မန်ချက်စတာ ယူနိုက်တက် က မန်စီးတီး ကို အခက်တွေ့စေခဲ့ကြောင်း ရှင်းပြလာတဲ့ Aguero

မန်စီးတီး ဂန္တဝင် ကစားသမားဟောင်း အဂူရို က မြို့ခံပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက် နဲ့ အာဆင်နယ် တို့ ယခင်ထက် ပိုတိုးတက်လာပြီ ဖြစ်ပြီး အသင်းဟောင်းကို အခက်တွေ့စေခဲ့ကြောင်း ထုတ််ပြော လိုက်ပါတယ်။




မန်ချက်စတာ ယူနိုက်တက် အသင်းဟာ 2021/ 22 ရာသီိ အကုန်မှာ အဲရစ် တန်ဟတ် ကို နည်းပြ အဖြစ် ခန့်အပ်ခဲ့ပြီး ဘရိုက်တန် နဲ့ ဘရန့်ဖို့ဒ် ကို စိတ််ပျက်ဖွယ် ရှံးနိမ့်ခဲ့ပေမယ့် အဲ့ဒီနောက် တန်းဆင်းဇုန်ထိ ရောက်သွား ခဲ့ကြပါတယ်။




နောက်ပိုင်းမှာတော့ မန်ချက်စတာ ယူနိုက်တက် ဟာ မန်စီးတီး၊ စပါး၊ အာဆင်နယ်၊ လီဗာပူး တို့ကို အနိုင်ယူပြီး အမှတ်ပေး ဇယား အထက်ပိုင်းကို တက်လှမ်းလာ နိုင်ခဲ့ပါတယ်၊ ယခုတော့ အဆင့် 4 နေရာမှာ ရောက်ရှိနေပြီး မြို့ခံ ပြိုင်ဘက် မန်စီးတီး အသင််းအောက်




4 မှတ် အကွာ၊ အာဆင်နယ် အသင်းအောက် 11 မှတ် အကွာ၊ အဆင့် 3 နေရာမှ နယူးကာဆယ် အသင်းနဲ့ ရမှတ်တူ၊ ဂိုးကွာ နေရာထိ တက်လှမ်း လာနိုင်ခဲ့တာပါ၊ ဒါဟာ အဲရစ် တန်ဟက်ဂ် ရဲ့ သက်ရောက်မှုတွေပါပဲ။




အဂူရို က မန်ချက်စတာ ယူနိုက်တက် နဲ့ အာဆင်နယ် တို့ အခုလို တိုးတက်လာတာ အသင်းဟောင်း အတွက် အခက်အခဲတွေ ဖြစ်စေခဲ့ကြောင်း မန်ချက်စတာ ယူနိုက်တက် ပြန်လာနိုင်ခဲ့ပြီ ဖြစ််ကြောင်း ပြောဆိုပါတယ်။




မန်စီးတီး က တိုးတက် မလာဘူးလို့ ကျွန်တော် မပြောပါဘူး၊ ပရီးမီးယားလိဂ် က ပြိုင်ဆိုင်မှု အပြင််းထန်ဆုံး လိဂ် ပါ၊ အမှတ်ပေး ဇယား ထိပ်ပိုင်းက အသင်းတွေ အင်အား ဖြည့်တင်းမှု လုပ်ဆောင်ခဲ့ကြပြီး သမိုင်းဝင် အချိန်တွေ တုန်းကလို ပြန်ဖြစ်လာဖို့ တာစူနေကြပြီ။




အာဆင်နယ် နဲ့ မန်ချက်စတာ ယူနိုက်တက် အခုလို ဖြစ်ဖို့ အချိန်ကြာခဲ့တယ်၊ ဒါပေမယ့် သူတို့ ပြန်လာနေပြီ၊ မန်စီးတီးက နောက်ဆုံး ကစားခဲ့တဲ့ 5 ပွဲမှာ 4 ပွဲ အနိုင် ကစားနိုင်ခဲ့ပါတယ် ၊ သူတို့ အမှတ်ပေးဖလား အတွက် တိုက်ပွဲဝင်နေဆဲပါ။

ဒါကို အသိအမှတ် ပြုရပါမယ်၊ မန်စီးတီးဟာ တိုက်ပွဲဝင်ဖို့ အသင့်ရှိနေပြီး ရှေ့ဆက် ဘာမဆို ဖြစ်လာနိုင်ပါတယ််။ လို့ အဂူရို က ပြောဆို လိုက်တာပဲ ဖြစ်ပါတယ်။

credit