ကြယ်တစ်ပွင့် ကို ခေါ်ယူနိုင်ရေး ဖြစ်မြောက်ရန် စည်းမျဉ်းချိုးဖောက်ပြီး ပြောင်းရွှေ့ကြေး အပိုဆုကြေး အားလုံး ပေါင် သန်း 300 ထိ အသုံးပြုသွားမည့် မန်ယူ
|မန်ချက်စတာ ယူနိုက်တက် အသင်းဟာ တော့တင်ဟမ် ဟော့စပါး တိုက်စစ်မှူး ဟယ်ရီကိန်း ကို ခေါ်ယူဖို့ အတွက် အလေးအနက် ကြိုးပမ်း နေတာကြောင့် ခရစ္စတီယာနို ရော်နယ်ဒို လစာ စည်းမျဉ်းကို ချိုးဖောက်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။
“The Daily Star” ရဲ့ ဖော်ပြချက် အရ မန်ချက်စတာ ယူနိုက်တက် ဟာ တော့တင်ဟမ် ဟော့စပါး တိုက်စစ်မှူးကို အိုးလ်ထရက်ဖို့ဒ် ကို အရ ခေါ်ယူနိုင်ဖို့ အတွက် မကြာသေးမီက ပြဌာန်းခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်ဒို စည်းမျဉ်းကို ချွင်းချက်ထားဖို့ အတွက်
ပြင်ဆင်နေတယ်လို့ ဆိုပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဟာ အသင်း လူစာရင်းထဲမှာ သဟဇာတ ဖြစ်မှုကို ယူဆောင်နိုင်ဖို့ ကြိုးပမ်းတဲ့ အနေနဲ့ တစ်ပတ်လုပ်ခ လစာ ပေါင် ၂ သိန်းကို အများဆုံး ပမာဏ အဖြစ် အတိအလင်း ကန့်သတ်ခဲ့တာ ဖြစ်ပါတယ်။
ဒီစည်းမျဉ်းကို ခရစ္စတီယာနို ရော်နယ်ဒို စည်းမျဉ်းလို့ ခေါ်ဝေါ်ခဲ့တာ ဖြစ်ပါတယ်၊ ခရစ္စတီယာနို ရော်နယ်ဒို ရဲ့ စာချုပ် ဖျက်သိမ်းမှု မတိုင်ခင် ပေါ်တူဂီ တိုက်စစ်မှူးဟာ အိုးလ်ထရက်ဖို့ဒ်မှာ အခြေခံ တစ်ပတ်လုပ်ခ လစာ ပေါင် ၃၈၅၀၀၀ ထိ ရရှိခဲ့ပြီး အသင်းရဲ့လစာ
ပမာဏ အမြင့်မားဆုံး ကစားသမား အဖြစ် ရပ်တည်ခဲ့တာ ဖြစ်ပါတယ်၊ ဒါပေမယ့်လည်း မူဝါဒအသစ် အရ လစာ ပမာဏဟာ အများဆုံး တစ်ပတ် ပေါင် ၂ သိန်းသာ ပေးချေတော့မှာ ဖြစ်ပြီး လက်ရှိ အသင်းမှာ ထိပ်တန်း လစာ ရရှိနေတဲ့ ဒီဂီယာ အနေနဲ့ စာချုပ်သစ်
ချုပ်ဆိုမယ် ဆိုရင် လစာ ပမာဏ သိသိသာသာ လျှော့ယူရ တော့မှာ ဖြစ်ပါတယ်၊ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် ဟာ အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင် ဟယ်ရီကိန်း ကို တော့တင်ဟမ် ဟော့စပါး အသင်းကနေ ခေါ်ယူနိုင်ဖို့ အတွက် ဆိုရင်
ဒီစည်းမျဉ်းကို ချိုးဖောက်ဖို့ အဆင်သင့် ဖြစ်နေတယ်လို့ သိရပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ၂၀၂၁ ခုနှစ် နွေရာသီတုန်းက မန်စီးတီး အသင်းက ဟယ်ရီကိန်း ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့တဲ့ အချိန်တုန်းက တစ်ပတ်လုပ်ခ လစာ ပေါင် ၃၇၅၀၀၀ နဲ့
ကမ်းလှမ်းခဲ့တာကို သတိပြု မိနေတယ်လို့ Daily Star က ဖော်ပြခဲ့ပြီး စပါးကြယ်ပွင့် အတွက် ကြီးမားတဲ့ ဆုကြေးငွေ ပေးချေရမယ့် အပြင် ပြောင်းရွှေ့ကြေး ကလည်း ပေါင်သန်း ၁၂၀ ဝန်းကျင် ရှိတယ်လို့ ကောလာဟလ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်၊ ဒါကြောင့်
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဟယ်ရီကိန်း ကို တော့တင်ဟမ် ဟော့စပါး အသင်းကနေ ခေါ်ယူနိုင်ဖို့ အတွက် ပေါင် သန်း ၃၀၀ ဝန်းကျင် သုံးစွဲသွားဖို့ လိုအပ်မှာ ဖြစ်ပြီး ဒီအတွက်ကြောင့်
မန်ချက်စတာ ယူနိုက်တက် တာဝန်ရှိသူများက ကြီးမားတဲ့ လုပ်ခလစာနဲ့ ဆွဲဆောင်နိုင်ဖို့ အတွက် ခရစ္စတီယာနို ရော်နယ်ဒို လစာ စည်းမျဉ်းကို ချိုးဖောက်ဖို့ ပြင်ဆင်လာတာပဲ ဖြစ်ပါတယ်။
credit