ပီအက်စ်ဂျီကို ပြောင်းရွှေ့ရန် သဘော တူညီခဲ့တဲ့ ကြယ်ပွင့် ကစားသမား၏ နေရာ အတွက် မန်ချက်စတာ ယူနိုက်တက် စတားကို ခေါ်ယူ အစားထိုးဖို့ ဆွေးနွေးနေတဲ့ အင်တာမီလန်

အင်တာမီလန် အသင်းဟာ မန်ချက်စတာ ယူနိုက်တက် ခံစစ် အတွင်းလူ ဟယ်ရီ မက်ဂွိုင်းယား ကို ခေါ်ယူရန် မန်ချက်စတာ ယူနိုက်တက် အသင်းထံ စုံစမ်းမှုများ ပြုလုပ်နေပြီး မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူး ကလည်း




ရာသီကုန်ထိ စောင့်ကြည့် ပြီးနောက် သူနဲ့ အိုးလ်ထရက်ဖို့ဒ် အနာဂတ်ကို ဆုံးဖြတ်သွားဖွယ် ရှိနေပါတယ်၊ အင်တာမီလန် အသင်းရဲ့ ခံစစ်မှူး စကရင် နီးယား က ရာသီ အကုန်မှာ ပီအက်စ်ဂျီ အသင်းကို ပြောင်းရွှေ့ရန် သဘောတူညီမှု




ရရှိ သွားပြီးနောက် ခံစစ် အတွင်းလူ တစ်ဦးကို ခေါ်ယူ အားဖြည့်ဖို့ လိုအပ် နေတာလည်း ဖြစ်ပါတယ်၊ မက်ဂွိုင်းယား ဟာ အင်္ဂလန် လက်ရွေးစင် အသင်းနဲ့ အတူ ခြေစွမ်းပြ နိုင်ခြင်းများကြောင့် စီးရီးအေ ထိပ်သီး ကလပ် အသင်းက စိတ်ဝင်စား နေခြင်းဖြစ်ပါတယ်။




၂၉ နှစ်အရွယ် မက်ဂွိုင်းယား ဟာ ၂၀၂၃ မှာ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် တစ်ပွဲသာ မန်ချက်စတာ ယူနိုက်တက် အတွက် ပွဲထွက် ကစားခွင့် ရရှိထားပြီး နည်းပြ အဲရစ် တန်းဟက်ဂ် ဟာ မန်ချက်စတာ ယူနိုက်တက် ခံစစ် အတွင်းလူ နေရာမှာ ဗာရန်း၊ မာတီနက်ဇ် တို့ကို




အမာခံ အသုံးပြုနေတာ ဖြစ်ပါတယ်၊ ဟယ်ရီ မက်ဂွိုင်းယား ဟာ အခွင့်အရေး ရလာလျှင် ပွဲထွက် ကစားသမား နေရာကို ပြန်ယူမည်ဟု အားခဲထားပေမယ့် လက်ကျန် ဘောလုံး ရာသီမှာ အသင်းမှာ နေရာ ရမလာပါက




မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ဆက်ရှိဖို့ မသေချာကြောင်း၊ ၎င်းကို စိတ်ဝင်စားတဲ့ ကလပ်အသင်းများမှာ ပရီးမီးယားလိဂ်တွင်သာ မက ပြည်ပ လိဂ်များတွင်ပါ ရှိကြောင်း ဗြိတိန် မီဒီယာများက ဖော်ပြ ရေးသားကြပါတယ်။

credit