နယူးကာဆယ် ကို အနိုင်ယူပြီး ဆုဖလား ကိုင်မြောက်သွားမည်ဟု အသိပေးလာ

ပရီးမီးယားလိဂ်မှာ ပုံစံကောင်း ရနေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နော်တင်ဟမ် ဖောရက်စ် နဲ့ ကစားခဲ့ကြတဲ့ ကာရာဘောင် ဖလား ဆီမီးဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ်မှာ ၂-၀ နဲ့ အနိုင် ကစားခဲ့ပြီး




Erik Ten Hag ရဲ့ ယုံကြည်မှုကို အပြည့်အဝ ရယူထားတဲ့ လုခ်ရှော က ဗိုလ်လု ပွဲစဉ်နဲ့ ပက်သက်ပြီး ရှင်းပြ ပြောဆို လိုက်ပါတယ်၊ ပထမ အကျော့ ပွဲစဉ်မှာ ၀-၃ နဲ့ အနိုင်ရ ထားခဲ့တာကြောင့် နည်းပြ Erik Ten Hag က




ပထမပိုင်း ကစားချိန် အတွင်းမှာ ထိန်း ကစားခဲ့ပြီး ဒုတိယပိုင်း ပွဲကစားချိန် ၆၂ မိနစ်မှာ မားကပ်စ် ရပ်ရှ်ဖို့ဒ်၊ မာရှယ်၊ ဆန်ချို တို့ကို ထည့်သုံးပြီး ကစားကွက် ပြင်ဆင် လာတာကြောင့် တိုက်စစ်ပိုင်း အတွက် ပိုမို




အလုပ် ဖြစ်လာခဲ့ သလို ပွဲ ကစားချိန် ၇၂ မိနစ်နဲ့ ၇၅ မိနစ်မှာလည်း လူစားဝင် ကစားသမား ရပ်ရှ်ဖို့ဒ် ရဲ့ ဖန်တီးမှုတွေမှ တစ်ဆင့် မာရှယ် နဲ့ ဖရက် တို့က ၃မိနစ် အတွင်းမှာ ၂ ဂိုးထိ သွင်းယူခဲ့ကြတာ ဖြစ်ပါတယ်။




မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နော်တင်ဟမ် ဖောရက်စ် အသင်းကို နှစ်ကျော့ပေါင်း ၅-၀ ရလဒ်နဲ့ အနိုင် ရခဲ့တာကြောင့် ကာရာဘောင် ဖလား ဗိုလ်လု ပွဲစဉ်မှာ ဆောက်သမ်တန် အသင်းကို အနိုင်ကစားပြီး




တက်ရောက်လာတဲ့ အပြင် ပရီးမီးယားလိဂ် မှာပါ ပုံစံကောင်း ရနေတဲ့ နယူးကာဆယ် အသင်းနဲ့လည်း လာမယ့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ယှဉ်ပြိုင် ကစားသွားရမှာ ဖြစ်ပါတယ်၊ နယူးကာဆယ် အသင်းနဲ့




ကစားရမယ့် ကာရာဘောင် ဖလား ဗိုလ်လု ပွဲစဉ်နဲ့ ပက်သက်လို့ လုခ်ရှော က ဒါက သိပ်ကို ကောင်းမွန်ပါတယ်၊ ပြီးတော့ ကျွန်တော်တို့ အသင်းရဲ့ တိုးတက်လာမှု ကိုလည်း မြင်နိုင်စေပါတယ်၊ ကစာသမားတွေရဲ့




စုဖွဲ့မှုနဲ့ စိတ်ဓာတ်ပိုင်းက အကောင်းဆုံး ပုံစံမှာ ရှိနေပါတယ်၊ ဗိုလ်လု ပွဲစဉ်မှာ နယူးကာဆယ် အသင်းနဲ့ ကစားရမှာ ဖြစ်လို့ စိတ်လှုပ်ရှား နေရပါတယ်၊ နယူးကာဆယ် က ခြေစွမ်းမှန် နေတာကြောင့် ဗိုလ်လု ပွဲစဉ်မှာ




ခက်ခဲမှု တွေရှိနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က အရင်လို မဟုတ်တော့ပါဘူး၊ သေချာ ပြင်ဆင်ပြီး ချန်ပီယံ အဖြစ် ဆုဖလားကို ကိုင်မြောက်သွားမှာပါ။ လို့ ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

credit