အိမ်ကွင်းခေါ်ပြီး ခရစ္စတယ် ပဲလေ့စ်ကို အသည်းခွဲလိမ့်မယ်လို့ ဆိုလိုက်ပြီး မန်ချက်စတာ ယူနိုက်တက် Vs ခရစ္စတယ်ပဲလေ့ ပွဲစဉ်အတွက် ခန့်မှန်းချက် ထုတ်ပြီး သုံးသပ်သွားတဲ့ ခရစ်ဆက်တန်
|မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် ခရစ္စတယ် ပဲလေ့စ် အသင်းနဲ့ တွေ့ဆုံနေပြီး အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ် မှာ ဧည့်ခံ ကစားသွားရမှာ ဖြစ်ပါတယ်။
ဒီ နှစ်သင်းဟာ စနေနေ့ည မြန်မာစံတော်ချိန် ည ၉ နာရီခွဲ မှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပြီး ဘီဘီစီ သတင်းဌာန ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန် က မန်ချက်စတာ ယူနိုက်တက် နဲ့ ခရစ်စတယ် ပဲလေ့စ် ပွဲစဉ်အတွက်
အခုလို သုံးသပ် ခန့်မှန်းသွား ခဲ့ပါတယ်။ ခရစ်ဆက်တန် က- ဒီအသင်း နှစ်သင်းဟာ ပြီးခဲ့တဲ့ လက ဆဲလ်ဟက်ပါ့ခ် မှာ တွေ့ဆုံတုန်းက အဆုံးမှာ ခရစ္စတယ် ပဲလေ့စ် က သရေ ရလဒ် ယူနိုင်ခဲ့ပါတယ်၊ အဲဒီ ပွဲကို
ကျနော်က မန်ချက်စတာ ယူနိုက်တက် ၁-ဝ နဲ့ အနိုင် ရမယ်လို့ မှန်းခဲ့တော့ အဲဒီ ခန့်မှန်းချက် မှားခဲ့တယ်၊ ဒီ တကြိမ်မှာတော့ ခရစတယ် ပဲလေ့စ် အတွက် ပိုပြီး ခက်မယ့် ပွဲ တစ်ပွဲ ဖြစ်လာမယ် ဆိုဝာာ အသေအချာပါပဲ။
အိုးလ်ထရက်ဖို့ဒ် မှာ ကစားရမှာတင် မကဘဲ မန်ချက်စတာ ယူနိုက်တက် က ပြိုင်ပွဲစုံ နောက်ဆုံး ၁၂ ပွဲဆက်ထိ အနိုင်ရ ထားတာ ဖြစ်ပါတယ်၊ ဇာဟာ က ဒဏ်ရာ ရနေတယ်၊ ဒီရာသီက သူ့ရဲ့ အကောင်းဆုံး ရာသီ မဟုတ်သည့် တိုင်
ပက်ထရစ် ဗီအဲရာ အသင်း အတွက်တော့ ဇာဟာ မပါနိုင်တာက ကြီးမားတဲ့ ထိုးနှက်ချက် တစ်ခု ဖြစ်နေဆဲပါပဲ။ လို့ ခရဆက်တန် က သုံးသပ် သွားခဲ့ပြီး ခန့်မှန်း ရလဒ် အနေနဲ့ မန်ချက်စတာ ယူနိုက်တက် ၂-ဝ ခရစ္စတယ်ပဲလေ့စ် ဖြစ်မယ်လို့ ဆိုသွားခဲ့ပါတယ်။
credit