ရီဒင်းကို 3-1 နဲ့ အနိုင်ရပြီးနောက် အဲရစ် တန်ဟက်ဂ် ကို ပြင်းပြင်းထန်ထန် သတိပေးလိုက်တဲ့ ဟယ်ရီ မက်ဂွိုင်းယား

မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ဖြစ်သူ ဟယ်ရီ မက်ဂွိုင်းယား က စနေနေ့ ညက ရီဒင်း ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်ရဲ့ ပွဲထွက် လူစာရင်းမှာ ပြန်လည် ပါဝင်ခဲ့ပြီးနောက် အိုးလ်ထရက်ဖို့ဒ်မှာ အနည်းအကျဉ်းသာ




ပါဝင် ကစားရတဲ့ အခန်းကဏ္ဍက အသားမကျချင်တဲ့ အရာ ဖြစ်တယ်လို့ အဲရစ် တန်ဟက်ဂ် ကိုသတိပေး ပြောဆို လိုက်ပါတယ်၊ အင်္ဂလန် နောက်ခံလူဟာ ရီဒင်းကို 3-1 နဲ့ အနိုင် ရရှိခဲ့တဲ့ ပွဲစဉ်မှာ ပွဲထွက် ပါဝင် ကစားပေးခဲ့တာ ဖြစ်ပြီး




အသင်းတွက် ကတ်စမဲရိုး က 2 ဂိုး၊ ဖရက်ဒ် က တစ်ဂိုး သွင်းယူ ပေးခဲ့ကြတာ ဖြစ်ပါတယ်၊ ဟယ်ရီ မက်ဂွိုင်းယား အတွက် အလုပ်များတဲ့ ည တစ်ည မဟုတ်ခဲ့ဘဲ အထူးသဖြင့် ရီဒင်း တိုက်စစ်မှူး အန်ဒီ ကာရိုးလ် က




ဒုတိယပိုင်းမှာ ထုတ်ပယ်ခြင်း ခံခဲ့ရပြီး နောက်ပိုင်းမှာ ချန်ပီယံရှစ် အသင်းက နှစ်သိမ့်ဂိုး ရရှိသွားခဲ့တာ ဖြစ်ပါတယ်၊ မက်ဂွိုင်းယား ဟာ လူစာရင်းထဲမှာ ဗာရမ်း၊ မာတီနက်ဇ် နဲ့ လင်ဒီလော့ဖ် တို့ ရှိနေတာကြောင့် ဗဟို ခံစစ်နေရာ အတွက်




ယှဉ်ပြိုင်မှု အများအပြား ရှိနေတာ ဖြစ်ပေမယ့် အင်္ဂလန်သား နောက်ခံလူက ဘယ်လို ကစားသမားမျိုးရဲ့ အရန် ကစားသမား အဖြစ် ကစားရတဲ့ အခန်းကဏ္ဍကိုမှ လက်မခံချင်ဘူးလို့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဟယ်ရီ မက်ဂွိုင်းယား က-




ကျွန်တော် ကစားသမား တစ်ယောက်ပါ၊ အသက် ၂၉ နှစ် ရှိပြီ၊ ကျွန်တော့် ကစားသမား ဘဝမှာ ဒီလို နေရာမမျိုးမှာ ဘယ်တုန်းကမှ ရှိမနေခဲ့ဖူးပါဘူး၊ အဲဒီတော့ဗျာ ဒီနေရာမျိုးက ကျွန်တော် အကျွမ်းတဝင် မရှိချင်တဲ့ နေရာ ဖြစ်တယ်။

ဒီလို နေရာက မဖြစ်သင့်ဘူးလေ။ ဒါပေမယ့် ဒါက ဘောလုံးရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်တာကြောင့် ကျွန်တော် အခုတော့ ပြင်းပြင်းထန်ထန် အလုပ် လုပ်‌နေတယ်၊ ကျွန်တော့ကိုယ် ကျွန်တော် ပြန် တွန်းအား ပေးတယ်။




ကောင်းကောင်း လေ့ကျင့်တယ်။ ကျွန်တော့်ရဲ့ အခွင့်အရေး ရောက်လာတဲ့ အချိန် အဲဒါကို ရယူသွားမယ်၊ ဒီ အသင်းမှာ နေရာ တခု အတွက် ယှဉ်ပြိုင်မှု လိုအပ်တယ် ဆိုတာ ကျွန်တော် သိပါတယ်။

ကျွန်တော်တို့ ဒီအသင်းမှာ ထိပ်တန်း ဗဟိုခံစစ် ကစားသမား အချို့ ရှိပါတယ်၊ ဒါပေမယ့် ကျွန်တော်နဲ့ သင့်တော်တဲ့ နေရာက ဒီလို နေရာ မဟုတ်ပါဘူး။ လို့ နည်းပြ အဲရစ် တန်ဟက်ဂ် ကို သတိပေး ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

credit