အဲရစ် တန်ဟက်ဂ် အနေနဲ့ ဆာဗစ်ဇာ ကို ဘယ်နေရာမှာ ကစားခိုင်းသင့်သလဲ ဆိုတာ ပြောပြလာတဲ့ ဟားမန်း

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင််းက အက်ဖ်အေ ဖလား ပွဲစဥ်အဖြစ် အိုးလ်ထရပ်ဖို့ဒ်မှာ ရီဒင်း ကို ဧည့်ခံ ကစားခဲ့ရပြီး 3-1 နဲ့ ဂိုးပြတ် အနိုင် ရရှိခဲ့ပြီး နောက်တစ််ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။




ဒါပေမယ့် အဆိုပါ ပွဲစဥ်မှာ အသင်းရဲ့ ကွင်းလယ်လူ ခရစ္စတီယံ အဲရစ်ဆင် ခြေချင်းဝတ် ဒဏ်ရာ ရရှိသွားခဲ့ပါတယ်၊ အဲရစ်ဆင် ဟာ ဒီရာသီ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်မှာ ကာစီမီရိုး၊ ဘရူနို ဖာနန်ဒက်စ် တို့နဲ့




တွဲဖက်ပြီး အသင်းရဲ့ ကစားကွက် ပိုမို ကောင်းမွန်လာအောင် ပုံဖော် ပေးနိုင်သူ ဖြစ်ပါတယ်၊ ဒါ့အပြင် သူ့ရဲ့ ဘောလုံးကိုင် ကစားနိုင်စွမ်း အကွက်မြင်တဲ့ ဘောလုံး ပေးပို့မှုတွေက ဒီရာသီ မန်ချက်စတာ ယူနိုက်တက််




တိုက်စစ်အတွက် အထောက်အကူ ဖြစ်ခဲ့ပြီး ရလဒ်ပိုင်းတွေ ကောင်းမွန်ခဲ့တာပါ၊ ယခုတော့ အဲရစ်ဆင် ဟာ ဧပြီလ နှောင်းပိုင်း အထိ အနားယူရမှာ ဖြစ်တာကြောင့် ဆာဗစ်ဇာ ကို အလျင်အမြန် ခေါ်ယူခဲ့တာ ဖြစ်ပါတယ််။




ယခုတော့ လီဗာပူး ဂန္တဝင် ဟားမန်း က ဆာဗစ်ဇာ ဟာ ကွင်းလယ် တိုက်စစ် နေရာမှာ ပိုပြီး ခြေစွမ်းကောင်းပြ ကစားပေးနိုင်ကြောင်း အဲရစ် တန်ဟက်ဂ် ကို အသိပေးခဲ့ပါတယ်၊ ဟားမန်း က- ဆာဗစ်ဇာ က ခွန်အား




ပေါကြွယ်ဝတဲ့ ကစားသမား တစ်ဦးပါ၊ အင်ဂျင် တစ်လုံးလိုပဲ လုပ်အား ကောင်းတယ်၊ ဒါ့အပြင် သွင်းဂိုးတွေကိုလည်း သွင်းယူ ပေးနိုင်စွမ်း ရှိသူ ဖြစ်ပါတယ်၊ သူ အကောင်းဆုံး ကစားပေးနိုင်တဲ့ နေရာက ကွင်းလယ် တိုက်စစ် ဖြစ်ပါတယ်။

သူက ကွင်းလယ် ခံစစ်၊ ဗဟို ခံစစ် ကစားသမားမျိိုးလို့ ကျွန်တော်တော့ မထင်မိပါဘူး။ လို့ ဟားမန်း က အသိပေး ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

credit