ဈေးကွက် မပိတ်သိမ်းမီ တတိယမြောက် ခေါ်ယူမှု အဖြစ် ရီးရဲလ်ဘတ်တစ် တိုက်စစ်မှူးကို ပစ်မှတ် ထားလာတဲ့ တန်ဟက်ဂ်

မန်ချက်စတာ ယူနိုက်တက် နည်းပြချုပ် အဲရစ် တန်ဟက်ဂ် ဟာ တတိယမြောက် ခေါ်ယူမှု အဖြစ် တိုက်စစ်မှူး တဦးကို ထပ်မံ ခေါ်ယူသွားမှာ ဖြစ်ကြောင်း သိရပါတယ်၊ ဇန်နဝါရီ အပြောင်းအရွေ့ စျေးကွက်ဟာ




မကြာခင်မှာ ပြီးဆုံးတော့မှာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယခု စျေးကွက် အတွင်း ဂိုးသမား ဘတ်လန်း နဲ့ တိုက်စစ်မှူး အဖြစ် ဝဂ်ဟော့စ် ကို အငှါးနဲ့ ခေါ်ယူထား ခဲ့ပြီး ဖြစ်ပါတယ်။




ဂလေဇာမိသားစုဟာ အသင်းကို ရောင်းချဖို့ ပြင်ဆင်နေပြီး ဘုတ်အဖွဲ့ အနေနဲ့ ဆောင်းစျေးကွက်မှာ ပိုက်ဆံသုံးဖို့ မရှိတာကြောင့် နည်းပြ အဲရစ် တန်ဟက်ဂ် က ကစားသမားသစ် ခေါ်ယူရေးမှာ အငှါးနဲ့သာ ဖြည့်တင်းနေရပြီး




ကစားသမားသစ် နှစ်ဦးကို ခေါ်ယူခဲ့ပြီးနောက် ယခုအခါ တိုက်စစ်ပိုင်း ထပ်မံ အင်အား ဖြည့်တင်းဖို့ အသက် 30 အရွယ် စပိန်လူမျိူး တိုက်စစ်မှူး Iglesias ကို ရီးရဲလ်ဘက်တစ်မှ အဌားနဲ့ ခေါ်ယူဖို့





ကြိုးစားနေကြောင်း နာမည်ကြီး သတင်းဌာန များက အတည်ပြု ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။ Iglesias ဟာ 2019 ခုနှစ်က အက်စပန်ညို ကနေ ရီးရဲလ်ဘက်တစ် အသင်းကို ပြောင်းရွေ့ခဲ့တာ ဖြစ်ပြီး




ဒီရာသီ ရီးရဲလ်ဘတ်တစ် အသင်း အတွက် ပြိုင်ပွဲစုံ ၁၅ ပွဲ ကစားထားကာ ၈ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်နိုင် ခဲ့ပါတယ်။ အဲရစ် တန်က်ဂ် အနေနဲ့ တိုက်စစ်မှူး ဝဂ်ဟော့ ကို အငှါးနဲ့ ခေါ်ယူထား ခဲ့ပေမယ့်

မာရှယ် ဒဏ်ရာ ပြဿနာ ကြုံတွေ့ နေရမှုကြောင့် တိုက်စစ်မှူး တစ်ဦး မဖြစ်မနေ လိုအပ်လာတာ ဖြစ်ပါတယ်၊ ရီးရဲလ်ဘက်တစ် ကြယ်ပွင့်ဟာ မန်ချက်စတာ ယူနိုက်တက် အတွက်

အထောက်အကူ ပြုနိုင်တဲ့ ကစားသမား ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ဒီစျေးကွက်မှာ ရေတို အတွက် ခေါ်ယူဖို့ အသင့်တော်ဆုံး ဖြစ်နေပါတယ်။

credit