မန်ချက်စတာ ယူနိုက်တက် 2-0 ဖောရက်စ် ပွဲမှ ထူးထူးခြားခြား ပြောစရာများ
|ဒီကနေ့ နံနက် အိုးလ်ထရပ်ဖို့ဒ်မှာ မန်ချက်စတာ ယူနိုက်တက် ဟာ နော်တင်ဟမ် ဖောရက်စ် နဲ့ ကာရာဘောင် ဖလား ဆီမီးဖိုင်နယ် ဒုတိယ အကျော့ ကစားခဲ့ရပြီး 2-0 နဲ့ ဂိုးပြတ် နိုင်ပွဲရကာ ဖိုင်နယ် တက်ရောက်ခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် ဟာ ပထမအကျော့ က 3-0 နဲ့ နိုင်ခဲ့တာကြောင့် Erik Ten Hag ဟာ ဒီပွဲမှာ တိုက်စစ်ပိုင်းမှာ ဂါနာချို၊ ဝဂ်ဟော့စ်၊ အန်တိုနီ တို့ကို နေရာပေး ခဲ့ပြီး ကွင်းလယ်မှာ ဘရူနို၊ ဖရက်ဒ်၊ ကာစီမီရိုး ခံစစ်မှာ ရှော၊ မာတီနက်ဇ်၊ ဗာရန်း၊ ဘစ်ဆာကာ နဲ့ ဂိုးမှ
ာ
ဒီဂီယာ ကို အနားပေးပြီး ဟီတန် ပွဲထွက်လာပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဟာ အခွင့်အရေး များစွာ ဖန်တီိးနိုင်ခဲ့ပြီး ဂိုးပေါက် လွဲချော်မှု များခဲ့တာကြောင့် ပထမပိုင်းမှာ အဖွင့်ဂိုး ရရှိဖို့ ရုန်းကန်ခဲ့ ရပါတယ်၊ ဒီနောက် ဒုတိယပိုင်းမှာ Erik Ten Hag က
တိုက်စစ်ပိုင်းကို မာရှယ်၊ ရပ်ရှ်ဖို့ဒ်၊ ဆန်ချို တို့ကို ထည့်သွင်း ကစားစေခဲ့ပါတယ်၊ ပွဲချိန် 62 မိနစ်မှာ ရပ်ရှ်ဖို့ဒ် က မာရှယ်၊ ဖရက်ဒ် တို့အတွက် ဂိုးဖန််တီးပေးခဲ့ပြီး မဋ်ချက်စတာ ယူနိုက်တက် အသင်း နိုင်ပွဲ ရရှိခဲ့တာ ဖြစ်ပါတယ်။ ယခုတော့ ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါပြီ။
တွမ်ဟီတန်- ဂျွန်ဆင်ရဲ့ ကန်ချက်ကို ဟန့်တားနိုင်ခဲ့ပါတယ်၊ 2-0 ဖြစ်သွားချိန်မှာလည်း ဒါနီလို ရဲ့ ကန်ချက်ကို ဟန့်တားခဲ့ ပါသေးတယ်။
ဘစ်ဆာကာ 6- အန်တိုနီ နဲ့ တွဲဖက် ကစားပုံ တိုးတက်လာပြီး တိုက်စစ် လိုက်ပါ ကစားပေးခဲ့ပါတယ်။
ဗာရန်း 7- ကစားပုံ တည်ငြိမ်ခဲ့ပြီး ပထမပိုင်း ပြီးခါနီး အမှား ကျူးလွန်ပြီး ပရိသတ်ကို ရင်ခုန် စေခဲ့ပါတယ်။
မာတီနက်ဇ် 7- ဗာရန်း နဲ့ တွဲဖက် ကစားခဲ့ရပြီး အရင်လို ခြေစွမ်းကောင်း ပြသနေတုန်းပါပဲ။
ရှော 6- ဖောရက်စ် တိုက်စစ် ကစားသမား တွေကြောင့် ခက်ခဲတဲ့ ပွဲစဥ် မဖြစ်ခဲ့ပါဘူး၊ တိုက်စစ်ပိုင်း ကူညီိပေးခဲ့ပြီး ဖြတ်တင်ဘောတွေ ကောင်းမွန် သေသပ်ခဲ့ပါတယ်။
ကာစီမီရိုး- ဒီပွဲစဥ်ရဲ့ အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်ပါတယ်၊ ကွင်းလယ်ကို လွှမ်းမိုးထားနိုင်ပြီး ဝဂ်ဟော့စ် အတွက် အခွင့်အရေး ဖန််တီးပေးသလို ဂိုးသွင်းခွင့်လည်း ရရှိခဲ့ပါတယ်။
ဖရက်ဒ် 7- တိုက်စစ်ပိုင််း မကြာခန တက်ရောက်ခွင့် ရရှိခဲ့ပါတယ်၊ ရပ်ရှ်ဖို့ဒ် ရဲ့ ဖန်တီးမှုကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။
အန်တိုနီ 6- အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပြီး ဂိုးပေါက် ကန်သွင်းခွင့်တွေ ရရှိခဲ့ပါတယ်၊ အသုံး မချနိုင်ခဲ့တာကြောင့် ဆန်ချိုနဲ့ လူစားလဲ ခံခဲ့ရပါတယ်။
ဘရူနို 7- ပထမပိုင်း အတွင်း အခွင့်အရေး နှစ်ကြိမ်ထိ ဖန်တီးပေး ခဲ့သလိို ဒုတိယဂိုး ရရှိရေးမှာ အတွက်လဲ ပတ်သက်နိုင် ခဲ့ပါတယ်။
ဂါနာချို 6- အရင်လို ခြေစွမ်းမျိုး ပြသနိုင်ခဲ့ပြီး ပြိုင်ဖက် ခံစစ်ကို ဒုက္ခပေး နိုင်ခဲ့ပါတယ်၊ အဆုံးသတ် စွမ်းရည်ပိုင်း တိုးတက်ဖို့ လိုအပ်ပါသေးတယ်။
ဝဂ်ဟော့စ် 5- တကယ့်ကို အခွင့်ကောင်း တစ်ကြိမ် ရရှိခဲ့ပြီး ခေါင်းတိုက််ခဲ့ ပေမယ့် ဂိုးတိုင်ထိခဲ့ပါတယ်၊ ပင်နယ်တီ ရရှိခဲ့သင့်ပေမယ့် ဆုံးရှုံးခဲ့ရတာက လွဲရင် ဒီပွဲမှာ မထူးကဲခဲ့ပါဘူး။
လူစားဝင် ကစားသမားများ ရပ်ရှ်ဖို့ 7၊ မာရှယ် 7၊ ဆန်ချို 7၊ လင်ဒီလော့ဖ် 6၊ မက်ဂွားယား 6၊
credit