မန်ချက်စတာ ယူနိုက်တက် 2-1 ပဲလေ့စ် ပွဲမှ ထူးထူးခြားခြား ပြောစရာများ
|ယခု အပါတ်မှာတော့ ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေ ဖြစ်တဲ့ ချဲလ်ဆီး၊ အာဆင်နယ်၊ လီဗာပူး အသင််းတို့ ရမှတ်တွေ ဆုံးရှုံးခဲ့ ကြပါတယ်၊ အခြား တဘက််မှာတော့ မန်စီးတီး နဲ့ တော့တင်ဟမ် တို့ ရင်ဆိုင်ရဖို့ ရှိနေတာကြောင့် တစ်သင်း သို့ နှစ်သင်းလုံး
အမှတ် လျော့သွားဖို့ ရှိနေပါတယ်၊ ဒီလို ရက်သတ္တပါတ်မှာ တစ်ယောက်လျော့ နဲ့ မိနစ် 30 နီးပါး ကစားခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းက ဘရူနို၊ ရပ်ရှ်ဖို့ဒ် တို့ရဲ့ သွင်းဂိုးတွေနဲ့ ခရစ္စတယ် ပဲလေ့စ် အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဥ်မှာ
အဖိုးတန် နိုင်ပွဲ ရယူနိုင် ခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဟာ သူတို့ရဲ့ ပုံစံအတိုင်း ပြိုင်ဘက် အသင်းကို ဖိအားပေး ကစားခဲ့ပြီး ဂိုးပေါက် ခြိမ််းခြောက်မှုတွေ အများကြီး လုပ်နိုင်ခဲ့ ကြပါတယ်၊ ဒါပေမယ့် ပဲလေ့စ် အသင်း ကလည်း
ပြန်လည် ဖိအားပေး ဂိုးပေါက် ခြိမ်းခြောက်ခဲ့ပါတယ်၊ နောက်ပိုင်း နှစ်ဘက်အသင်း ရုန်းရင်း ဆန်ခတ်် ဖြစ်ခဲ့ကြပြီး ကတ်စမဲရိုး ဟာ ပြိုင်ဘက် ကစားသမားကို လည်ပင်း ညှစ်ခဲ့တယ် ဆိုပြီး တိုက်ရိုက် အနီနဲ့ အထုတ် ခံခဲ့ရပါတယ်။ ဒီနောက် ပဲလေ့စ်က
တစ်ဂိုး ပြန်လည် သွင်းယူနိုင်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် နည်းပြ Ten Hag နည်းဗျူဟာ ပြောင်းလဲ ခဲ့တာကြောင့်သာ အဆိိုပါ ရလဒ်ကို ထိန်းသိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ပွဲမှ မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေ အနက် ဘယ်သူတွေ ကောင်းပြီး ဘယ်သူတွေ ညံ့ခဲ့ကြသလဲ ? ဖော်ပြပေး လိုက်ပါတယ်။
ဒီဂီယာ 7- ပထမပိုင်း ပြီးခါနီး ရှလပ် ရဲ့ ကန်ချက်ကို ဟန့်တား နိုင်ခဲ့သလို ဂွီဟိုင်း ရဲ့ ထောင့်ကန်ဘော ကန်ချက် ကိုလည််း ကာကွယ်ပြ နိုင်ခဲ့ပါတယ်။
ဘစ်ဆာကာ 7- အန်တိုနီ နဲ့ တွဲဖက် ကစားနိုင်ခဲ့ပြီး final third တွေမှာ အကျိုးပြု ပေးခဲ့ပါတယ်၊ နောက်ဆုံးမိနစ် 20 မှာတော့ ခံစစ် ကစားပုံ လျော့ရဲခဲ့ပါတယ်။
