ဒီကနေ့ည မန်ချက်စတာ ယူနိုက်တက် နဲ့ ခရစ္စတယ် ပဲလေ့စ် ပွဲစဉ်အတွက် ခန့်မှန်းချက် ထုတ်ပြန်လာတဲ့ ပေါလ်မာဆင်

ဒီတပတ် မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ခရစ္စတယ် ပဲလေ့စ် အသင်းကို အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ် မှာ ဧည့်ခံ ကစားသွားရမှာ ဖြစ်ပါတယ်။ စနေနေ့ည




မြန်မာစံတော်ချိန် ည ၉ နာရီခွဲမှာ ယှဉ်ပြိုင် ကြမှာ ဖြစ်ပါတယ်၊ အာဆင်နယ် ဂန္တဝင် ကစားသမား ဟောင်းကြီး ပေါလ်မာဆင် ကတော့ ဒီည ကစားမယ့် မန်ချက်စတာ ယူနိုက်တက် နဲ့ ခရစ္စတယ် ပဲလေ့စ် ပွဲစဉ် အတွက်




အခုလို သုံးသပ် ခန့်မှန်းသွားပါတယ်။ ပေါလ်မာဆင် က- ခရစ္စတယ် ပဲလေစ့် က အနိုင်ယူဖို့ သိပ်ကို ခက်ခဲတဲ့ အသင်း တသင်းပါ၊ သူတို့က ကောင်တာ တိုက်စစ်ကို အကောင်းဆုံး ကစားနေတဲ့ အသင်းပဲ ဖြစ်ပါတယ်။




မန်ချက်စတာ ယူနိုက်တက် က ခံစစ်တွေကို ချိုးဖျက်ဖို့ ပြဿနာတွေ ရှိထားခဲ့ပြီး အဲရစ်ဆင် ကို ခေါ်ယူ လာနိုင်ခြင်းနဲ့ အတူ အဲ့ဒီ ပြဿနာကို ဖြေရှင်းထားခဲ့တယ်၊ မန်ချက်စတာ ယူနိုက်တက် အတွက် အဲရစ်ဆင်




ပွဲထွက် ကစားနိုင်တဲ အခါ သူတို့ ပွဲကို ပိုပြီး ထိန်းချုပ် နိုင်သလို ပဲလေစ့် လို အသင်းကို အနိုင်ယူဖို့ ဆိုတာ သူ့လို ကစားသမား တဦး လိုကို လိုပါတယ်၊ အခု သူမပါတာက ဒီပွဲစဥ် အတွက် ကြီးမားတဲ့ သက်ရောက်မှု




ဖြစ်စေမှာ အသေအချာပါပဲ၊ မန်ချက်စတာ ယူနိုက်တက် က အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ဘိုင်ယန် ကနေ ဆာဘစ်ဇာ ကို အငှား ခေါ်ယူထားခဲ့တယ်၊ သူတို့ တကယ်ကော ခေါ်ယူ လိုခဲ့ရဲ့လား မသေချာပါဘူး။

သူ့ကို ဦးစားပေး အဖြစ် ရွေးချယ်ထားတာ မဟုတ်လို့ အလောတကြီး ခေါ်ယူခဲ့တာလို့ မြင်ပါတယ်၊ ဆာဘစ်ဇာ က အဲရစ်ဆင် နေရာ အစားထိုးဖို့ အတွက် ဆိုတာ ကောင်းမွန်တဲ့ ခေါ်ယူမှု ဖြစ်လာမယ်လို့ ကျနော်တော့




မထင်ပါဘူး၊ ဒါပေမယ့် မသေချာပါဘူး မန်ချက်စတာ ယူနိုက်တက် အနေနဲ့ အဓိက ကစားသမား တစ်ဦး မကစား နိုင်ပေမယ့် ဒီ ပွဲကိုတော့ လွှမ်းမိုး ကစားနိုင် သင့်ပါတယ်၊ ဒီပွဲကို မန်ချက်စတာ ယူနိုက်တက် တို့ နိုင်မှာပါ။

ဒါပေမယ့် ပဲလေစ့် ကို ရင်ဆိုင်ပြီး မန်ချက်စတာ ယူနိုက်တက် တို့ ခြေချော်ခဲ့ရင်လည်း သိပ် အံ့ဩစရာ မဟုတ်ပါဘူး။ လို့ ပေါလ်မာဆင် က သုံးသပ် သွားခဲ့တာပဲ ဖြစ်ပါတယ်။

ခန့်မှန်းချက်- မန်ချက်စတာ ယူနိုက်တက် 2-1 ခရစ္စတယ် ပဲလေ့စ်

credit