အငြင်းပွားစရာ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်များ အပြင် အချိန်ပို 7 မိနစ် ပေးပြီး 9 မိနစ် ကန်ခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက် 2-1 ခရစ္စတယ် ပဲလေ့စ် ပွဲပြီး သုံးသပ်ချက်
|ယ နေ့ည 9 နာရီ 39 မိနစ် အချိန်မှာ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ခရစ္စတယ် ပဲလေ့စ် ပွဲစဉ်မှာ အိမ်ရှင် မန်ချက်စတာ ယူနိုက်တက် အသင်းက 2-1 နဲ့ အနိုင် ရရှိ သွားခဲ့ပါတယ်။
Manchester United အသင်းဟာ ပထမပိုင်း 6 မိနစ်မှာပဲ အလွတ် တည်ကန်ဘော ရရှိခဲ့ပြီး မားကပ်စ် ရပ်ရှ်ဖို့ဒ် က ဖြတ်တင် ပေးပို့ခဲ့ရာမှာ လက်ကို ဦးခေါင်းပေါ် အထိ မြှင့်ထားခဲ့တဲ့ ဟုချ် နဲ့ ထိသွားခဲ့ပြီး ကွင်းလယ် ဒိုင်လူကြီး အန်ဒရီ မာရီနာ က VAR စစ်ဆေးပြီး နောက်
ပင်နယ်တီ ပေးခဲ့တာ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ရဲ့ ပင်နယ်တီ ပြစ်ဒဏ်ဘောကို ဘရူနို ဖာနန်ဒက်စ် က အမှားအယွင်း မရှိ ကန်သွင်း ယူခဲ့ပြီး ဂိုးဘယ်ဘက် အောက်ထောင့်ထဲကို ကန်သွင်းခဲ့ ပေမယ့်လည်း
ပဲလေ့စ် ဂိုးသမားက ဘက်မှားပြီး ဒိုင်ဗင်ထိုးခဲ့တာ ဖြစ်ပါတယ်၊ 13 မိနစ်မှာ ဗက်ဟော့စ် အလွန် ကောင်းမွန်တဲ့ ခေါင်းတိုက်ချက်နဲ့ ဂိုး အပေါ်ထောင့်ထဲကို သွင်းယူဖို့ ကြိုးပမ်းခဲ့ပေ မယ့်လည်း ခရစ္စတယ် ပဲလေ့စ် ဂိုးသမား
ဂွိုက်တာ က ခုန်ပျံပြီး ပုတ်ထုတ် နိုင်ခဲ့တာ ဖြစ်ပါတယ်၊ ဒုတိယပိုင်း ပြန်လည် စတင်ပြီး 17 မိနစ် အကြာမှာ မားကပ်စ် ရပ်ရှ်ဖို့ဒ် က မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် ဒုတိယမြောက်
ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး အကောင်းဆုံး ပုံစံကို ဆက်လက် ပြသ ခဲ့ပါတယ်၊ လုခ်ရှော က ပင်နယ်တီ ဧရိယာထဲကို ဖြတ်တင် ပေးပို့ခဲ့ရာမှာ မားကပ်စ် ရပ်ရှ်ဖို့ဒ် က အလွန် ကောင်းမွန်တဲ့ ပိတ်သွင်းမှုနဲ့
သွင်းဂိုး ရယူ နိုင်ခဲ့တာ ဖြစ်ပြီး ဒီ သွင်းဂိုးက မန်ချက်စတာ ယူနိုက်တက် အတွက် ပွဲကစားချိန် နှောင်းပိုင်းမှာ အရေးကြီးတဲ့ သွင်းဂိုး ဖြစ်လာခဲ့တာ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကြယ်ပွင့် ဖြစ်သူ
ကတ်စမဲရိုး ဟာ ဟုချ် နဲ့ အချင်းများရာမှာ လည်မျိုကို လက်နဲ့ ညှစ်ခဲ့တဲ့ အတွက် ကွင်းလယ်ဒိုင်က VAR နဲ့ ပြန်လည် စစ်ဆေးပြီး တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ် ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် အသင်း အတွက်
အခြေအနေက ရုတ်တရက် ဆိုးရွားခဲ့တာ ဖြစ်ပါတယ်၊ နောက်ထပ် 6 မိနစ် အကြာမှာ ခရစ္စတယ် ပဲလေ့စ် အသင်းဟာ တစ်ယောက် လျော့နေတဲ့ မန်ချက်စတာ ယူနိုက်တက် ကို ချေပဂိုး သွင်းယူနိုင်ခဲ့ပြီး ဂျက်ဖရီ ရှလပ် က ဒူကူရေး ရဲ့
ထောင့်ကန်ဘော က တဆင့် ချေပဂိုးကို သွင်းယူ သွားခဲ့တာ ဖြစ်ပါတယ်၊ ခရစ္စတယ် ပဲလေ့စ် ဟာ အိမ်ရှင် မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ကနေ အဖိုးတန် သရေ တစ်မှတ် ရရှိနိုင်မယ့် အခွင့်အရေး ရှိခဲ့ပေမယ့်
မာတီတာ နဲ့ အီဇီတို့ နှစ်ဦးစလုံး အလွန် ကောင်းမွန်တဲ့ အခွင့်အရေးတွေကို လွဲချော်ခဲ့ ကြတာကြောင့် အဲရစ် တန်ဟက်ဂ် ရဲ့အသင်းဟာ 2-1 နဲ့ ခရစ္စတယ် ပဲလေ့စ် ကို အနိုင် ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
credit