ချဲလ်ဆီး ကြယ်ပွင့်ကို ကတ်စမဲရိုး နဲ့ နှိုင်းယှုဉ်ပြီး ဖာဒီနန်နဲ့ ဆန့်ကျင် သုံးသပ်သွားတဲ့ လီဗာပူး ကွင်းလယ်လူဟောင်း

လီဗာပူး ကွင်းလယ်လူဟောင်း ဒန်နီ မာဖီ က ချဲလ်ဆီး ကစားသမားသစ် အန်ဇို ဖာနန်ဒက်ဇ် က မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ကတ်စမဲရိုး လောက် မကောင်းကြောင်း Talksport မှာ ပြောပြသွားခဲ့ပါတယ်။




ချဲလ်ဆီးက ကစားသမားတွေကို မတန်တဆ ဈေးပေးပြီး ခေါ်နေတယ်၊ ကမ္ဘာ့ဖလားတုန်းက ကျွန်တော် အန်ဇို ဖာနန်ဒက်ဇ် ကစားတာ တိုက်ရိုက် ကြည့်ခဲ့တယ်၊ သူက ကစားသမားကောင်း ဖြစ်ပေမယ့် ပေါင်သန်း ၁၀၀ ပေးရလောက်အောင် မကောင်းနေပါဘူး။




အန်ဇို က ငယ်ရွယ်ပြီး ဖျတ်လတ်ပေမယ့် ဘောလုံးကို လည်း ထိန်းချုပ် နိုင်ပါတယ်၊ ဒါပေမယ့် ကတ်စမဲရိုး နဲ့ ယှုဉ်ရင် ဘာမှ မဟုတ်ပါဘူး၊ ကစားသမားတွေကို မတန်တဆ ဈေးတွေ ပေးပြီး ခေါ်နေတာ စိတ်ပျက်မိတယ်လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။




ရီယို ဖာဒီနန် ကတော့ အန်ဇို ဖာနန်ဒက်ဇ် ရဲ့ ခြေစွမ်းနဲ့ အရည်အသွေးတွေ အပေါ် သဘောကျတဲ့ သူတွေထဲ ပါဝင်နေပြီး FIVE YoutTube ချန်နယ်နဲ့ တွေ့ဆုံရာမှာ အာဂျင်တိုင်းသားဟာ ချဲလ်ဆီးမှာ အောင်မြင်လိမ့်မယ်လို့လည်း ဆိုပါတယ်။




သူက အန္တရာယ်ရှိပြီး ကောက်ကျစ်တဲ့ ကစားသမားပါ၊ အသင်းကြီးမှာ ကစားဖို့ လုံလောက်တယ်၊ သူ ချဲလ်ဆီးမှာ မအောင်မြင်ဘူး ဆိုရင် အံ့သြမိမှာပါ၊ သူက ကမ္ဘာ့ဖလား မှာ အကောင်းဆုံး လူငယ် ကစားသမားဆု ရခဲ့ပါတယ်၊ အာဂျင်တီးနား အတွက် အချက်အခြာ ကျခဲ့သူပါ။




လူငယ် ကစားသမား တစ်ယောက် အနေနဲ့ ဘောလုံး ပေးပို့ပုံ တည်ငြိမ်မှုက ထိပ်တန်း အဆင့် ရှိတယ်၊ ကမ္ဘာ့ဖလား က စွမ်းဆောင်ပုံမျိုးနဲ့ ဆိုရင် ပရီးမီးယားလိဂ်က သူ့ကို တုန်လှုပ်စရာ ဖြစ်မှာ မဟုတ်ပါဘူး၊ သူက ပေါ်တူဂီ အင်အားကြီး အသင်း ဖြစ်တဲ့ ဘင်ဖီကာ မှာ ကစားခဲ့တာပါ။




သူ့ကို ပေးချေခဲ့တဲ့ ပြောင်းရွှေ့ကြေး ပမာဏကို ကြည့်ရင် ချဲလ်ဆီးမှာ ၅ နှစ် ၆ နှစ် ဆက်ရှိမယ့် ပုံပါပဲ၊ ချဲလ်ဆီး က တကယ် ရူးလောက်စရာ ကောင်းတဲ့ ခေါ်ယူမှု တခု လုပ်နိုင်လိုက်ပါပြီ။ လို့ ပြောကြားခဲ့ပါတယ်။

credit