ရောင်းချဖို့ အစီအစဉ် ရှိပေမယ့် ရာသီကုန်ထိ ဆက်ထားသွားမည့် ကစားသမားကို အတည်ပြု ထုတ်ပြန်လိုက်တဲ့ တန်ဟက်ဂ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အသင်းရဲ့ ဗဟိုခံစစ် ကစားသမား ဗစ်တာ လင်ဒီလော့ ကို လက်ရှိ အချိန်မှာ ဥရောပ ကလပ်အသင်း တချို့က ခေါ်ယူဖို့ စိတ်ဝင်စား နေကြပေမယ့် အသင်းမှာပဲ ဆက်လက် ထားရှိသွားမယ်လို့ သိရပါတယ်။




မန်ချက်စတာ ယူနိုက်တက် အသင်းကို နည်းပြ အဲရစ် တန်ဟက်ဂ် ကိုင်တွယ် ပြီးနောက် အသင်းရဲ့ ခံစစ်ပိုင်း အတွက် လီဆန်ဒရို မာတီနက်ဇ် ကို ခေါ်ယူခဲ့သလို ခံစစ်ပိုင်းမှာလည်း မာတီနက်ဇ် နဲ့ ဗာရန်း တို့က ပိုမို နေရာရခဲ့တဲ့ အပြင် ဘယ်နောက်ခံလူ




လုခ်ရှော ကိုပါ ဗဟိုခံစစ်မှာ ပြောင်းလဲ အသုံးပြုခဲ့တာကြောင့် အသင်းခေါင်းဆောင် မက်ဂွိုင်းယား နဲ့ လင်ဒီလော့ တို့ နေရာ ပျောက်ဆုံး လာခဲ့ရပါတယ်၊ ၂၀၁၇ ခုနှစ် ကတည်းက ဘင်ဖီကာ ကနေ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရောက်ရှိနေတဲ့




ဆွီဒင် ခံစစ်မှူး လင်ဒီလော့ ဟာ ဒီရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပရီးမီးယားလိဂ် ၆ ပွဲသာ ကစားထားရသလို ယူရိုပါလိဂ် ဖလား၊ အက်အေ ဖလား နဲ့ လိဂ်ဖလား ပွဲတွေသာ ပါဝင် ထားခဲ့ရပါတယ်။




ဒီလို ပွဲ ကစားခွင့်တွေ နည်းပါးလာခဲ့တဲ့ လင်ဒီလော့ ကို အသက်လက်တီကို မက်ဒရစ် အသင်းက ခေါ်ယူဖို့ စိတ်ဝင်စား လာခဲ့သလို အင်တာမီလန် ကလည်း လာမယ့်နွေမှာ ပီအက်စ်ဂျီ အသင်းဆီ ရောက်ရှိတော့မယ့် မီလန် ရှကရီညာ နေရာမှာ




မက်ဂွိုင်းယား ကို မရရင် လင်ဒီလော့ နဲ့ အစားထိုးဖို့ အတွက် စိတ်ဝင်စား လာခဲ့ပါတယ်။ ယခု ဈေးကွက် အတွင်းမှာ လင်ဒီလော့ ကို ခေါ်ယူနိုင်ဖို့ အတွက် ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာ ခဲ့ကြပေမယ့် မန်ချက်စတာ ယူနိုက်တက် က




လက်ရှိ ရာသီကုန်တဲ့ အထိ အသင်းမှာပဲ ဆက်လက် ထားရှိဖို့ ဆုံးဖြတ်ထားလို့ ကမ်းလှမ်းမှုတိုင်းကို ပယ်ချ သွားခဲ့ပါတယ်၊ ဒါပေမယ့် လာမယ့်နွေမှာ မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ခံစစ်ပိုင်း အတွက် ကစားသမားသစ်တွေ ထပ်မံ ခေါ်ယူမှု ပြုလုပ်ဖွယ်

ရှိနိုင်တာကြောင့် မက်ဂွိုင်းယားနဲ့ လင်ဒီလော့ တို့ထဲက တစ်ဦးဦးကို အပြီးသတ် ရောင်းချဖွယ် ရှိလာနိုင်ပါတယ်၊ လင်ဒီလော့ ဟာ လာမယ့် ၂၀၂၄ ခုနှစ်မှာ မန်ချက်စတာ ယူနိုက်တက် နဲ့ စာချုပ် ကုန်ဆုံးဖို့ ရှိနေသလို




အသင်းဖော် မက်ဂွိုင်းယား ကလည်း အသင်းမှာ နေရာမရနိုင် တာကြောင့် ကစားသမား နှစ်ဦးရဲ့ အနာဂတ် အခြေအနေတွေက လှုပ်ခတ် လာနိုင်ပြီး ဘယ် ကစားသမားက မန်ချက်စတာ ယူနိုက်တက် နဲ့ လမ်းခွဲရမလဲ ဆိုတာကို စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

credit