ကိန်း ကို မန်ယူထံ လက်လွယ်ရမယ့် အလားအလာကြောင့် လူကာကူကို ခေါ်ယူဖို့ ကွန်တီမှာ အစီအစဉ် ရှိနေကြောင်း အီတလီ အခြေစိုက် မီဒီယာများ ဆို

တော့တင်ဟမ် ဟော့ စပါး အသင်း နည်းပြ အန်တိုနီယို ကွန်တီ သာ စပါး အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ပြီး အသင်းမှာ ဆက် ရှိနေမယ် ဆိုရင် အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် ကွန်တီ နဲ့ အင်တာမီလန် အသင်းမှာ




လက်တွဲခဲ့ဖူးသူ ဘယ်လ်ဂျီယံ တိုက်စစ်မှူး ဖြစ်သူ လူကာကူ ကို ခေါ်ယူသွား နိုင်တယ်လို့ သိရပါတယ်၊ အီတလီ လူမျိုး နာမည်ကျော် ဘောလုံး နည်းပြ အန်တိုနီယို ကွန်တီ ဟာ ဒီနှစ် ဘောလုံးရာသီ အကုန်မှာ




တော့တင်ဟမ် ဟော့ စပါး အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်လို့ လက်ရှိမှာ အသင်းက ကွန်တီ ကို သက်တမ်းတိုးဖို့ မကမ်းလှမ်းလာ သေးသော်လည်း တကယ်လို့ ကွန်တီ နဲ့ စပါး အသင်း ဆက်လက်တွဲ ဖြစ်ခဲ့မယ် ဆိုရင် ကွန်တီ က တပည့်ဟောင်း လူကာကူကို




အင်တာမီလန် အသင်းဆီက ခေါ်ဆောင်နိုင်တယ်လို့ အီတလီ အခြေစိုက် သတင်းမီဒီယာ CalcioMercato က ဖော်ပြခဲ့တာ ဖြစ်ပါတယ်၊ နည်းပြ ကွန်တီ နဲ့ လူကာကူ တို့ နှစ်ဦးဟာ အင်တာမီလန် အသင်းမှာ အတူ လက်တွဲခဲ့ဖူးတဲ့ ဆရာတပည့်တွေ ဖြစ်ပြီး




အင်တာ အတွက်ကိုလည်း နှစ်အတန်ကြာ အလှမ်းဝေး နေတဲ့ စကူဒက်တို ဖလား ကိုပါ အတူတကွ ရယူပေးနိုင် ခဲ့ပါတယ်၊ လက်ရှိမှာ တော့တင်ဟမ် ဟော့စပါး အဓိက ကစားသမား ဖြစ်သူ ဟာရီကိန်းကို မန်ချက်စတာ ယူနိုက်တက် နည်းပြချုပ် Erik Ten Hag က




အလွန် သဘောကျနေပြီး စံချိန်လွန် တန်ကြေး ပြောင်းရွှေ့ကြေး + အပိုဆုကြေး အာလုံး ပေါင် သန်း ၃၀၀ အထိ အသုံးပြု ခေါ်ယူဖို့ ကြိုးစားနေတာ ဖြစ်ပြီး ဟာရီကိန်း ကို စပါးက အသင်းနဲ့ စာချုပ် သက်တမ်း ထပ်တိုးဖို့ ဆွေးနွေး နေပေမယ့်လည်း




ကစားသမားက မန်ချက်စတာ ယူနိုက်တက် အသင်းကို ပြောင်းရန် စိတ်ဝင်စားနေကြောင်း သတင်းဌာနများက တညီတညွတ် ဖော်ပြခဲ့ကြပါတယ်၊ စပါးဟာ ကိန်းကို လက်လွတ်ရမယ် ဆိုရင် ကွန်တီက အစားထိုးဖို့ လူကာကူ ကို ပစ်မှတ်ထားလာတာ




ဖြစ်ပါတယ်၊ ဘယ်လ်ဂျီယံသားဟာ ချဲလ်ဆီး ကနေ သူရဲ့ အသင်းဟောင်း အင်တာမီလ န်မှာ အငှားနဲ့ ပါဝင်နေ ပေမယ့်လည်း လူကာကူ က ဒီရာသီမှာ ဒဏ်ရာ ပြသာနာ ကြံခိုင်မှု မပြည့်ဝတဲ့ ပြသာနာတွေကြောင့် အသင်းအတွက် ပွဲစဉ် အနည်းငယ် လောက်သာ




ကစားထားနိုင်တာ ဖြစ်လို့ အင်တာမီလန် အနေနဲ့ သူတို့ ကစားသမားဟောင်းကို အငှား သက်တမ်းတိုးဖို့ ဒါမှမဟုတ် အပြီးသတ် ခေါ်ယူဖို့ ဆန္ဒမရှိပဲ ချဲလ်ဆီးကိုသာ ပြန်လည် ပို့ဆောင်ချင်နေတာ ဖြစ်ပါတယ်၊ ချဲလ်ဆီး ကလည်း လူကာကူ ကို သူတို့ အသင်းဆီ

ပြန်လည် မခေါ်ဆောင် ချင်တာကြောင့် လာမယ့် နွေမှာ အသင်းက ရောင်းထုတ်ဖို့ ရှိနေပြီး တော့တင်ဟမ် ဟော့ စပါး နဲ့ နယူးကာဆယ် အသင်းတို့ကလည်း ၎င်းကို ခေါ်ယူဖို့ စိတ်ဝင်စားလျက် ရှိနေပါတယ်။

credit