ကွင်းလယ်ဒိုင် ရဲ့ ဆုံးဖြတ်ချက် ဟာ မျှတသင့် ကြောင်း ရှင်းပြလိုက်ပြီး တောင်းဆိုမှု တခု ပြုလုပ်လိုက်တဲ့ တန်ဟက်ဂ်
|ကတ်စမဲရိုး ကို အနီကတ်ပြ ထုတ်ပယ်ခဲ့တဲ့ ကွင်းလယ် ဒိုင်လူကြီး ရဲ့ ဆုံးဖြတ်ချက်ကို Manchester United နည်းပြချုပ် Erik Ten Hag က ဝေဖန် ပြောဆိုလိုက်ပါတယ်၊ ပွဲပြီးရန် မိနစ် ၂၀ ခန့် အလိုမှာ
မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ခရစ္စတယ် ပဲလေ့စ် ကစားသမားများ အချင်းများခဲ့ကြပြီး ယင်းအချင်းများမှုမှာ ကတ်စမဲရိုး က ခရစ္စတယ် ပဲလေ့စ် ကစားသမား ဝီလ်ဟုချ့် ကို လည်ပင်း ညှစ်သဖြင့်
အနီကတ်ပြ အထုတ်ခံ ခဲ့ရခြင်း ဖြစ်ပါတယ်၊ ကတ်စမဲရိုး ရဲ့ အပြုအမူ နဲ့ ပတ်သက်ပြီး ကွင်းလယ်ဒိုင်က VAR ကြည့်ပြီးနောက် ဘရာဇီးလ် ကွင်းလယ် ကစားသမားကို ထုတ်ပယ်ခဲ့ခြင်း ဆုံးဖြတ်သွားခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် နည်ပြချုပ် ERIK TEN HAG က ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေ အပေါ် အလွန်အမင်း စိတ်ပျက်နေပါတယ်၊ ခရစ္စတယ် ပဲလေ့စ် တိုက်စစ်မှူး အာယူး လည်း ဖရက်ဒ် ကို လည်ပင်း ညှစ်ခဲ့သေးကြောင်း
တူညီသည့် အပြစ် အတွက် တူညီသည့် ပြစ်ဒဏ် ရရှိသင့်ကြောင်း ထိုကဲ့သို့ မဟုတ်ပါက မမျှတဘူးလို့ ယူဆ ရနိုင်ကြောင်း ပြောဆိုလိုက်ပါတယ်။ Erik Ten Hag က အသင်း နှစ်သင်း ရန်ဖြစ်ကြတာလေ၊ နှစ်သင်း စလုံးက ဘောလုံးသမားတွေ ပါတယ်။
အဲဒီတော့ နှစ်သင်းစလုံး ဘောင်ကျော်တာပါ၊ ကွင်းလည်ဒိုင် က ရန်ပွဲ အပြီးမှာ ကျွန်တော့ အသင်း တစ်သင်းထဲက ကစားသမား တစ်ဦးပဲ အနီကတ်ပြ ထုတ်ခံရတယ်၊ ဒါက လုံးဝ မှန်တယ်လို့ မထင်ပါဘူး၊ လုံးဝပါပဲ၊ ကတ်စမဲရိုး အထုတ်ခံရတယ် ဆိုရင်
ဒီလိုပဲ လုပ်နေတဲ့ တခြား ကစားသမား တွေလည်း အထုတ် ခံရသင့်တယ်၊ ဆုံးဖြတ်ချက်က တသမတ်တည်း ရှိရမယ်လေ။ မရှိရင် စည်းမျဉ်းတွေ စည်းကမ်းတွေက တဦး တယောက်ယောက် အပေါ် မှီခိုနေလို့ပါပဲ။ လို့ Erik Ten Hag က ပြောဆိုသွားခဲ့ပါတယ်။
