မန်ချက်စတာ ယူနိုက်တက် ကို ပြောင်ရွှေ့ရတဲ့ အကြောင်းအရင်းမှန်ကို ဆာဗစ်ဇာ ထုတ်ပြော

ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက် ပိတ်သိမ်းဖို့ နာရီပိုင်း အလိုမှာပဲ ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီး ကလပ် ဘိုင်ယန်မြူးနစ် အသင်းကနေ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရာသီဝက် အငှား စာချုပ်နှင့် ပြောင်းရွှေ့လာတဲ့ ဆာဘစ်ဇာ က




သူဟာ ဘိုင်ယန်မြူးနစ် အသင်း ကနေ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့ဖို့ တစ်စက္ကန့်တောင် မစဉ်းစားခဲ့ပဲ သဘောတူညီ ခဲ့တာ ဖြစ်ကြောင်း မန်ချက်စတာ ယူနိုက်တက် ကစားသမား ဘဝ ပထမဦးဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ




ထုတ်ဖော် ပြောကြားသွား ခဲ့ပါတယ်၊ အသက် ၂၈ နှစ် အရွယ် ဩစတီးယား လက်ရွေးစင် ကွင်းလယ်လူ ဆာဘစ်ဇာ က ရက်ဘူးလ် လိုက်ပ်ဇစ် နဲ့ အတူ ဥရောပ ဘောလုံး ဇာတ်ခုံပေါ်မှာ ကျော်ကြားလာသူ ဖြစ်ပေမယ့် လိုက်ပ်ဇစ် ကနေ ဘိုင်ယန်မြူးနစ်ကို




ပြောင်းရွှေ့ပြီး နောက်ပိုင်းမှာ ထင်ထားသလို ခြေစွမ်းကောင်းတွေ မပြသနိုင်ခဲ့ပါဘူး၊ ဆာဘစ်ဇာ က ယခုနှစ် ဘောလုံး ရာသီမှာလည်း ဘိုင်ယန်မြူးနစ် အတွက် ပြိုင်ပွဲစုံ စုစုပေါင်း ၁၀၀၇ မိနစ်သာ ကစားခွင့် ရထားပြီး အဆိုပါ ၁၀၀၇ မိနစ် အတွင်းမှာ




ဆာဘစ်ဇာ က အသင်း အတွက် သွင်းဂိုး တစ်ဂိုး နဲ့ ဂိုးဖန်တီးမှု တစ်ကြိမ် ရရှိအောင် စွမ်းဆောင် ထားနိုင်ခဲ့ပါတယ်၊ ဆာဘစ်ဇာ ဟာ ဘိုင်ယန်မြူးနစ် မှာ ပုံမှန် ပွဲကစားခွင့် ရဖို့ ရုန်းကန်နေရသူ ဖြစ်ပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့




တာဝန် ရှိသူတွေက ကွင်းလယ် နေရာစုံမှာ ကစားနိုင်စွမ်း ရှိတဲ့ ဆာဘစ်ဇာ ကို သဘောကျပြီး အဲရစ်ဆင် တယောက် ဒဏ်ရာကြောင့် ၃ လကြာ အထိ အနားယူရမယ့် အကြောင်းကို သိလိုက်ရတဲ့ အချိန်မှာပဲ မန်ချက်စတာ ယူနိုက်တက် အနေနဲ့




ဆာဘစ်ဇာ ကို အငှားနဲ့ ခေါ်ယူဖို့ ချက်ချင်း ကြိုးပမ်းခဲ့ ပါတယ်၊ ဆာဘစ်ဇာ ကလည်း မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကမ်းလှမ်းမှုကို ကြားကြား ချင်းမှာပဲ အသင်းပြောင်းဖို့ သဘော တူညီခဲ့ပြီး ဆာဘစ်ဇာ ရဲ့ အသင်း ပြောင်းချင်စိတ်ကြောင့်ပဲ




ဘိုင်ယန်မြူးနစ် အသင်းဟာ သူ့ကို မန်ချက်စတာ ယူနိုက်တက် ဆီ အငှားချဖို့ သဘောတူခဲ့ပြီး ယနေ့ နံနက်မှာတော့ ဆာဘစ်ဇာ ဟာ မန်ချက်စတာ ယူနိုက်တက် အူသင်းရဲ့ ကစားသမားသစ် ဖြစ်လာခဲ့တာပါ၊ မန်ချက်စတာ ယူနိုက်တက် ကစားသမား ဘဝ

ပထမဆုံး ပြုလုပ်တဲ့ အင်တာဗျူးမှာတော့ ဆာဘစ်ဇာ က သူဟာ မန်ချက်စတာ ယူနိုက်တက် ရဲ့ ကမ်းလှမ်းမှုကို ချက်ချင်း လက်ခံ ဖြစ်ခဲ့ပုံကို ပြောပြခဲ့ပါတယ်၊ ဆာဘစ်ဇာ က- တခါတလေ ခင်ဗျားက ဘဝရဲ့ အရေးပါတဲ့ ဆုံးဖြတ်ချက် တွေကို




ခပ်မြန်မြန် ချရတဲ့ အချိန်မျိုး ရှိပါတယ်၊ ကျွန်တော်က မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကမ်းလှမ်းမှုကို ကြားကြားချင်းမှာ မန်ချက်စတာ ယူနိုက်တက် က ကျွန်တော့် အတွက် သင့်တော်တဲ့ နေရာတခု ဆိုတာ သိခဲ့ပါတယ်၊ ကျွန်တော်က ပြိုင်ဆိုင်လိုစိတ်

ပြင်းထန်တဲ့ ကစားသမား တဦး ဖြစ်တယ်၊ ကျွန်တော် အနိုင် ရလဒ်တွေပဲ လိုချင်သလို ဒီရာသီမှာလည်း အသင်းကို လိုချင်တဲ့ အောင်မြင်မှုတွေ ရအောင် ကူညီပေး သွားချင်ပါတယ်။ လို့ ထုတ်ဖော် ပြောကြား ခဲ့တာပဲ ဖြစ်ပါတယ်။

credit