အီလန်ဂါကို ဘွန်ဒက်လီဂါ ထိပ်သီး ကလပ်ထံ ရွှေ့ပြောင်း ကစားဖို့ သဘောတူ ခွင့်ပြုလိုက်ပြီ ဖြစ်တဲ့ တန်ဟက်ဂ်

မန်ချက်စတာ ယူနိုက်တက် နည်းပြ ချုပ် အဲရစ် တန်ဟက်ဂ် ဟာ လူငယ်ကြယ်ပွင့် အီလန်ဂါ ကို ဘွန်ဒက်လီဂါ ကလပ် ဒေါ့မွန် အသင်းကို ရာသီဝက် အငှားနဲ့ စေလွှတ်ဖို့ ခေါင်းညိတ် လိုက်ကြောင်း သတင်းရင်းမြစ်များ က ဖော်ပြခဲ့ ကြပါတယ်၊ အသက် ၂၀ အရွယ်




ဆွီဒင် လက်ရွေးစင်ဟာ မန်ချက်စတာ ယူနိုက်တက် အကယ်ဒမီက ထွက်ပေါ်လာတဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး ဘယ်, ညာ တောင်ပံ နှစ်ဖက်လုံး ကစားနိုင်သူ ဖြစ်ပါတယ်၊ ဆွီဒင်သားဟာ လက်ရွေးစင် အသင်း အတွက် ၉ ပွဲ ပါဝင် ကစားပေးထားပြီး




သွင်းဂိုး တစ်ဂိုး သွင်းယူထား နိုင်ခဲ့ပါတယ်၊ အီလန်ဂါ ဟာ အရည်အသွေး ပြည့်ဝတဲ့ တောင်ပံ ကစားသမား တဦး ဖြစ်သလို လျင်မြန်မှုလည်း ရှိပြီး တဦးချင်း ဖြတ်ကျော်မှု တွေလည်း လုပ်ဆောင် နိုင်ပေမယ့် မန်ချက်စတာ ယူနိုက်တက် မှာ ရပ်ရှ်ဖို့ဒ်




အန်တိုနီ၊ ဆန်ချို၊ ဂါနာချို တို့လို အရည်အသွေးမြင့် တောင်ပံ တိုက်စစ် ကစားသမားတွေ ရှိနေတာကြောင့် ပုံမှန် ပွဲ ကစားခွင့် ရဖို့ ရုန်းကန်နေရပြီး ဒါကြောင့် ဒေါ့မွန် အပါအဝင် ဥရောပရဲ့ နာမည်ကြီး ကလပ် တချို့ဟာ အီလန်ဂါ ကို ရာသီဝက်




အငှားနဲ့ ခေါ်ယူဖို့ အတွက် စုံစမ်းမှုတွေ ပြုလုပ်ထား ကြပြီး မန်ချက်စတာ ယူနိုက်တက် က ရပ်ရှ်ဖို့ဒ်၊ အန်တိုနီ၊ ဆန်ချို၊ ဂါနာချို၊ ပယ်လစ္စထရီ တိုကို ပိုင်ဆိုင်ထားတာကြောင့် အီလန်ဂါ ကို ပွဲထွက်ခွင့် ရနိုင်မယ့် အသင်း တသင်းဆီ အငှားချဖို့ အစီစဉ် ရှိလာတာ ဖြစ်ပါတယ်။




နာမည်ကြီး သတင်းထောက် အော့ဒန်ရဲ့ ဖော်ပြချက် အရ မန်ချက်စတာ ယူနိုက်တက် နည်းပြချုပ် အဲရစ် တန်ဟက်ဂ် ဟာ ယနေ့မှာပဲ အီလန်ဂါ ကို အငှားချဖို့ အသင်းရဲ့ ဘုတ်အဖွဲ့ကို မီးစိမ်းပြ ခွင့်ပြုလိုက်ပြီး ဒေါ့မွန် အသင်းကို အငှားချဖို့




ပြင်ဆင်နေကြောင်း သိရပါတယ်၊ အီလန်ဂါ ဟာ မန်ချက်စတာ ယူနိုက်တက် အတွက် စုစုပေါင်း ၄၈ ပွဲ ပါဝင် ကစားပေးထားပြီး သွင်းဂိုး ၄ ဂိုး သွင်းယူ ထားနိုင်ကာ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ထား နိုင်ပါခဲ့တယ်။

credit