အာယူး အနေနဲ့ အထုတ် ခံရသင့်တဲ့ အထဲမှာ ပါဝင်ပါ သလားဟု မေးမြန်းရာမှာ Erik Ten Hag က- သေချာတာပေါ့၊ သူက ပိုတောင် ဆိုးနေသေးတယ်၊ ကတ်စမဲရိုး ကိုက စည်းကျော် သွားတယ် ဆိုရင် အာယူး လည်း သေချာတာပေါ့။ ဆုံးဖြတ်ချက် တိုင်းက
တသမတ်တည်း ဖြစ်ရမယ်လေ၊ ကတ်စမဲရိုး က ကိုယ့် အသင်းက ကစားသမားတွေကို ကာကွယ်ပေးတာ ဖြစ်သလို ပြိုင်ဘက် အသင်းက ရန်ဖြစ်ချင်နေတဲ့ ကစားသမား တစ်ဦးကိုလည်း တားဆီးတဲ့ သဘောပါ။
သူက ရန်ဖြစ်ချင် နေတယ်လို့ ပြောလို့မရပါဘူး၊ ဂျက်ဖရီရှလု ရဲ့ ဘောလုံး ဖျက်ထုတ်ပုံ ကလည်း အန်ထော်နီ ကို ပြင်းပြင်း ထန်ထန် ထိခိုက် ဒဏ်ရာ ရသွားစေနိုင်ကြောင်း အဲရစ် က ဆက်လက် ပြောဆိုလိုက်ပါတယ်။
ကတ်စမဲရိုးဟာ တိုက်ရိုက် အနီကတ် အပြ ခံရခြင်းကြောင့် သုံးပွဲပယ် ပြစ်ဒဏ်ကို ခံရမည် ဖြစ်ပေမယ့် နယူးကာဆယ် အသင်းနဲ့ ဖေဖော်ဝါရီ ၂၆ ရက်မှာ ကစားမယ့် ကာရာဘောင် ဖလား ဗိုလ်လုပွဲမှာ ပါဝင် ကစားနိုင်မှာ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လာမယ့် ဗုဒ္ဓဟူးနေ့မှာ လိဒ်ယူနိုက်တက် အသင်းနဲ့ အိမ်ကွင်း ပွဲစဉ် ကစားရန် ရှိနေပြီး နောက် ၄ ရက် အကြာမှာတော့ လိဒ်အသင်း နဲ့ အဝေးကွင်း ပွဲစ ဉ်ထပ် ကစားရမှာ ဖြစ်ပါတယ်။ ဒီနောက်မှာတော့
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လက်စတာ အသင်းနဲ့ ကစားရန် ရှိပြီး အထက်ပါ ပရီးမီးယားလိဂ် ပွဲစဉ် သုံးပွဲကို ကတ်စမဲရိုး အနေနဲ့ လွဲချော်ရမှာ ဖြစ်ပါတယ်၊ အဲရစ်ဆင် ဒဏ်ရာကြောင့် မကစားနိုင်တဲ့ အချိန်မှာ ကတ်စမဲရိုး သုံးပွဲပယ် ပြစ်ဒဏ် ခံရခြင်းက
မန်ချက်စတာ ယူနိုက်တက် အတွက် အထိနာ စေနိုင်ကြောင်း သတင်းများက သုံးသပ် ဖော်ပြခဲ့ကြပြီး မန်ချက်စတာ ယူနိုက်တက် ဟာ လန်ဒန် တောင်ပိုင်း အခြေစိုက် ပဲလေ့စ် အသင်းကို ၂-၁ နဲ့ အနိုင် ရရှိခဲ့ပြီး
အနိုင် ဂိုးများကိုတော့ ရပ်ရှ်ဖို့ဒ် နဲ့ ဖာနန်ဒက်စ် တို့က သွင်းယူ ပေးခဲ့ခြင်း ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ခရစ္စတဲလ် ပဲလေ့စ် ကို အနိုင်ရပြီး အမှတ်ပေး ဇယား အဆင့်သုံး နေရာကို တက်လှမ်းနိုင် ခဲ့ပြီ ဖြစ်ပါတယ်။
credit