နည်းပြ အဲရစ် တန်ဟက်ဂ် ရဲ့ စာချုပ်မှာ ဆာအဲလက်စ် သတ်မှတ်ထားတဲ့ စည်းမျဉ်းကို ချိုးဖောက်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အဲရစ် တန်ဟက်ဂ် ကို သုံးနှစ် စာချုပ် ပေးအပ်ခဲ့တဲ့ အချိန်မှာ ဆာအဲလက်စ် ဖာဂူဆန် ရဲ့ အကြီးမားဆုံး စည်းမျဉ်း တွေထဲက တစ်ခုကို ချိုးဖောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဟာ လပေါင်းများစွာ ကောလာဟလ ထွက်ပေါ်ခဲ့ပြီး နောက်ပိုင်း




၂၀၂၂ ခုနှစ် ဧပြီလ ၂၁ ရက်နေ့မှာ အဲရစ် တန်ဟက်ဂ် ကို နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် ဟာ အိုင်းယက်စ် နည်းပြဟောင်းကို တစ်နှစ် ပေါင် ၉ သန်းနဲ့ စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ အဲရစ် တန်ဟက်ဂ် ကို ဒီလို စာချုပ် ကမ်းလှမ်းဖို့ ဆုံးဖြတ် ခဲ့တာကြောင့်




မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် အများအပြားဟာ နည်းပြထက် လစာ ပိုမို ရရှိနေမှာ ဖြစ်တယ် ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပြီး တကယ်တော့ စုစုပေါင်း ကစားသမား ၈ ဦးက ဒတ်ချ် လူမျိုး နည်းပြထက် လစာ ပိုမို ရရှိနေတယ်လို့ Spotrac က ဖော်ပြ သွားခဲ့တာ ဖြစ်ပါတယ်။ ဆန်ချို နဲ့ ဒီဂီယာ ဟာ




တစ်နှစ် လုပ်ခ လစာ ပေါင် ၁၉.၅ သန်း အထိ ရရှိ နေတာကြောင့် နည်းပြ အဲရစ် တန်ဟက်ဂ် ထက် လစာ ၂ ဆကျော် ပိုမို များပြားနေပြီး ဗာရန်း က ပေါင် ၁၇.၇ သန်း၊ ကတ်စမဲရိုး က ပေါင် ၁၅.၆ သန်း၊ မာစီယယ်လ် က ပေါင် ၁၃ သန်း တို့ဟာ နည်းပြထက် လစာ ပမာဏ




ပိုမို ရရှိနေတာ ဖြစ်ပါတယ်၊ အဲရစ် တန်ဟက်ဂ် ထက် လစာ ပမာဏ ပိုမို ရရှိနေတဲ့ နောက်ထပ် ကစားသမား ၃ ဦးကတော့ ဘရူနို ဖာနန်ဒက်စ် ပေါင် ၁၂.၅ သန်း၊ အန်တိုနီ ပေါင် ၁၀.၄ သန်း နဲ့ အကယ်ဒမီထွက် မားကပ်စ် ရပ်ရှ်ဖို့ဒ် က ပေါင် ၁၀.၄ သန်း ဖြစ်ပါတယ်၊ ဆာအဲလက်စ် လက်ထက်က




ကစားသမားတွေကို အသင်းထက် ပိုမို ကြီးမားတယ်လို့ မထင်အောင် စည်းမျဉ်း တစ်ခုကို ချမှတ် ခဲ့ဖူးတာ ဖြစ်ပါတယ်။ ဒီစည်းမျဉ်းက နည်းပြထက် ကစားသမားတွေ ဟာ လစာ ပိုမိုများပြားခြင်း မရှိရဘူး ဆိုတဲ့ စည်းမျဉ်း ဖြစ်ပြီး ၂၀၁၅ ခုနှစ်က ၎င်းရဲ့ Leading လို့ အမည်ရတဲ့




စာအုပ်ထဲမှာ ဆာအဲလက်စ် က ဝိန်း ရွန်းနီ က ကျွန်တော် ရနေတဲ့ လစာ ပမာဏထက် ၂ ဆလောက် ရရှိသင့်တယ် ဆိုတာက မျှတတယ်လို့ မထင်ဘူးလို့ သူတို့ကို ကျွန်တော် ပြောခဲ့တယ်၊ ဂျိုရယ် ဂလေဇာ က ကျွန်တော် လုံးဝ သဘောတူပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ ဘာလုပ်သင့်လဲ လို့ ပြန်ပြောခဲ့တယ်၊ ဒါက ရိုးရှင်းပါတယ်၊ ကျွန်တော်တို့




ဘယ် ကစားသမားကမှ ကျွန်တော့်ထက် လစာ ပိုမရသင့်ဘူးလို့ သဘောတူညီခဲ့ ကြပါတယ်။ လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်၊ ဆာအဲလက်စ် ဟာ ၎င်းရဲ့ စံနှုန်းအတိုင်း ဖြစ်အောင် ဝိန်းကို ၂၀၁၀ ခုနှစ်တုန်းက တစ်ပတ်လုပ်ခ လစာ ပေါင် ၂၅၀၀၀၀ နဲ့ စာချုပ်သစ် ချုပ်ဆိုချိန်မှာ ၎င်းရဲ့လစာကို ပိုမို မြင့်မားအောင် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

credit