အသင်းဟောင်းနဲ့ ရင်ဆိုင်ရမယ့် ပွဲမှာ ကြယ်တစ်ပွင့်ကို ထည့်သွင်း အသုံးမပြုဖို့ မန်ချက်စတာ ယူနိုက်တက် ကို တောင်းဆိုလိုက်တဲ့ ရီးဒင်း နည်းပြ ပေါအင့်
|မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း တဦး ဖြစ်ပြီး လက်ရှိ ချန်ပီယံရှစ် ကလပ် ရီးဒင်း ကို တာဝန်ယူ ကိုင်တွယ်နေတဲ့ ပေါအင့် က ယနေ့ည မန်ချက်စတာ ယူနိုက်တက် နဲ့ ယှဉ်ပြိုင် ကစားမယ့်
အက်ဖ်အေ ဖလား ပွဲစဥ်မှာ ထူးရှယ် ခြေစွမ်းကောင်းတွေ ပြသလျှက် ရှိတဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး မားကပ်စ် ရပ်ရှ်ဖို့ဒ် ကို အရန်ခုံမှာ မြင်တွေ့ရဖို့ မျှော်လင့်ကြောင်း ထုတ်ဖော် ပြောဆိုလိုက် ပါတယ်။
မန်ချက်စတာ ယူနိုက်တက် နဲ့ ရီးဒင်း အသင်းဟာ အက်ဖ်အေ ဖလား ၃၂ သင်း အဆင့် ပွဲစဉ် အဖြစ် ယနေ့ည ၂ နာရီခွဲ မှာ အိုးလ်ထရက်ဖို့ဒ် မှာ ယှဉ်ပြိုင် ကစားကြဖို့ ရှိနေပြီး အဆိုပါ ပွဲစဥ်မှာ အိမ်ရှင် မန်ချက်စတာ ယူနိုက်တက် က
အနိုင် ရလဒ်ကို ရယူနိုင်ဖို့ အခွင့်အလမ်း များပြားနေတာလည်း ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၀ ပွဲမှာ ၈ ပွဲ နိုင် ၁ ပွဲ သရေ ၁ ပွဲရှုံး နဲ့ ရလဒ်ကောင်း ပိုင်ဆိုင်ထားပြီး ပေါအင့် ရဲ့
ရီးဒင်း အသင်းက နောက်ဆုံး ကစားခဲ့တဲ့ ၁၀ ပွဲ မှာ ၄ ပွဲ နိုင် ၂ ပွဲ သရေ ၄ ပွဲ ရှုံးထားပြီး ကစားသမား အင်အားပိုင်း အရလည်း ကွာခြားလွန်း တာကြောင့် ရီဒင်း ဟာ အဝေးကွင်းမှာ မန်ချက်စတာ ယူနိုက်တက် ကို ယှဉ်ကစားနိုင်ဖို့
မလွယ်မကူ ဖြစ်ရချေ ရှိနေပါတယ်၊ ဒါပေမယ့် ပေါအင့် က အသင်းဟောင်းနဲ့ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်မှာ ခြေစွမ်း အတက် ကြမ်းနေတဲ့ ရပ်ရှ်ဖို့ဒ် ကို အရန်ခုံမှာ မြင်တွေ့လိုကြောင်း၊ မားကပ်စိ ရပ်ရှ်ဖို့ဒ် လို ကစားသမား မျိုးကို ရပ်တန့်ဖို့ သူတို့အနေနဲ့ ခက်ခဲလွန်းကြောင်း ဆိုခဲ့တာပဲ ဖြစ်ပါတယ်။
credit