ဆုဖလားတွေ ရယူဖို့ အဲရစ် တန်ဟက်ဂ် နှင့် ပြန်လာနေပြီး ဗိုလ်လုပွဲသို့ တက်‌လှမ်းနိုင်ခဲ့သည့် မန်ချက်စတာ ယူနိုက်တက် ၂-၀ ဖောရက်စ် ပွဲပြီး သုံးသပ်ချက်

ကာရာဘောင် ဖလား ဗိုလ်လုပွဲသို့ လက်တကမ်း အကွာတွင် ရောက်နေပြီ ဖြစ်သောကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းသည် ပြိုင်ဘက် ဖောရက်စ် အသင်းကို ခြေချော် လက်ချော် မဖြစ်စေရေး ဂရုစိုက် ကစားသွားခဲ့ကြသည်။




မန်ချက်စတာ ယူနိုက်တက် သည် ဂိုးသမား နေရာတွင် ဟီတန် ကို သုံးပြီး ခံစစ်အတွင်းလူ နေရာတွင် ဗာရန်း၊ မာတီနက်ဇ် တို့နှင့် ပွဲထွက်ခဲ့သည်၊ ခံစစ် အစွန်လူများ အဖြစ် ဘစ်ဆာကာ နှင့် လုခ်ရှော တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်တွင် ကာစီမီရိုး ဖာနန်ဒက်စ် နှင့်




ဖရက်ဒ် တို့ကို အသုံးပြုခဲ့ပြီး တိုက်စစ်တွင် အန်ထော်နီ၊ ဝက်ဂ်ဟော့်စ် နှင့် ဂါနေချို တို့ ပွဲထွက်ခဲ့သည်၊ ပထမ အကျော့တွင် ၃ ဂိုးပြတ် သွင်းနိုင်ခဲ့သော မန်ချက်စတာ ယူနိုက်တက် သည် ဒုတိယ အကျော့ ပထမပိုင်းတွင် ဂိုးသွင်းရန် ကြိုးစားခဲ့သည်၊ ပွဲချိန် ၁၈ မိနစ်တွင်

ဂါနေချို သည် ပြိုင်ဘက် ပင်နယ်တီ ဧရိယာ အတွင်း လဲကျခဲ့သော်လည်း ပင်နယ်တီ မရ ဖြစ်ခဲ့သည်၊ ပွဲချိန် ၂၇ မိနစ်တွင် မန်ချက်သတာ ယူနိုက်တက် သည် ဂိုးသွင်းခွင့် တစ်ကြိမ် ရခဲ့သော်လည်း ဖောရက်စ် ခံစစ် ကစားသမားများ ကာကွယ်လိုက် နိုင်ခြင်းကြောင့်




ဂိုးမရ ဖြစ်ခဲ့သည်၊ ပထမပိုင်း ၄၂ မိနစ်တွင် လုခ်ရှော က ဖရီးကစ် ကန်ရာတွင် အသင်းဖော် တိုက်စစ်မှူး ဝက်ဟော့စ် ကို ထိပြီး ထွက်သွားခဲ့သည်၊ ဝက်ဟော့စ် သည် ယခုပွဲတွင် ထိရောက်သည့် ထိုးဖောက်မှုကို ပထမပိုင်းပြီးရန် မိနစ်ပိုင်း အလိုတွင်မှ ပြုလုပ် နိုင်ခဲ့သည်။




ကာစီမီရိုး ကန်တင် ပေးလိုက်သော ဘောလုံးကို ဝက်ဟော့စ် ခေါင်းတိုက် ဂိုးသွင်းရာ ဂိုးဘားတန်း ထိထွက်သွား သဖြင့် ဂိုးမရခဲ့ခြင်း ဖြစ်သည်၊ ဒုတိယပိုင်း ပြန်အစ တွင်လည်း မန်ချက်စတာ ယူနိုက်တက် သည် ပွဲထွက် လူစာရင်းအတိုင်း ဆက် ကစားနေခဲ့သည်။




၆၂ မိနစ်တွင် ဂါနေချို အန်ထော်နီ နှင့် ဝက်ဟော့စ် တို့ နေရာတွင် ရပ်ရှ်ဖို့ဒ်၊ မာစီရယ် နှင့် ဆန်ချို တို့ကို ထည့်သွင်း ကစားခဲ့သည်၊ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှာလည်း ပို၍ သွက်လက် လာခဲ့သည်၊ မန်ချက်စတာ ယူနိုက်တက် သည် ပို၍ ဖိအားပေး

