အပြောင်းအရွှေ့နှင့် နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ
|မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အသင်းရဲ့ လူငယ် တိုက်စစ်မှူးလေး ချာလီ မက်နေးလ် ကို လိဂ်တူးကလပ် နယူးပို့တ် ကောင်တီ အသင်းဆီ ရာသီကုန် အထိ အငှားချ လိုက်ကြောင်း သိရပါတယ်။
ESPN သတင်းထောက် တစ်ဦးရဲ့ ဖော်ပြချက် အရ ဘာစီလိုနာ အသင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဆွီဒင် လူငယ် တိုက်စစ် ကစားသမား အီလန်ဂါ ကို ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွိုင်းယား ကို ခေါ်ယူဖို့ အတွက် အင်တာမီလန် အသင်း တာဝန်ရှိသူများက ချိတ်ဆက်နေကြောင်း သိရပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဗဟိုခံစစ် ကစားသမား ဗစ်တာ လင်ဒီလော့ ကို လက်ရှိ အချိန်မှာ ဥရောပ ကလပ်အသင်း အချို့က ခေါ်ယူလိုပေမယ့် နည်းပြ အဲရစ် တတ်ဟက်ဂ် က အသင်းမှာ ဆက်ထား သွားမယ်လို့ သိရပါတယ်။
မန်ချက်စတာ ယူနိုက်တက် ကို နည်းပြ အဲရစ် တန်ဟက်ဂ် ကိုင်တွယ်ပြီးနောက် အသင်းရဲ့ ခံစစ်ပိုင်း အတွက် လီဆန်ဒရို မာတီနက်ဇ် ကို ခေါ်ယူခဲ့သလို ခံစစ်ပိုင်းမှာလည်း Erik က မာတီနက်ဇ် နဲ့ ဗာရန်း ကိုသာ အဓိကထား နေရာပေးခဲ့တာ ဖြစ်ပါတယ်။
ကွင်းလယ်လူ အဲရစ်ဆင် ဟာ ဒဏ်ရာကြောင့် ဧပြီလ နှောင်းပိုင်း သို့မဟုတ် မေလ အစောပိုင်းထိ အနားယူရဖွယ် ရှိကြောင်း မန်ချက်စတာ ယူနိုက်တက် မှ အတည်ပြု သွားခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်းမှ ပေးအပ်သည့် ဇန်နဝါရီလ တစ်လတာ အကောင်းဆုံး ကစားသမား ဆုအတွက် ဆန်ခါတင်စာရင်းမှာ ဝမ် ဘစ်ဆာကာ၊ ရပ်ရှ်ဖို့ဒ်၊ ကတ်စမဲရိုး နဲ့ ဖာနန်ဒက်တို့ ပါဝင်ခဲ့ပါတယ်။
credit