နော်တင်ဟမ် ဖောရက်စ် နဲ့ ပွဲစဉ် မတိုင်မီ အန်တိုနီကို ဆောင်ရန် ရှောင်ရန် အချို့ ထုတ်ပြောလိုက်ပြီး အသင်းဖော် တဦးဆီက အတုယူရမယ်လို့ ဗန်ဒါဗတ် ဆို

နယ်သာလန် လက်ရွေးစင် တော့တင်ဟမ် ဟော့စပါး နဲ့ အိုင်ယက်စ် အသင်းတို့ရဲ့ ကွင်းလယ်လူဟောင်း ဖြစ်သူ ရာဖေး ဗန်ဒါဗတ် က မန်ချက်စတာ ယူနိုက်တက် မှာ ကစားနေတဲ့ အန်တိုနီ အနေနဲ့ အလှပြ ကစားပုံထက်




ပွဲကို အဆုံးအဖြတ် ပေးနိုင်တဲ့ ကစားသမား တဦး ဖြစ်အောင် ကြိုးစားဖို့ တိုက်တွန်း ပြောဆိုလိုက်ပါတယ်၊ ဒါ့အပြင် အန်တိုနီ က မန်ချက်စတာ ယူနိုက်တက် ဂျာစီနဲ့ ထိုက်တန်ကြောင်း ထိပ်တန်း ကစားသမား ဖြစ်တယ် ဆိုတာ သက်သေပြဖို့ လိုကြောင်း ထောက်ပြပါတယ်။




အန်တိုနီ ဟာ အိုင်ယက်စ် ကနေ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာပြီး အဲရစ် တန်ဟက်ဂ် နဲ့ ပြန်ဆုံခဲ့တာပါ၊ သူဟာ ညာတောင်ပံမှာ ပုံမှန် ကစားခွင့် ရရှိနေပေမယ့် မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေကို ကျေနပ်လောက်တဲ့ထိ မစွမ်းဆောင် နိုင်သေးပါဘူး။




မန်ချက်စတာ ယူနိုက်တက် အတွက် ၅ ဂိုးသွင်း ၁ ဂိုး ဖန်တီးပေး ထားပေမယ့် ခြေမပေါ်တဲ့ ပွဲက များတယ်လို့ ဝေဖန်ခံနေရသူလည်း ဖြစ်ပါတယ်၊ အထူးသဖြင့် ဘယ်ခြေကို အားထားပြီး လိမ်ခေါက် ကျော်ဖြတ်မှု အပိုင်းမှာလည်း လိုအပ်ချက်တွေ ရှိနေပြီး ပြီးခဲ့တဲ့




ရီဒင်း နဲ့ အက်စ်အေ ဖလား ပွဲစဉ်မှာ အန်တိုနီ က ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ခဲ့ပြီး ခြေစွမ်းပြခဲ့ပါတယ်၊ ဗန်ဒါဗတ် က- အန်တိုနီ က အရည်အသွေး ရှိတဲ့ ကစားသမားကောင်းပါ၊ ဒါပေမယ့် သူက ယုံကြည်မှု လွန်ကဲနေတယ်၊ အခုထိ ဘာကိုမှ သက်သေပြ မထားသေးဘူး။




အရည်အသွေး ရှိတဲ့ ကစားသမားကောင်း တယောက် ဆိုတဲ့ အဆင့်ပဲ ရှိပါသေးတယ်၊ အလှပြ ကစားတာတွေကို ကျွန်တော်လည်း ကြိုက်ပါတယ်၊ ဒါပေမယ့် လုပ်သင့် လုပ်ထိုက်တဲ့ အချိန်ပဲ ကောင်းတာပါ၊ အန်တိုနီ အိုင်ယက်စ်နဲ့ ချန်ပီယံလိဂ် ပွဲစဉ်တွေ ကစားဖူးတယ်။




ဘရာဇီးလ် မှာ မိနစ်တချို့ ကစားရတယ်၊ အကွက်တွေ လှတယ် ဒီလောက်ပါပဲ မန်ချက်စတာ ယူနိုက်တက် နဲ့ ဘာမှ မလုပ်ပြရ သေးပါဘူး။ လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်၊ ဆက်လက်ပြီး အန်တိုနီကို အသင်းဖော် မားကပ်စ် ရပ်ရှ်ဖိုဒ့် ကို အတုယူသင့်ကြောင်း ဆိုပါတယ်။

ရပ်ရှ်ဖိုဒ့်က ကမ္ဘာ့ဖလားမှာ ပုံစံကောင်း ပြသခဲ့တယ်၊ ကလပ်အသင်းမှာ ပြန် ကစားတော့လည်း ပုံစံကောင်း ထိန်းထားနိုင်ခဲ့တယ်၊ သူ ၁၀ ပွဲမှာ ၁၀ ဂိုး သွင်းယူထားတယ်၊ အန်တိုနီ အနေနဲ့ ငါ့အစွမ်းတွေကို တကမ္ဘာလုံးကို ပြလိုက်တော့မယ်။




ဘယ်သူမှ မလုပ်ဖူး မမြင်ဖူးတာတွေ ပြလိုက်မယ်လို့ တွေးမနေသင့်ဘူး၊ ရပ်ရှ်ဖိုဒ့်လို ပွဲအဖြေကို ပြောင်းလဲ နိုင်သူ ဖြစ်အောင် ကြိုးစားသင့်တယ် ပြီးမှ ဒီ အကွက်ဆန်းတွေ ကို လုပ်ပေါ့။ ထိပ်တန် ကစားသမား ဖြစ်လာဖို့ ဆိုရင် နှိမ့်ချနိုင်ဖို့ အရေးကြီးပါတယ်။

အန်တိုနီ အနေနဲ့ ဒါတွေ သင်ယူ လေ့လာရမယ်လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ကာရာဘောင် ဖလားပွဲ နော်တင်ဟမ် ဖောရက်စ် နဲ့ ကစားရမှာ ဖြစ်ပါတယ်။

credit