ဖိုင်နယ် အဆင်မှာ နယူးကာဆယ် နဲ့ တွေ့ဆုံရမယ့် အပေါ် မှတ်ချက်ပေးလာတဲ့ ဘရူနို ဖာနန်ဒက်စ်
|မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် က ကာရာဘောင် ဖလား ပြိုင်ပွဲရဲ့ ဖိုင်နယ် အဆင့်မှာ နယူးကာဆယ် နဲ့ ရင်ဆိုင်ရမယ့် ပွဲက တကယ့်ကို ကြည့်ကောင်းတဲ့ ပွဲ တစ်ပွဲ ဖြစ်လာလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ 2017
မော်ရင်ဟို လက်အောက်မှာ ယူရိုပါလိဂ် ဖလား ဆွတ်ခူးနိုင်ခဲ့ပြီး နောက်ပိုင်း ဖလား ရဖို့ ရုန်းကန် ခဲ့ရပါတယ်၊ ယခုတော့ မန်ချက်စတာ ယူနိုက်တက် ဟာ ဆိုးလ်ရှား ပြီးနောက် ဆုဖလား ဆွတ်ခူးနိုင်ရေး လမ်းခုလက်ကို ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။
ဆိုးလ်ရှား ကိုင်တွယ်စဉ်က ဖိုင်နယ် အဆင့်ထိ တက်နိုင်ခဲ့ ပေမဲ့ ဖလားကံ မပါခဲ့ဘူးလို့ ဆိုရပါမယ်၊ အဲရစ် တန်ဟက်ဂ် လက်ထက်မှာတော့ အရာရာ ပြောင်းလဲလာခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် ဟာ နော်တင်ဟမ် ဖောရက်စ် ကို ကာရာဘောင် ဖလား ဆီမီးဖိုင်နယ် အဆင့်မှာ
နှစ်ကျော့ပေါင်း 5-0 နဲ့ ဂိုးပြတ် အနိုင်ယူခဲ့ပြီး ဖိုင်နယ် အဆင့်ကို ထိုက်ထိုက်တန်တန် တက်ရောက်နိုင် ခဲ့တာပဲ ဖြစ်ပါတယ်၊ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် က နယူးကာဆယ် နဲ့ ရင်ဆိုင်ရမယ့် အပေါ် မှတ်ချက်ပေးလိုက်ပါတယ်၊ ဘရူနို က-
ကျွန်တော်တို့ အတွက်ရော နယူးကာဆယ် အတွက်ပါ ပွဲကြီးပွဲကောင်း ဖြစ်နေလိမ့်မယ်၊ ဘာလို့လဲဆို ကာရာဘောင် ဖလား က ဒီရာသီ ကျွန်တော်တို့လို အသင်းတွေ ဆွတ်ခူးနိုင်ခြေ ရှိတဲ့ ပထမဆုံး ဖလား ဖြစ်နေလို့ပါပဲ၊ ပရီးမီးယားလိဂ်မှာ ပုံစံကောင်း ပြသနေတဲ့
form တစ်ခု ရရှိနေကြတဲ့ အသင်း နှစ်သင်း တွေ့ဆုံတဲ့ ဖိုင်နယ် ပွဲကြီးပါ၊ နယူးကာဆယ် တို့ ပြီးခဲ့တဲ့ ရာသီက လုပ်ဆောင်ခဲ့တာနဲ့ အခု လုပ်ခဲ့တာတွေကို နှိုင်းယှဥ်ကြည့်ရင် တကယ့်ကို အံ့ဖွယ်ပါ၊ ဒါကြောင့် ကြည့်လို့ကောင်းတဲ့ ဖိုင်နယ်ပွဲ ဖြစ်လာပါလိမ့်မယ်။ လို့ ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။
credit