မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပေါ့ဂ်ဘာ ကို ငွေကြေး သတ်မှတ်ချက် တခုနဲ့ ရောင်းချဖို့ စီစဉ်နေတဲ့ ဂျူဗင်တပ်စ်

အီတလီ စီးရီးအေ ထိပ်သီး ဂျူဗင်တပ်စ် အသင်းဟာ ပြီးခဲ့တဲ့ နွေဈေးကွက်မှာမှ သူတို့ အသင်းဆီ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြန်လည် ပြောင်းရွှေ့ လာတဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ ကို




ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ ရောင်းထုတ်ဖို့ အစီစဉ် ချနေပြီး မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ဆွေးနွေးဖို့ စဉ်းစားနေကြောင်း နာမည်ကြီး သတင်းဌာန ဂေဇက်တာ က အခိုင်အမာ ဖော်ပြခဲ့ပါတယ်။




အသက် ၂၉ နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ ဟာ ပြီးခဲ့တဲ့ နွေ ဈေးကွက်က မန်ချက်စတာ ယူနိုက်တက် ကနေ ဂျူဗင်တပ်စ် အသင်းကို အလွတ်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး




ဂျူဗင်တပ်စ် အသင်းနဲ့ ၂၀၂၆ ခုနှစ် အထိ သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုထားသူ ဖြစ်ပါတယ်၊ ပေါလ် ပေါ့ဂ်ဘာ က ကမ္ဘာ့အဆင့် ကွင်းလယ်လူ တဦး ဖြစ်သလို ၂၀၁၂ ခုနှစ် ကနေ ၂၀၁၆ ခုနှစ် အထိ




ဂျူဗင်တပ်စ် အတွက် ကစားပေးခဲ့ဖူးပြီး ဂျူဗင်တပ်စ် နဲ့ အတူ ရှိနေစဉ်မှာ အီတလီ စီးရီးအေ ရဲ့ အကောင်းဆုံး ကွင်းလယ်လူ အဖြစ် သတ်မှတ် ခံခဲ့ရတဲ့ အထိ ခြေစွမ်း ပြခဲ့တာကြောင့် ယခု တကြိမ်မှာလည်း ပေါ့ဂ်ဘာဟာ ဂျူဗင်တပ်စ် အသင်းရဲ့




အဓိက ကစားသမား ဖြစ်လာမယ်လို့ ထင်ကြေးပေး ခံခဲ့ရတာ ဖြစ်ပါတယ်၊ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် မှာ ရှိနေစဉ် ကတည်းက မကြာခဏ ဆိုသလို ဒဏ်ရာ ရလေ့ ရှိခဲ့တဲ့ ပေါ့ဂ်ဘာ ဟာ ဂျူဗင်တပ်စ် အသင်းဆီ




ရောက်ရှိချိန်မှာလည်း ဒဏ်ရာ ပြဿနာတွေ ကနေ မလွတ်ကင်း နိုင်ခဲ့ဘဲ ဂျူဗင်တပ်စ် ရဲ့ ပထမဦးဆုံး ရာသီကြို ခြေစမ်းပွဲ ဖြစ်တဲ့ ချေဗက် နဲ့ ပွဲစဥ်မှာပဲ ဒူးခေါင်းဒဏ်ရာ ရသွားခဲ့တာကြောင့် ၄ လ ကျော် အနား ယူခဲ့ရတာ ဖြစ်ပါတယ်။




ဒူးခေါင်း ဒဏ်ရာကြောင့် ၄ လကျော် ကြာ အနားယူ ခဲ့ရပြီးနောက် ပြန်လည် သက်သာ လာချိန်မှာလည်း ပေါ့ဂ်ဘာက ခြေသလုံး ကြွက်သားဒဏ်ရာ ထပ်မံ ရရှိခဲ့ပြီး အဆိုပါ ဒဏ်ရာကြောင့် ပေါ့ဂ်ဘာ ဟာ ယခုချိန် အထိ

ဂျူဗင်တပ်စ် အတွက် ပြန် ကစားပေးနိုင်ခြင်း မရှိပဲ ဂျူဗင်တပ်စ် က ဒဏ်ရာ ပြဿနာ များပြားနေတဲ့ ပေါ့ဂ် ဘာကို စတင် စိတ်ပျက်နေပြီး မန်ချက်စတာ ယူနိုက်တက် ကို ပြန်ပို့ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။




နာမည်ကြီး အီတလီ အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ ဂေဇက်တာ သတင်းဌာနရဲ့ ဖော်ပြချက် အရ ဂျူဗင်တပ်စ် တာဝန် ရှိသူတွေက အသင်းရဲ့ ဘဏ္ဍာရေး ပြဿနာကို ဖြေရှင်းနိုင်ဖို့နဲ့ ပေါ့ဂ်ဘာ အပေါ် စိတ်ပျက်မှု တို့ကြောင့် လာမယ့် နွေဈေးကွက်မှာ

ပေါ့ဂ်ဘာ ကို မန်ချက်စတာ ယူနိုက်တက် ထံ ပြန်လည် ရောင်းချဖို့ စဉ်းစားနေပြီး ဂျူဗင်တပ်စ် ဟာ ပေါ့ဂ်ဘာ အတွက် ပြောင်းရွှေ့ကြေး ယူရို ၄၀ သန်းနဲ့ ၅၀ သန်းကြား ပမာဏ တရပ်ကို လိုချင်နေကြောင်း ဖော်ပြသွားခဲ့ပါတယ်။

credit