ကစားလာပြီး နည်းပြ အဲရစ် တန်ဟက်ဂ် လက်ထက်မှာ ပထမဆုံး ဆုဖလား ဆွတ်ခူးနိုင်ရေး အနိုင် သေချာစေရန် ဖိအားပေး ကစားလာခြင်း ဖြစ်ကြောင်း မီဒီယာများ သုံးသပ် ဖော်ပြသည်၊ ၇၃ မိနစ်တွင် ကွင်းလယ် စက်ဝိုင်းနားတွင် ဖောရက်စ် အသင်း ကစားသမားထံမှ




ဘောလုံးကို ကာစီမီရိုး ဖြတ်တောက် ရယူပြီး မာစီရယ် ထံသို့ ပေးပို့ခဲ့သည်၊ မာစီရယ် ရက်ရှ်ဖို့ နှင့် ဆန်ချို တို့ ရှေ့သို့ ဘောလုံးဖြင့် တက်သွားရာ ဖောရက်စ် ခံစစ်မှူး နှစ်ဦးနှင့် ဂိုးသမားတို့သာ ကာကွယ်ရန် ရှိနေသည်၊ မာစီရယ် က ရပ်ရှ်ဖို့ဒ် ကို ဘောလုံးပေးရာ ရပ်ရှ်ဖို့ဒ်

ဂိုးကန်သွင်းရာမှ လူထိ ထွက်လာသော ဘောလုံးကို မာစီရယ် က အပိုင် ကန်သွင်းပြီး မန်ချက်စတာ ယူနိုက်တက် အသင်း အဖွင့်ဂိုး ရရှိခဲ့သည်၊ နောက် ၇၆ မိနစ်တွင် ကွင်း၏ ဘယ်ဘက် အခြမ်းမှ ဖာနန်ဒက်စ် ကန်တင် ပေးလိုက်သော ဘောလုံးကို ရပ်ရှ်ဖို့ဒ်




ပြိုင်ဘက် ဂိုးဧရိယာ အစပ်မှ ချိုးပေးလိုက်သည်ကို ဂိုးရှေ့တွင် တစ်ဦးတည်း လွတ်နေသော ဖရက်ဒ် က အသာအယာ ပိတ်သွင်းပြီး မန်ချက်စတာ ယူနိုက်တက် တို့ ဒုတိယ ဂိုးကို သွင်းယူလိုက် နိုင်သည်၊ မန်ချက်စတာ ယူနိုက်တက် သည် နှစ်ဂိုး အနိုင် ရပြီးနောက် ပွဲကို

ထိန်းချုပ် ကစားသွားသည်၊ ပွဲချိန် မိနစ် ၈၀ တွင် ကာစီမီရိုး ကို လင်ဒီလော့ဖ်၊ ဗာရန်း ကို မက်ဂွိုင်းယား တို့နှင့် လူစားလဲပြီး အနိုင်ကို ထိန်း ကစားသွားခဲ့သည်၊ မန်ချက်စတာ ယူနိုက်တက် သည် ဖောရက်စ် ကို နှစ်ကျော့ပေါင်း ၅-၀ နှင့် အနိုင်ယူပြီး ဗိုလ်လုပွဲသို့




တက်ရောက်ခဲ့ပြီ ဖြစ်ပြီး အဲရစ် တန်ဟက်ဂ် လက်ထက် ပထမဆုံး အကြိမ် ဆုဖလား ဆွတ်ခူးနိုင်ရေး လမ်းပွင့်သွားပြီ ဖြစ်သည်၊ မန်ချက်စတာ ယူနိုက်တက် သည် ဗိုလ်လုပွဲတွင် နယူးကာဆယ် အသင်းကို ဝင်ဘလေမှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ကစားရမှာ ဖြစ်ပြီး




နှစ်ပေါင်း ၄၀ အတွင်း အချိန်အကြာဆုံး စံချိန်တင် ဆုဖလား ကင်းမဲ့နေသော မန်ချက်စတာ ယူနိုက်တက် သည် Erik Ten Hag လက်ထက်တွင် ကာရာဘောင် ဖလားကို အရယူ လိုက်နိုင်ပါက ၂၀၁၇ ယူရိုပါလိဂ် ဖလား ရရှိပြီး နောက် ပထမဆုံး ဆုဖလား ဆွတ်ခူးနိုင်ခြင်း အဖြစ် မှတ်တမ်းဝင်မည် ဖြစ်သည်။

credit