက်ဂ်

Manchester United နည်းပြ Erik Ten Hag က ရပ်ရှ်ဖိုဒ့် ကို မရပ်တန့် နိုင်တော့ကြောင်း ပြောဆိုလိုပါတယ်၊ ရပ်ဖိုဒ့် ဟာ ယမန်နေ့ ညက ကစားခဲ့တဲ့ ကာရာဘောင် ဖလား ပွဲစဥ်မှာ မန်ချက်စတာ ယူနိုက်တက် အတွက်




သွင်းဂိုး ရယူနိုင်ခဲ့ပြီး နိုင်ပွဲ ရရှိအောင် ကူညီပေး နိုင်ခဲ့ပါတယ်၊ မန်ချက်စဝာာ ယူနိုက်တက် ဟာ ကာရာဘောင် ဖလား မှာ ဆီမီးဖိုင်နယ် အဆင့်ကို ရောက်ရှိနေပြီး ပထမ အကျော့ ပွဲစဉ် အဖြစ် နော်တင်ဟမ် ဖောရက်စ် အိမ်ကွင်းကို သွားရောက် ယှဉ်ပြိုင်




ကစားခဲ့ရပါတယ်၊ ရပ်ဖိုဒ့် ဟာ မန်ချက်စတာ ယူနိုက်တက် အတွက် အဖွင့်ဂိုး ကို တကိုယ်တော် ခြေစွမ်းပြ ထိုးဖောက် ကန်သွင်းခဲ့ပြီ ဗက်ဟော့စ်၊ ဖာနန်ဒက်စ် တို့ရဲ့ ဂိုးတွေက ဒုတိယ အကျော့ အတွက် ဖိအားနည်းပါး စေခဲ့ပါတယ်။ ဒီပွဲ ဂိုးဟာ မားကပ်စ် ရပ်ဖိုဒ့် ကို




နောက်ဆုံး ကစားတဲ့ ၁၀ ပွဲမှာ သွင်းဂိုး ၁၀ ဂိုးထိ ရရှိစေခဲ့ပြီး လက်ရှိ မန်ချက်စတာ ယူနိုက်တက် ရဲ့ ပုံစံ အမှန်ဆုံး ကစားသမား အဖြစ် ရပ်တည် စေနိုင်ခဲ့ပါတယ်၊ ဒီနေ့ ကစားသမား အတော်များများ ပုံစံကောင်း ပြခဲ့ကြပါတယ်၊ ဒါပေမယ့် ကျွန်တော် မားကပ်စ် အတွက်




ပိုပြီး ကျေနပ် ပီတိ ဖြစိမိပါတယ်၊ သူ့ရဲ့ စွမ်းဆောင်မှု အပိုင်းရော၊ ဒီရာသီ တလျောက် တိုးတက်လာမှု အပိုင်းတွေ ရောပေါ့။ လို့ အဲရစ် တန်ဟက်ဂ် က ပွဲအပြီးမှာ ရပ်ရှ်ဖိုဒ့် ချီးကျူုး ပြောဆိုခဲ့ပါတယ်။ Erik က ဒီလို တိုးတက်မှုတွေ ကို အမြဲ အလေးထားပါတယ်။




ရပ်ရှ်ဖိုဒ့် က ဒါနဲ့ ပတ်သက်ပြီး အမြဲတမ်း ရှေ့ဆုံးက ရှိနေခဲ့သူပါ၊ လက်ရှိ သူ့ စိတ်ဓါတ်နဲ့ ခံယူချက် အတိုင်း ဆိုရင် တကယ့်ကို ရပ်တန့်လို့ မရတဲ့ ကစာသမားပါပဲ၊ အသင်း အနေနဲ့ သူ့ကို သင့်တော်တဲ့ အနေအထား ရှိအောင် လုပ်ပေးဖို့သာ လိုအပ်ပါတယ်။




ဘောလုံး ခြေထဲ ရှိနေတဲ့ အချိန်မျိုးမှာ ဘာလုပ်ရမယ် ဆိုတာ အစီအစဉ် ရှိပါတယ်၊ တခါ တလေကျတော့ မားကပ်စ် တို့လို ဘယ်သူမှ မထင်မှတ် ထားတာ လုပ်ပြ နိုင်တဲ့ သူမျိုးတွေ ကျွန်တော်တို့မှာ ရှိပါတယ်၊ ရလဒ် ဘက်က ကြည့်မယ် ဆိုရင် အာဆင်နယ် နဲ့ ပွဲက




ရှုံးနိမ့်မှုကို ကျွန်တော်တို့ ချေဖျက် နိုင်ခဲ့တာ၊ ဒီပွဲစဥ်မှာ မိနစ် ၉၀ စာ ခြေစွမ်းက အိုကေပါတယ်၊ ဒုတိယပိုင်း မတိုင်ခင် နောက်တစ်ဂိုး ရလိုက်တာ တကယ်ကို အရေးပါ ခဲ့တယ်။ လို့ ပြောဆိုသွား ခဲ့တာပဲ ဖြစ်ပါတယ်။

credit