ဗာရန်း 8 မိနစ် 70 ထိ ခံစစ်ကို တည်ငြိမ်စွာ ကစားပြခဲ့ပြီး ပြိုင်ဘက် တိုက်စစ်ကို အသက်မဲ့ စေခဲ့ပါတယ်၊ ပွဲစဥ်ရဲ့ အကောင်းဆုံး ကစားသမား တစ်ဦးပါပဲ။
မာတီနက်ဇ် 9- အရပ်အမောင်း မြင့်မားတဲ့ ခရစ္စတယ် ပဲလေ့စ် တိုက််စစ် ကစားသမားတွေက သူ့ကို ပစ်မှတ်ထား ကစားခဲ့ပေမယ့် ခုခံနိုင်ခဲ့ပြီး အဖိုးတန် ပိတ်ဆို့မှုတွေ လုပ်ပြ နိုင်ခဲ့ပါတယ်။
ရှော 7- ခံစစ်ပိုင်း ကစားပုံ ကောင်းခဲ့ပြီး final third မှာ ပါဝင်နိုင် ခဲ့ပါတယ်၊ အဆုံးသတ် ပိုင်းမှာတော့ လုံလောက််စွာ မကောင်း နိုင်ခဲ့ပါဘူး။
ကတ်စမဲရိုး 6- ယခင် ပွဲတွေလောက် ပွဲစဥ်ကို မလွှမ်းမိုး နိုင်ခဲ့ပေမယ့် အဆင့်အတန်း ကိုတော့ ပြသနိုင်ခဲ့ပါတယ်၊ အနီကဒ် ထိခဲ့တာက အသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက် တခု ဖြစ်လာနိုင်ပါတယ်။
ဖရက်ဒ် 8- တစ်ပွဲထက် တစ်ပွဲ တိုးတက်လာတဲ့ ဖရက်ဒ် ဟာ ကတ်စမဲရိုး နဲ့ အကောင်းဆုံး တွဲ ကစားနိုင်ခဲ့သလို တိုက်စစ်ကိုလည်း မကြာခန တက်ရောက် ကူညီနိုင်ခဲ့ပါတယ်။
အန်တိုနီ 7- ဘစ်ဆာကာ နဲ့ တွဲဖက် ကစာခဲ့ပြီး တကယ့်ကို ကောင်းမွန်တဲ့ ဂိုးပေါက် ကန်ချက်တွေ လုပ်ပြနိုင်ခဲ့ ပါတယ်၊ ဒါပေမယ့် အသင်းဖော်နဲ့ ပိတ်မိခဲ့ပါတယ်၊ ဒုတိိယ ပိုင်းမှာ ပို ကောင်းခဲ့ပါတယ်။
ဘရူနို 7- ရရှိလာတဲ့ ပင်နယ်တီကို ဂိုးအဖြစ် ပြောင်းလဲ ပေးခဲ့သလို ကွင်းလယ်မှာ အကျိုးသက်ရောက်မှု ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်၊ ဒုတိယဂိုးမှာလည်း ပတ်သက်နိုင်ခဲ့ပါတယ်။
ရပ်ရှ်ဖို့ဒ် 7- အဖွင့်ဂိုးအတွက် ပင်နယ်တီ ရရှိစေခဲ့သလို ဒုတိယဂိုး ကိုလည်း သွင်းယူပြ နိုင်ခဲ့ပါတယ်၊ ကစားပုံ ကတော့ အရင််လောက် မကောင်းမွန်ခဲ့ပါဘူး။
ဝဂ်ဟော့စ် 5- ခေါင်းတိုက်ခွင့် ရရှိခဲ့ပေမယ့် ဂွိုက်တာက ကာကွယ် သွားနိုင်ခဲ့ပါတယ်၊ ဒီပွဲမှာ ပုံစံကောင်း မပြသ နိုင်ခဲ့ပဲ ချိတ်ဆက် ကစားပုံလည်း ညံ့ခဲ့ရပါတယ်။
လူစားဝင် ကစားသမားများ- ဂါနာချို 5၊ ဆာဗစ်ဇာ 7၊ မက်ဂွိုင်းယား 6၊ လင်ဒီလော့ဖ် 6 တို့ ဖြစ်ပါတယ်။
credit