အဲရစ်ဆင် နေရာ အစားထိုးဖို့ အဲရစ် တန်ဟက်ဂ် စဉ်းစားနေတဲ့ ကစားသမား လေးဦး
|Manchester United နည်းပြချုပ် Erik Ten Hag ဟာ ဒီရာသီ မန်ချက်စတာ ယူနိုက်တက် ပွဲထွက် လူစာရင်း ထုတ်ရာမှာ အမြဲတမ်း တောင့်တင်းတဲ့ လူစာရင်းကိုသာ ရွေးချယ်ပြီး အင်ပြည့် အားပြည့်
ယှဉ်ပြိုင် စေခဲ့ပါတယ်၊ ဒါပေမယ့် ချန်ပီယံရှစ် ကလပ် ရီဒင်း နဲ့ ရင်ဆိုင်ရာမှာ အဲရစ်ဆင် ဒဏ်ရာ ရရှိခဲ့တာက မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ပွဲထွက် လူစာရင်းကို အပြောင်းအလဲ ရှိလာစေ တော့မှာပါ။
အဲရစ်ဆင် ရဲ့ ဖန်တီး ပေးနိုင်စွမ်းနဲ့ တည်ငြိမ်မှုဟာ Erik Ten Hag လိုချင်နေတဲ့ အရာအားလုံးနဲ့ ကိုက်ညီနေပြီး နည်းပြရဲ့ ပွဲကို ချဉ်းကပ်မှု အတွက်လည်း အဓိက ကျတဲ့ ကစားသမား ဖြစ်နေသူပါ၊ ဒီရာသီမှာ မည်သည့်
မန်ချက်စတာ ယူနိုက်တက် ကစားသမား ကမှ အဲရစ်ဆင် ထက် ပို မကစားခဲ့ ရပါဘူး၊ ဝါရင့် ကွင်းလယ်လူဟာ ပွဲထွက်ခွင့် မှာရော ကစားချိန် မိနစ်မှာပါ ဒီရာသီ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တတိယမြောက်
အများဆုံး ကစားသမား ဖြစ်ပါတယ်၊ Erik Ten Hag ဟာ အဲရစ်ဆင် အပေါ် တင်ထားရတဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချဖို့ နွေရာသီ အတွင်းမှာ ကွင်းလယ် ဖန်တီးရှင် တစ်ယောက် ခေါ်ယူဖို့လိုတယ် ဆိုတာ နားလည်ခဲ့ပြီး
သူ ဒဏ်ရာ ရသွားချိန် ရေတို ဖြေရှင်းချက် တစ်ခု လိုအပ်ဦးမယ်လို့ တွေးခဲ့ပြီး ဆာဘစ်ဇာ ကို ခေါ်ယူခဲ့ပုံပါပဲ၊ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အဲရစ်ဆင် အတွက် အသင့် အစားထိုးစရာ မရှိသေးပေမယ့်
မတူညီတဲ့ နည်းလမ်းနဲ့ ဖာထေးနိုင်တဲ့ ကစားသမားတွေ ရှိနေပါတယ်၊ အထင်ရှားဆုံး ကတော့ ဖရက်ဒ် ပါ၊ ဘရာဇီးလ်သားဟာ အဲရစ်ဆင်လောက် နည်းစနစ်ပိုင်း ပါရမီ မပါနိုင်သလို ပိတ်ဆို့မှု တွေကို ဖြိုခွဲ နိုင်ဖို့ရာ
ပေးပို့မှု ကျွမ်းကျင်ခြင်းမျိုး ကင်းမဲ့နေဆဲ ဖြစ်ပေမယ့် သူက ချိတ်ဆက် ကစားတာ တော်သူ ဖြစ်ပြီး ကတ်စမဲရိုး၊ ဘရူနို ဖာနန်ဒက်စ် တို့နဲ့ ကွင်းလယ် သုံးနေရမှာ ကောင်းကောင်း လုပ်နိုင်ပါတယ်။ နောက်ထပ် တစ်ဦး ကတော့ ဇန်နဝါရီမှာ အငှားနဲ့ ခေါ်ယူထားတဲ့
ဆာဘစ်ဇာ ပဲ ဖြစ်ပါတယ်၊ ၂၈ နှစ်အရွယ် ကွင်းလယ် လူထံက လိုက်ဇစ် အသင်းမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေ မြင်ရမယ်လို့ Erik Ten Hag က ယုံကြည် ထားပါတယ်၊ မန်ချက်စတာ ယူနိုက်တက် မှာ အဲရစ်ဆင် လိုမျိူး
အလားတူ လူငယ် ကစားသမား အနည်းငယ် ရှိနေပြီး ဇီဒန်းအစ်ဘယ် ဟာ ရာသီကြို အတွင်း ခံစစ်ဆင်း ကစားရတဲ့ ကွင်းလယ်လူ အနေနဲ့ ထွန်းပေါက် လာခဲ့ပြီး ရာသီတလျှောက် လူငယ် အဆင့်မှာလည်း ဆက်လက် အထင်ကြီး စေခဲ့တာပါ၊ ၁၉ နှစ်သားဟာ ဒီရာသီ
Erik Ten Hag လက်အောက် ပြိုင်ပွဲကြီး တစ်ပွဲမှ မကစားရ သေးတာ ဖြစ်ပြီး ရီးဒင်း နဲ့ ပွဲမှာ ကော့ဘီ မိုင်နူ က သူ့ရဲ့ အကယ်ဒမီ အသင်းဖော်ကို ကျော်တက်ပြီး လူစားဝင် ကစားခဲ့ရပါတယ်၊ ဘာပဲဖြစ်ဖြစ်
နည်းပြ Erik Ten Hag ဟာ အဲရစ်ဆင် မပါဝင်နိုင်တဲ့ အခြေအနေကို ကိုင်တွယ်ဖို့ ရှိပြီးသား သူတွေကို အားကိုးရတော့မှာ ဖြစ်ပြီး အထက်က ကစားသမား ၄ ဦးကို လူစာရင်းထဲ ထည့်သွင်းလာနိုင်တာ ဖြစ်ပါတယ်။
credit