မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် ကစားသမား လေးဦးကို အယ်နာဆာ သို့ ပြောင်းရွှေ့လာရန် ရော်နယ်ဒို ‌တိုက်တွန်း ပြောဆို

မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ယမန်နှစ် ဘောလုံးရာသီက သွင်းဂိုး အများဆုံး သွင်းယူပေး ထားခဲ့တဲ့ ပေါ်တူဂီ ကြယ်ပွင့် အနေဖြင့် ပီးယားစ် မော်ဂန် နဲ့ ပြုလုပ်တဲ့ အင်တာဗျူး အစီအစဉ် အတွင်း




မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အတွင်းရေး အချက်အလက် အချို့ကို ဖော်ထုတ် ပြောဆိုခဲ့မှုကြောင့် အိုးလ်ထရက်ဖို့ဒ် အခြေစိုက် ကလပ်ရဲ့ ထုတ်ပယ်ခြင်စ ခံခဲ့ရတဲ့ ရော်နယ်ဒို ဟာဆော်ဒီလိဂ် ကလပ် အယ်နာဆာ အသင်းမှာ




မြင့်မားတဲ့ လုပ်ခ နှုန်းထားနဲ့ အတူ ပြောင်းရွှေ့ ကစားနေ လျှက်ရှိပြီး မန်ချက်စတာ ယူနိုက်တက် အသင်းဖော် ကစားသမား ၄ ဦး အနေနဲ့ ပြောင်းရွှေ့လာသင့်ကြောင်း အယ်နာဆာ အသင်းမှာ လာရောက် ကစားဖို့ ဖိတ်ခေါ်လိုက်ပါတယ်။




ရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွင်း ပေါ်တူဂီ အသင်းနဲ့ အတူ ကွာတားဖိုင်နယ် အဆင့်မှ လှည့် ပြန်ခဲ့ရ အပြီးမှာ အယ်နာဆာ အသင်းမှာ ကစားပေးဖို့ သဘောတူညီမှု ရယူခဲ့တာ ဖြစ်ပြီး မန်ချက်စတာ မြို့က




နေအိမ်မှ ဇိမ်ခံကား အပါအဝင် အသုံးအဆောင် ပစ္စည်းတွေကိုပါ လစ္စဘွန်း မြို့မှာ ဝယ်ယူထားတဲ့ အိမ်အသစ်ကို ပြောင်းရွှေ့ထား ခဲ့တာလည်း ဖြစ်ပါတယ်၊ သတင်းရင်းမြစ် အချို့ရဲ့ ဖော်ပြချက်မှာ အသက် ၃၇ နှစ်အရွယ်




ပေါ်တူဂီ ဝါရင့် တိုက်စစ်မှုးက မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဓိက ထိပ်တန်း ကစားသမားတွေ ဖြစ်တဲ့ ဖာနန်ဒက်စ်၊ ကတ်စမဲရိုး၊ ရာဖေးလ် ဗာရန်စ၊ ဟယ်ရီ မက်ဂွိုင်းယား တို့ ၄ ဦးကို ဆော်ဒီ ကလပ်




အယ်နာဆာ အသင်းမှာ လာရောက် ကစားကြရန် Whatsapp မှ တစ်ဆင့် ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်၊ ရော်နယ်ဒို ဖိတ်ခေါ်မှု ပြုလုပ်ခဲ့တဲ့ ကစားသမား ၄ ဦးမှာ မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွိုင်းယား တစ်ဦးသာ




ပွဲထွက် ကစားခွင့် နည်းပါးပြီး ကျန် ကစားသမား တွေက အဓိက ပွဲထွက် ကစားပေးရသူတွေ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အတူ ရလဒ်ကောင်းတွေ ဖော်ဆောင် ထားနိုင်သူတွေလည်း ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် ပွဲစဉ်တွေမှာ ကာရာဘောင် ဖလား ဆီးမီးဖိုင်နယ် ပွဲစဉ် အဖြစ် နော်တင်ဟမ် ဖောရက်စ် အသင်းနဲ့ ကစားသွားရမှာ ဖြစ်ပြီး

ပရီးမီးယားလိဂ် ပွဲစဉ် အနေနဲ့ ခရစ္စတယ် ပဲလေ့စ် အသင်း လိဒ် ယူနိုက်တက် အသင်းတို့နဲ့ ဆက်တိုက် ယှဉ်ပြိုင် ကစားသွားရမှာပဲ ဖြစ်ပါတယ်။

credit