ထောင်ထွက် တောင်တက်လာပြီး တားဆီးမရအောင် ဂိုးသွင်းလိုစိတ် ပြင်းထန်လွန်းလာတဲ့ မန်ယူ “မန်ချက်စတာ ယူနိုက်တက် 3-1 ရီဒင်း ပွဲပြီး သုံးသပ်ချက်”

ပရီးမီးယားလိဂ်မှာ ခြေစွမ်းပိုင်း ဦးမော့ ထောက်တက်စ ပြုလာတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ချန်ပီယံရှစ် ကလပ် ရီဒင်း အသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့တဲ့ အက်ဖ်အေ ဖလား စတုတ္တအဆင့် ပွဲစဉ် အဖြစ်




မန်ချက်စတာ ယူနိုက်တက် အသင်း အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ် မှာ ရီဒင်းကို ကတ်စမဲရိုး ရဲ့ အရည်အသွေး မြင့်မားတဲ့ ထိပ်တန်း စွမ်းဆောင်ရည်တွေနဲ့ အတူ နိုင်ပွဲ ရရှိသွား ခဲ့ပါတယ်။ ပြည်တွင်းဖလား ပြိုင်ပွဲ တစ်ခု ဖြစ်တဲ့ ကာရာဘောင်




ဖလား ပြိုင်ပွဲမှာ ဆီးမီးဖိုင်နယ် အဆင့်ထိ တက်ရောက်လာပြီး ပထမ အကျော့မှာ အနိုင် ကစားထားနိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ဟာ အက်ဖ်အေ ဖလား ပြိုင်ပွဲမှာပါ အာရုံစိုက် လာတာကို မြင်ခဲ့ရပါတယ်။




မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပွဲထွက် လူစားရင်းကို အဲရစ် တန်ဟက်ဂ် က အဓိက ကစားသမား အများစုကို ပါဝင် ကစားစေခဲ့ပါတယ်၊ ရီဒင်း အသင်းရဲ့ ကစားပုံကလည်း အတော်လေး ကောင်းမွန်ခဲ့ပြီး အထူးသဖြင့် ပထမပိုင်း ပွဲကစားချိန် အတွင်းမှာ




မန်ချက်စတာ ယူနိုက်တက် တိုက်စစ်ကို ဂိုး မပေးရရန် ထိန်း ကစားနိုင်ခဲ့ပြီး ယူနိုက်တက်တိုက်စစ် ရပ်ရှ်ဖို့ဒ်၊ ဝက်ဂ်ဟော့စ်၊ အန်တိုနီ တို့ အတွက် အတော်လေး ခက်ခဲစေခဲ့ပြီး ရပ်ရှ်ဖို့ဒ် သွင်းဂိုး တစ်ဂိုး သွင်းခဲ့သေးပေမယ့် ကွင်းလယ် ဒိုင်လူကြီးက




လူကျွံဘော အဖြစ် သတ်မှတ် ခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက် တို့ ဦးဆောင် ကစားခွင့် ဆုံးရှုံးခဲ့ရပြီး ဒုတိယပိုင်း ပွဲကစားချိန် အရောက်မှ မန်ချက်စတာ ယူနိုက်တက် က တိုက်စစ်ပိုင်း မြှင့်တင် လာခဲ့သလို ဖိအားပေး ကစားလာခဲ့ပြီး ပွဲကစားချိန် ၅၄ မိနစ်မှာပဲ




အန်တိုနီ ရဲ့ အကွက်မြင် သေသပ်တဲ့ ဖန်တီးမှုနဲ့ ကတ်စမဲရိုး က ဦးဆောင်ဂိုး သွင်းယူ ပေးခဲ့ပြီး မကြာမီမှာပဲ ပွဲ ကစားချိန် ၅၈ မိနစ် အရောက်မှာ ကွင်းလယ်မှာ ခြေစွမ်းပြ ကစားနေတဲ့ ကတ်စမဲရိုး ကပဲ ကိုက် ၃၀ အကွာ ကနေ လှပတဲ့ အဝေးကန်ချက်




သွင်းဂိုးနဲ့ အတူ ထပ်မံ သွင်းယူခဲ့ပြန်ပါတယ်၊ ဒါ့အပြင် တတိယမြောက် သွင်းဂိုးကို ဖာနန်ဒက်စ် ရဲ့ ဖန်တီးမှု ကနေ လူစားဝင် ကစားသမား ဖရက် က သွင်းယူပေး ခဲ့ ပြန်ပြီး မန်ချက်စတာ ယူနိုတက်တက် တို့ ရီဒင်း ကို 3-1 ရလဒ်နဲ့ အနိုင် ကစားနိုင်ခဲ့ တာကြောင့်




ယခုဆို အက်ဖ်အေ ဖလား ပဥ္စမ အဆင့်ကို တက်လှမ်းသွား နိုင်ခဲ့ပြီ ဖြစ်ပါတယ်၊ လာမယ့် ပွဲစဉ်မှာတော့ ကာရာဘောင် ဖလား ဆီးမီးဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ် အဖြစ် နော်တင်ဟမ် ဖောရက်စ် အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားသွားရမှာပဲ ဖြစ်ပါတယ်။

credit