ယနေ့ည ဖောရက်စ် နှင့် ပွဲတွင် စူပါ ကြယ် နှစ်ပွင့်ကို ထုတ်သုံးသွားမည့် မန်ချက်စတာ ယူနိုက်တက်
|မန်ချက်စတာ ယူနိုက်တက် အသင်းသည် ပထမ အကျော့မှာ နော်တင်ဟမ် ဖောရက်စ် ကို 3-0 နဲ့ အနိုင် ရရှိထားပြီး ယနေ့ ယှဉ်ပြိုင်မည့် ပွဲစဥ်တွင်လည်း အသာစီး ယူနိုင်ပြီး Erik Ten Hag လက်ထက်မှာ
ပထမဆုံး ဆုဖလား ရရှိရေး ဗိုလ်လုပွဲ တက်နိုင်ရေး အကောင်းဆုံး ကြိုးစား ကစားသွားဖွယ် ရှိ နေကြောင်း သတင်းများက သုံးသပ် ဖော်ပြလာကြသည်၊ မန်ချက်စတာ ဒါဘီ ပွဲစဉ်တွင် ဒဏ်ရာ ရရှိခဲ့သော
ပြင်သစ် တိုက်စစ်မှူး မာစီရယ် သည်လည်း ဒဏ်ရာမှ ပြန်လည် သက်သာလာပြီး ယနေ့ညတွင် ဆန်ချို နှင့် အတူ တွဲဖက် ပွဲထွက်ဖွယ် ရှိကြောင်း ဆိုသည်၊ သို့ရာတွင် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့
အားထားရသော ဒိန်းမတ် ကွင်းလယ်လူ အဲရစ်ဆင် သည် ဒဏ်ရာနှင့် သုံးလခန့် နားရရန် ရှိနေပြီး မန်ချက်စတာ ယူနိုက်တက် အတွက် ကြီးမားသည့် ထိုးနှက်ချက် တစ်ရပ် ဖြစ်လာခဲ့ရသည်။
မန်ချက်စတာ ယူနိုက်တက် အသင်းတွင် တွမ်မီနေး လည်း ဒဏ်ရာ ရရှိနေပြီး Erik Ten Hag က ကွင်းလယ် အားနည်းမှုကို ဖာထေးရန် အတွက် ဘိုင်ယန်မြူးနစ် အသင်းမှ ဩစတြီးယား ကွင်းလယ်လူ ဆာဘစ်ဇာ ကို
အငှားဖြင့် ခေါ်ယူရန် ကြိုးစားခဲ့ပြီး အငှားနှင့် ခေါ်ယူ နိုင်ခဲ့သည်။ ဆာဘစ်ဇာ ဟာ မနေ့က ညနေပိုင်းတွင် ဆေးစစ်မှု ခံယူရန် အင်္ဂလန်သို့ လာရောက်ခဲ့ပြီး ယခုအခါ ဆာဘစ်ဇာကို အပြောင်းအရွှေ့ ဈေးကွက်မ ပိတ်မီ
မန်ချက်စတာ ယူနိုက်တက် ဝန်ရှိသူများက အချိန်မီ ခေါ်ယူနိုင်ခဲ့သည်။ ဆန်ချို နှင့် မာစီရယ် တို့သည် အသင်းတွင် ပါဝင်လာမည် ဖြစ်သော်လည်း တွမ်မီနေး မပါဝင်နိုင်ကြောင်း Erik Ten Hag က ဖောရက်စ် နှင့် ကစားမည့် ပွဲစဥ် မတိုင်မီ
သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ပြောခဲ့သည်၊ အသက် ၂၂ နှစ်အရွယ် တောင်ပံ ကစားသမား ဆန်ချိုသည် လက်ရှိ ရာသီတွင် ပရီးမီးယားလိဂ် ၁၀ ပွဲ၊ ယူရိုပါလိဂ် ၄ ပွဲ ကစားခဲ့ရပြီး ၃ ဂိုး သွင်း၊၂ ဂိုး ဖန်တီးထားသည်။
credit