အသင်းကောင်း ဖြစ်အောင် စွမ်းနိုင်ပေမယ့် အဓိက လုပ်ဆောင်ရမယ့် အရာ တခု လိုအပ်သေးကြောင်း အဲရစ် တန်ဟက်ဂ် ကို ရွိုင်းကင်း ထုတ်ပြော
|မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ရွိုင်ကင်း Erik Ten Hag ကို ခန့်အပ်ခဲ့တာက မှန်ကန်ခဲ့ကြောင်း၊ သူဟာ အသင်းနဲ့ အံဝင်သူ ဖြစ်ကြောင်း ချီးကျူး ပြောဆိုပါတယ်။ ပြီးခဲ့တဲ့ နွေက ရောက်ရှိလာတဲ့ Erik ဟာ ရာသီ အစ တန်းဆင်းဇုန်ထိ
ဆင်းခဲ့ရတဲ့ Manchester United အသင်းကို ရာသီဝက် အကြာနဲ့တင် အမှတ်ပေး ဇယား အဆင့် (4) နေရာထိ ပေးဆောင် ပေးနိုင်ခဲ့ပါတယ်၊ အခြားတဘက် မှာတော့ မန်ချက်စတာယူနိုက်တက် ဟာ လက်ရှိ အချိန်ထိ ပရီးမီးယားလိဂ်၊
ယူရိုပါလိဂ်၊ FA ဖလား၊ ကာရာဘောင် ဖလား ပြိုင်ပွဲ (4) ခုလုံးမှာ ကျန်ရစ်နေသေးတဲ့ တစ်ခုတည်းသော ပရီးမီးယားလိဂ် ကလပ်အသင်း တသင်း ဖြစ်ပါတယ်၊ ဒါ့အပြင် ကမ္ဘာ့ဖလား အပြီး ကစားခဲ့တဲ့ ပွဲစဥ်တွေမှာ ခရစ္စတယ် ပဲလေ့စ် ကို
သရေနဲ့ အာဆင်နယ် ကို ရှုံးခဲ့ဝာာက လွဲရင် ပွဲစဥ်တိုင်း အနိုင် ကစားထားတာပါ၊ ဒါ့ကြောင့်လည်း ပရီးမီးယားလိဂ်မှာ အဆင့် (3) နေရာက နယူးကာဆယ် နဲ့ ရမှတ် တူညီခဲ့တာ ဖြစ်ပါတယ်။ ဒီလို အသင်း ဖြစ်နိုင်ရေး Erik Ten Hag အနေနဲ့
ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ များစွာ ချမှတ််ခဲ့ရပြီး ယခုတော့ ဂန္တဝင် ကစားသမားဟောင်း ရွိုင်ကင်း က Erik ရဲ့ လုပ်ဆောင်ချက် တွေကို ချီးမွမ်း ပြောဆိုလိုက်တာပါ။ သူဟာ အသင်းနဲ့ အကိုက်ညီဆုံး ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ရွိုင်ကင်း က- Erik က အသင်းနဲ့ အံဝင်သူ ဖြစ်တယ်၊ သူ အသင်းဆီ ရောက်လာခဲ့တာက မှန်ကန်တဲ့ အချိန်ပါပဲ၊ ပြီးခဲ့တဲ့ ရာသီက မန်နေဂျာနဲ့ ပတ်သက်လို့ ပြသနာ သိပ်များတယ်။ ယာယီ နည်းပြ ထွက်တယ်၊ ဒီလို အချိန်မှာ ရောက်လာပြီး
ငွေသုံးစွဲခွင့် အနည်းငယ်နဲ့ ယိုယွင်းနေတဲ့ အသင်းကို အချိန်တို အတွင်း တိုးတက်အောင် လုပ်ဆောင် နိုင်ခဲ့ပါတယ်၊ ပါရမီရှင်ပါပဲ။ သူ့ရဲ့ စီမံခန့်ခွဲပုံက ဒတ်ချ် လူမျိုးဆန်တယ်၊ မာနကြီးပြီး စိတ်ဓါတ် ခိုင်မာတယ်၊ ယုံကြည်မှု အပြည့်ရှိပြီး ဖြစ်ချင်တာကို
ဖြစ်အောင် လုပ်တယ်၊ အခုဆို သူရဲ့ ဆုံးဖြတ်ချက်တွေ အောက်မှာ အသင်းက အဟုန် တစ်ခု ရရှိနေပြီ။ မန်ချက်စတာ ယူနိုက်တက် က အခုဆို ပြိုင်ပွဲ (4) ခုလုံးမှာ ရှိနေသေးတယ်၊ ဒါကို ဆက်လက် ထိန်းသိမ်းဖို့ အရေးကြီးတယ်။ လို့ ရွိုင်ကင်း က ပြောကြားလိုက်တာပဲ ဖြစ်ပါတယ်။
credit