ဂျေဒန် ဆန်ချို ဆီက မျှော်လင့်ထားတဲ့ အရာကို ထုတ်ပြောလာတဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြ Erik Ten Hag

အောက်တိုဘာလ နှောင်းပိုင်းလောက် ကတည်းက မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်တွေကို တောက်လျှောက် လွဲချော်ထားတဲ့ ဂျေဒန် ဆန်ချို ဟာ မနေ့ညက အိုးလ်ထရက်ဖို့ဒ်မှာ ဖောရက်စ် အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့




လိဂ်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်အတွင်း လူစားဝင် ကစားသမား အဖြစ် ပါဝင်လာခဲ့ပြီး ခြေစွမ်းကောင်း တချို့ ပြသ သွားခဲ့ပါတယ်၊ အသက် ၂၂ နှစ် အရွယ် အင်္ဂလန် ကစားသမားဟာ ရုပ်ပိုင်း စိတ်ပိုင်း ဆိုင်ရာ အခက်အခဲတွေနဲ့




ရင်ဆိုင် ခဲ့ရတာကြောင့် ဒီအခြေအနေက ရုန်းထွက်ဖို့ အချိန် ပေးခဲ့ရပြီး ဇန်နဝါရီလ အတွင်းမှာပဲ မန်ချက်စတာ ယူနိုက်တက် နဲ့ ပြန်လည် ပူးပေါင်း နိုင်ခဲ့ပါတယ်၊ ယခုတော့ ဆန်ချို ဟာ အသင်းအတွက် ကစားပေးခွင့် ရရှိလာခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်




ပရိသတ်တွေ ကလည်း ဆန်ချို လူစားဝင် ရောက်လာချိန်မှာ သောင်းသောင်း ဖျဖျကို ကြိုဆိုခဲ့ ကြပါတယ်၊ အသင်းအတွက် အခုလို ပြန်လည် ကစားပေး နိုင်ခဲ့တဲ့ ဆန်ချို နဲ့ ပတ်သတ်ပြီး နည်းပြ အဲရစ် တန်ဟက်ဂ် က-




ဂျေဒန် ဆန်ချို အတွက် ပရိသတ်တွေ ပြသခဲ့တဲ့ ချစ်ခြင်း မေတ္တာ တွေကို မြင်တွေ့ရတာ အရမ်းကောင်းပါတယ်၊ အရမ်း ကောင်းလာတဲ့ comeback တစ်ခုပါပဲ၊ ဂျေဒန် က ပြီးခဲ့တဲ့ ရက်သတ္တပတ် တည်းက ကာရင်တန်မှာ ပြုံးရွှင်နေခဲ့တာ၊ သူ အခုတိုင်းလေး




ဆက်သွားနိုင်ဖို့ မျှော်လင့်မိပါတယ်၊ သူက နံပါတ် ၁၀ နေရာ အတွက်ရော တောင်ပံ ကစားသမား နေရာတွေမှာပါ ကျွန်တော်တို့ကို ကူညီပေး နိုင်ပါလိမ့်မယ်။ လို့ ပြောဆိုသွား ခဲ့ပါတယ်၊ မနေ့ညက အဲရစ် တန်ဟက်ဂ် ဟာ အသင်းနဲ့ ပွဲကစားခွင့်တွေ နည်းပါးနေတဲ့




မာစီယဲလ် နဲ့ ဆန်ချို ကို ဒုတိယပိုင်း ပွဲချိန် အတွင်းမှာ အသင်းဖော် ရပ်ရှ်ဖို့ဒ် နဲ့ အတူ ထည့်သွင်း လာခဲ့ပြီး ရပ်ရှ်ဖို့ဒ်၊ မာစီယဲလ်၊ ဆန်ချို အတွဲအဖက် နဲ့ နော်တင်ဟမ် ဖောရက်စ် ခံစစ်ကို ပိုမို ဖိအားပေး နိုင်ခဲ့ပြီး မာစီယဲလ် က အသင်းအတွက် အဖွင့်ဂိုး သွင်းယူပေး နိုင်ခဲ့သလို

မိနစ်ပိုင်းလောက် အကြာမှာပဲ ဘရူနို နဲ့ ရပ်ရှ်ဖို့ဒ် တို့ရဲ့ ပေးပို့မှုကနေ ဖရက်ဒ် က ပွဲသိမ်းဂိုး သွင်းယူနိုင်ခဲ့ပါတယ်၊ ဒီနိုင်ပွဲကြောင့် မန်ချက်စတာ ယူနိုက်တက် ဟာ လိဂ်ဖလား ဗိုလ်လုပွဲထိ တတ်လှမ်း သွားခဲ့ပြီ ဖြစ်ပြီး

ဗိုလ်လုပွဲမှာတော့ နယူးကာဆယ် အသင်းနဲ့ ရင်ဆိုင်သွားမှာ ဖြစ်ပါတယ်၊ ၂၀၁၇ ခုနှစ် နောက်ပိုင်း ဖလားလက်မဲ့ ဖြစ်နေမှု ကိုလည်း အဆုံးသတ်ဖို့ အတွက် အလားအလာ ကောင်း ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။

credit