ပီအက်စ်ဂျီ ပစ်မှတ် အင်တာမီလန် စတားကို ကြားဖြတ် ခေါ်ယူဖို့ ကစားသမားနှင့် သဘောတူညီမှု ရရန် အရှိန်မြှင့် ကြိုးစားနေတဲ့ မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီ အသင်းရဲ့ အဓိက ပစ်မှတ် အင်တာမီလန် ဗဟိုခံစစ်မှူး ရှကရီညာ ကို ကြားဖြတ် ခေါ်ယူဖို့ အရှိန်မြှင့် ကြိုးပမ်း နေကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာန L’equipe က ဖော်ပြ သွားခဲ့ပါတယ်။





၂၇ နှစ်အရွယ် ရှကရီညာ ဟာ အင်တာမီလန် ရဲ့ မရှိမဖြစ် ဗဟိုခံစစ်မှူး ဖြစ်ပြီး လက်ရှိ အီတလီ စီးရီးအေ ရဲ့ အကောင်းဆုံး ဗဟို နောက်ခံလူတွေ ထဲက တဦးလည်း ဖြစ်ပါတယ်၊ ရှကရီညာ နဲ့ အင်တာမီလန် ရဲ့ ကြာမှာ ရှိနေတဲ့ စာချုပ်ဟာ ၅ လကျော်သာ ကျန်ရှိတော့ပြီး




အင်တာမီလန် က သူတို့ အသင်းရဲ့ အဓိက နောက်ခံလူ ရှကရီညာ ကို စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် ရှကရီညာ က သူ့ကို ပြီးခဲ့တဲ့ နွေဈေးကွက်မှာ ထဲက ပီအက်စ်ဂျီထံ ရောင်းချဖို့ ကြိုးစားခဲ့တဲ့ အင်တာမီလန် ကို စာချုပ်သစ် မချုပ်လိုပဲ




အသင်းသစ် တသင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပြီး လက်ရှိမှာတော့ ပီအက်စ်ဂျီ က ရှကရီညာ ကို ခေါ်ယူဖို့ အတွက် ဆွေးနွေးမှုတွေ တောက်လျှောက် ပြုလုပ်ထားပြီး ပီအက်စ်ဂျီ က ရှကရီညာ အတွက် ကနဦး ပြောင်းရွှေ့ကြေး ယူရို ၁၀ သန်း +




အပိုဆုကြေး ယူရို ၅ သန်းနဲ့ တရားဝင် ကမ်းလှမ်းမှု တခု ပြုလုပ်ထား သလို ရှကရီညာ ရဲ့ အေးဂျင့်နဲ့လည်း တွေ့ဆုံကာ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်၊ နာမည်ကြီး ပြင်သစ် သတင်းဌာန L’equipe ရဲ့ ဖော်ပြချက် အရ ပီအက်စ်ဂျီ ဟာ ရှကရီညာ နဲ့ ပုဂ္ဂိုလ်ရေး




သဘောတူညီမှု ရယူနိုင်ဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်း နေပေမယ့် အခုချိန်ထိ သဘောတူညီမှု မရသေးပဲ မန်ချက်စတာ ယူနိုက်တက် ကတော့ ရှကရီညာ ကို ပီအက်စ်ဂျီ အသင်းထက် ပိုမို မြင့်မားတဲ့ လုပ်ခလစာ ၊အပြင် ပိုမို မြင့်မားတဲ့ ခံစားခွင့်နဲ့ စတင် ကမ်းလှမ်းလာပြီး




ရှကရီညာ ဘက်က မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံ စဉ်းစားနေကြောင်း သိရပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဟာ ဗာရန်း၊ မာတီနက်ဇ်၊ လင်ဒီလော့ဖ် နဲ့ မက်ဂွိုင်းယား တို့လို ဗဟို ခံစစ်မှူးတွေကို ပိုင်ဆိုင်ထား ပေမယ့်




မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က လာမယ့် နွေဈေးကွက်မှာ မက်ဂွိုင်းယား ကို အသင်းပြောင်းခွင့် ပေးဖို့ စဉ်းစားထား တာကြောင့် မက်ဂွိုင်းယားရဲ့ နေရာကို ရှကရီညာ နဲ့ အစားထိုးချင်နေတာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် က

ရှကရီညာ ကို ယခု ဆောင်း ဈေးကွက်မှာ ခေါ်ယူဖို့ထက် ပုဂ္ဂိုလ်ရေး အရ အကြို သဘောတူညီမှု ရယူပြီး ရာသီကုန်မှာ အလွတ်နဲ့ ခေါ်ယူဖို့ စီစဉ်နေကြောင်း မန်ချက်စတာ ယူနိုက်တက် နဲ့ နီးစပ်တဲ့ အေးဂျင့် တချို့က အတည်ပြု ပြောကြား ထားပါတယ်။

credit