ဆာဗစ်ဆာ ကို ခေါ်ယူခဲ့တာ မှားယွန်းကြောင်း ရှင်းပြပြီး ပြစ်တင် ဝေဖန် လာတဲ့ ပေါလ်မာဆင်

ဘိုင်ယန်မြူးနစ် ကနေ ကွင်းလယ် အတွက် ဆာဘစ်ဇာ ကို ခေါ်ယူခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဆုံးဖြတ်ချက်ကို ပေါလ်မာဆင် က ပြစ်တင် ဝေဖန်လိုက်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ




အဲရစ်ဆင် ဒဏ်ရာနဲ့ ၃ လကြာ အနားယူရမှာ ဖြစ်တာကြောင့် ဆာဘက်ဇာ ကို အငှားနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်၊ ဆာဘစ်ဇာ ဟာ ၂၀၂၁ နွေရာသီ ဘိုင်ယန်ကို မပြောင်းမီ လိုက်ပ်ဇစ်မှာ ပုံစံကောင်း ပြသခဲ့သူ




ဖြစ်ပေမယ့် ပေါလ်မာဆင် က ယခုလို ဝေဖန် ပြောဆိုခဲ့တာ ဖြစ်ပါတယ်၊ ပေါလ်မာဆင် က- ဆာဗစ်ဇာ က ဘိုင်ယန်မြူးနစ် မှာ နေရာရတဲ့သူ မဟုတ်ပါဘူး၊ ဒီလို လုပ်နိုင်ဖို့ အဝေးကြီးပါ၊ ကင်မစ် နဲ့ ဂေါ်ရက်စကာ တို့




အဲ့ဒီ အသင်းမှာ နေရာ အခိုင်အမာ ယူထားတယ်လေ ဒါကို ကျွန်တော် သိတယ်။ သူသာ ကောင်းမွန် ထူးချွန်တဲ့ ကစားသမား ဆိုရင် ဒီလူတွေကို နေရာ တစ်နေရာ အတွက် ဖိအားပေးနိုင်မှာပါ၊ ဒါက မန်ချက်စတာ ယူနိုက်တက် ရဲ့ နောက်ထပ် panci buy ပါပဲ။




အစက သူ့ကို စိတ်၀င်စားခြင်း မရှိခဲ့ဘူးလို့ ထင်တယ်၊ အဲရစ်ဆင် ဒဏ်ရာ ရလို့ သူတို့ ကသုတ်ကယက် ခေါ်ယူခဲ့တာ၊ မန်ချက်စတာ ယူနိုက်တက် က ဘိုင်ယန် ရဲ့ စတုတ္ထမြောက် ဦးစားပေး ကွင်းလယ်လူကို ခေါ်ယူခဲ့တာ။




ကျွန်တော် ကတော့ ဒါနဲ့ ပက်သက်ပြီး သဘောမကျပါဘူး၊ သူဟာ ဘိုင်ယန်မှာ နေရာရတဲ့ သူ မဟုတ်ပါဘူး၊ ကျွန်တော်သာ မန်ချက်စတာ ယူနိုက်တက် ပရိတ်သတ် ဆိုရင် ဒီ အပြောင်းအရွေ့ကို ကြည့်ပြီး

ဘိုင်ယန်မြူးနစ် မှာ နေရာမရတဲ့ ကစားသမားကို ငါတို့က ဘာကြောင့် လိုချင်တာလဲ? လို့ ပြောမိမှာပါ။ လို့ ပေါလ်မာဆင် က ပြစ်တင် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

credit