ယူဗင်တပ်စ်၌ ပြသနာ ရှိလာတာကြောင့် မန်ချက်စတာ ယူနိုက်တက် ကို ပြန်လည် ပြောင်းရွှေ့ဖို့ အဲရစ် တန်ဟက်ဂ် နှင့် ဆွေးနွေးရန် အစီအစဉ် ဆွဲနေတဲ့ ပေါ့ဂ်ဘာ
|ရွှေခေတ် ဖြစ်တော့မယ့် နည်းပြ အဲရစ် တန်ဟက်ဂ် ရဲ့ မန်ချက်စတာ ယူနိုက်တက် မှာ ပြန်လာ ကစားချင်နေတဲ့ တစ်ချိန်က စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ဖြစ်ခဲ့တဲ့ ပေါ့ဂ်ဘာ က အိုးလ်ထရက်ဖို့ဒ် ရဲ့ ရီဗော်လူးရှင်မှာ
နောက်တကြိမ် ပါဝင်ဖို့ နည်းပြ အဲရစ် တန်ဟက် နဲ့ ပြောဆို ဆွေးနွေးဖို့ စီစဉ်နေကြောင်း သိရပါတယ်။ ဂျူဗင်တပ်စ် ကွင်းလယ် ကြယ်ပွင့်ဟာ အိုးလေဒီတွေ စာရင်းဇယား အရှုပ်တော်ပုံကြောင့် ရမှတ် ၁၅ မှတ်
လျှော့ချခံခဲ့ ရပြီးနောက် အိုးလ်ထရက်ဖို့ဒ် ကို ပြောင်းဖို့ ဆန္ဒရှိလာတာ ဖြစ်ကြောင်း နာမည်ကြီး သတင်းဌာန များက ဆိုပါတယ်။ စီးရီးအေ ထိပ်သီး အသင်းရဲ့ အခြေအနေမှာ မရေမရာ ဖြစ်နေပြီး ကြယ်ပွင့် ကစားသမားတွေနဲ့
လမ်းခွဲရဖို့ထိ အခြေအနေ ဖြစ်လာခဲ့ကာ စီးရီးအေ ကလပ်အသင်းရဲ့ အပြောင်းအရွှေ့ သဘော တူညီမှုတွေကို စုံစမ်းစစ်ဆေး မှုတွေ ပြုလုပ် ခဲ့ပြီးနောက် ရမှတ်လျှော့ ပြစ်ဒဏ် ချမှတ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။
၂၀၀၆ ခုနှစ် ကလည်း လုပ်ပွဲ အရှုပ်တော်ပုံမှာ ပါဝင်ပတ်သက် ခဲ့ဖူးတဲ့ အတွက် စီးရီးဘီ ကို တန်းဆင်းခဲ့ရ ဖူးပါသေးတယ်၊ အသက် ၂၉ နှစ်အရွယ် ပေါ့ဂ်ဘာဟာ မန်ချက်စတာ ယူနိုက်တက် နဲ့ စာချုပ်သက်တမ်း
ကုန်ဆုံးပြီး နောက်ပိုင်း ဂျူဗင်တပ်စ် ကို ပြောင်းရွှေ့ခဲ့တာပါ၊ အများစုက ပြင်သစ် ကွင်းလယ် ကစားသမားဟာ အိုးလ်ထရက်ဖို့ဒ် မှာ ဆက်လက် နေချင်ခဲ့တယ်လို့ ထင်မြင်ခဲ့ကြတာ ဖြစ်ပါတယ်။
credit