တရားခွင်မှ လွတ်မြောက် လာသလို အသင်းရဲ့ လူစာရင်းမှာလည်း ပါဝင်ခွင့် ရရှိသွားပြီ ဖြစ်တဲ့ ဂရင်းဝုဒ်

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်ပိုင်းမှာ အားသာချက် တစ်ရပ် ဖြစ်စေမယ့် အကြောင်းအရာ တခုအဖြစ် အမှု ရင်ဆိုင်နေရတာကြောင့် ကစားသမား စာရင်းကနေ ကာလရှည် ချန်လှပ်ထားရတဲ့ အကယ်ဒမီထွက် ကစားသမား ဖြစ်သူ ဂရင်းဝုဒ် ဟာ




အမှု စစ်ဆေးမှု ကနေ လွတ်မြောက် လာတာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ၎င်းကို ကစားသမား စာရင်းမှာ ပြန်လည် ထည့်သွင်းလိုက်ပြီ ဖြစ်ပါတယ်၊ ဂရိတ် မန်ချက်စတာ ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂ ရက်နေ့က အမျိုးသမီး တစ်ဦးကို




အဓ္ဓမ ပြုကျင့်ရန် ကြိုးပမ်းမှု၊ အတင်းအကြပ် ကိုယ်ထိ လက်ရောက် အကြမ်းဖက်မှု တို့ဖြင့် စွဲချက်တင် ခံထားရတဲ့ ၂၁ နှစ်အရွယ် တိုက်စစ် ကစားသမား ဂရင်းဝုဒ် ကို စစ်ဆေးမှု ပြီးစီးခဲ့ပြီ ဖြစ်ကြောင်း တရားဝင် အတည်ပြု ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။




မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ၂၀၂၂/ ၂၃ ဘောလုံးရာသီ အတွက် တရားခွင် စစ်ဆေးမှု ကနေ လွတ်မြောက်ခဲ့ပြီ ဖြစ်တဲ့ ဂရင်းဝုဒ်ကို တရားဝင် ဝက်ဆိုဒ် စာမျက်နာရဲ့ ကစားသမား စာရင်းမှာ ထည့်သွင်းလိုက်ပြီ ဖြစ်ပြီး လုပ်ဆောင်ချက် အချို့




ကျန်နေသေးတဲ့ အကြောင်း ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အတူ ဂရင်းဝုဒ် က ပြီးခဲ့တဲ့ နှစ် ဇန်နဝါရီ ၂၂ ရက်နေ့က ဝက်စ်ဟမ်း အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ် အပြီး မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပွဲစဉ်တွေကို ထပ်မံ ကစားခွင့်




မရခဲ့ဘဲ ဇန်နဝါရီ ၃၀ ရက်နေ့မှာတော့ ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ပါတယ်၊ တရားခွင်မှ လွတ်မြောက်လာတဲ့ ဂရင်းဝုဒ် ရဲ့ အခြေအနေနဲ့ ပက်သက်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်း က တော်ဝင် လုံခြုံရေး တပ်ဖွဲ့ရဲ့ ဂရင်းဝုဒ် ကို လွတ်မြောက်ခွင့် ပေးလိုက်တဲ့




ထုတ်ပြန်ချက်ကို အသိအမှတ် ပြုခဲ့ပြီး ဖြစ်ပါတယ်၊ နောက်တစ်ဆင့် အတွက် ထပ်မံ လုပ်ဆောင်စရာ ကျန်နေပါ သေးတယ်၊ ဒီ အဆင့်တွေ အပြီးသေးခင် အထိ ဘာမှတ်ချက်မှ ထပ်ပေးသွားမှာ မဟုတ်ပါဘူး။ လို့ မန်ချက်စတာ ယူနိုက်တက် မှ ထုတ်ပြန်သွားခဲ့ပါတယ်။

credit