ရီဒင်းကို 3-1 နဲ့ အနိုင် ရရှိခဲ့ပြီး အကောင်းဆုံး ကစားသမား ဆု ရရှိခဲ့ပေမယ့် ဝေဖန် ပြောဆိုခံရပြန်တဲ့ အန်တိုနီ
|အန်တိုနီ ဟာ စနေနေ့ ညနေက ရီဒင်း ကို 3-1နဲ့ အနိုင် ရရှိခဲ့တဲ့ အက်ဖ်အေ ဖလား စတုတ္ထ အဆင့် ပွဲစဉ် အတွင်း ဘာဘာ ရာမန် ကို ကျော်ဖြတ်ဖို့ ကြိုးပမ်းခဲ့ ချိန်မှာ ခြေချော် လဲကျသွား ခဲ့တာကြောင့်
ပြိုင်ဘက် ပရိသတ်တွေက လူမှုကွန်ရက်ပေါ်က တဆင့် လှောင်ပြောင် ခဲ့ကြပါတယ်၊ ဘရာဇီးလ် တောင်ပံ ကစားသမားဟာ အိုးလ်ထရက်ဖို့ဒ် မှာ ကစားခဲ့တဲ့ ပွဲစဉ် အတွင်း ညာတောင်ပံ ကနေ ပွဲထွက် ပါဝင် ကစားခဲ့တာ ဖြစ်ပြီး အဲရစ် တန်ဟက် ဟာ
မျှော်မှန်းထား တာထက် ပိုမို အားကောင်းတဲ့ လူစာရင်းကို ပွဲထုတ်ခဲ့တာ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဗုဒ္ဓဟူးနေ့က နော်တင်ဟမ် ဖောရက်စ် ကို အနိုင် ရရှိခဲ့တဲ့ ကာရာဘောင် ဖလား ဆီမီးဖိုင်နယ် ပွဲစဉ်က လူစာရင်းကို အပြောင်းအလဲ တစ်ခုသာ
ပြုလုပ်ခဲ့တာ ဖြစ်ပြီး လီဆန်ဒရို မာတီနက်ဇ် ရဲ့နေရာမှာ မက်ဂွိုင်းယား ကို ထည့်သွင်း အသုံးပြုခဲ့တာ ဖြစ်ပါတယ်၊ အဲရစ် တန်ဟက်ဂ် ရဲ့ အသင်းက ကတ်စမဲရိုး နဲ့ ရှားရှားပါးပါး ဂိုးသွင်းတဲ့ ဖရက်ဒ် တို့ရဲ့ သွင်းဂိုးတွေကြောင့် အနိုင် ရရှိသွားခဲ့တာ ဖြစ်ပြီး
အန်တိုနီ ဟာ ကတ်စမဲရိုး ရဲ့ ပထမဂိုးကို ဖန်တီးပေး နိုင်ခဲ့တာ ဖြစ်ပါတယ်၊ ၂၂ နှစ်အရွယ် တောင်ပံ ကစားသမားဟာ ကမ္ဘာ့ဖလား နားရက်ကနေ ပြန်လာပြီး ကတည်းက ပုံမှန်ခြေစွမ်း မပြသနိုင်ခဲ့ဘဲ ယခုအခါ ပုံစံကောင်း စတင် ရှာတွေ့လာခဲ့တာ ဖြစ်ပြီး
ရီဒင်း နဲ့ ပွဲစဉ်မှာ ပွဲစဉ်တလျှောက် အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပေမယ့် ဘရာဇီးလ် ကြယ်ပွင့်ရဲ့ အလွဲကိုသာ မြင်ခဲ့ကြတာ ဖြစ်ပါတယ်၊ ပွဲကစားချိန် မိနစ် ၆၀ မှာ အန်တိုနီ ဟာ ညာတောင်ပံ ကနေ ရာမန် ကို ဘောလုံးနဲ့ အတူ
ဖြတ်ကျော်ဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပြီး ချဲလ်ဆီး ကနေ အငှားနဲ့ လာ ကစားနေတဲ့ နောက်ခံ တောင်ပံ ကစားသမားကို ခန္ဓာကိုယ် အယောင်ပြမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်၊ ရာမန် ဟာ အန်တိုနီ ကို ကော်လိုမျိုး လိုက်ကပ် နေခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်
တောင်ပံ ကစားသမားကို လိမ်ခေါက်ဖို့ နေရာလွတ် မရှိအောင် ဖိအားလိုက်ပေး ခဲ့တာကြောင့် ဘရာဇီးလ် ကြယ်ပွင့်ဟာ ဘောလုံး အကြာကြီး ကိုင်ခဲ့ရပြီးနောက် ခြေချော် လဲကျခဲ့တာ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကြယ်ပွင့် ကတ်စမဲရိုး ဟာ
တောင်ပံမှာ ထွက်မရ ဖြစ်နေတဲ့ အန်တိုနီ ရဲ့ အခက်အခဲ အတွက် ဘောလုံး ရယူဖို့ တောင်ပံကို ထွက်လာခဲ့ရပြီး အဲဒီ ဗီဒီယိုဖိုင် ဟာ ကြည့်ရှုသူ ၂ သန်းကျော် ရှိခဲ့တာ ဖြစ်ပါတယ်။
‘သူတို့တွေက လူရွှင်တော်ကို ခေါ်ခဲ့တာပဲ၊ အန်တိုနီ က အံ့အားသင့် လောက်အောင် ရယ်ရပြီး စိတ်ပျက်စရာ ကောင်းတယ်။’ လို့ ပရိသတ် တစ်ဦးက ပြောကြားခဲ့ပြီး ‘သူ ဘာတွေ လုပ်နေတာလဲ’ လို့ နောက်ထပ် ပရိသတ် တစ်ဦးကလည်း မှတ်ချက် ပေးခဲ့ပါတယ်။
credit