ရန်ပွဲ၊ အငြင်းပွာဖွယ် ဆုံးဖြတ်ချက်တွေကို ဘယ်လို ကျော်ဖြတ်ခဲ့ရသလဲ ဆိုတာ ထုတ်ပြောလာတဲ့ ဒီဂီယာ

မန်ချက်စတာ ယူနိုက်တက် ဂိုးသမား ဒေးဗစ် ဒီဂီယာ က အိုးလ်ထရပ်ဖို့ဒ် မှာ စိတ်ဓါတ်၊ ခံယူချက်နဲ့ စရိုက် လက္ခဏာတွေကို ပေါ်လွင််အောင် ပြသခဲ့ကြတဲ့ အသင်းဖော်တွေကို ချီိးကျူးသွား ခဲ့ပါတယ်။




မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက ခရစ္စတယ် ပဲလေ့စ် နဲ့ ကစားခဲ့တဲ့ ပွဲမှာ ပွဲစဥ်ကို အကောင််းဆုံး စတင်နိုင်ခဲ့ပြီး ပွဲချိန် 7 မိနစ်ထဲက မားကပ်စ် ရပ်ရှ်ဖို့ဒ်ကြောင့် ရရှိခဲ့တဲ့ ပင်နယ်တီကို ဘရူနို ဖာနန်ဒက်စ် က ဂိုးအဖြစ် ပြောင်းလဲ နိုင်ခဲ့ပါတယ်။




8 မိနစ်အကြာမှာတော့ နှစ်ဘက် အသင်း ကစားသမားတွေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြပြီး ပြိုင်ဘက်ကို လည်ပင််း ညှစ်သလို ဖြစ်ခဲ့တဲ့ ကတ်စမဲရိုး ဟာ တိုက်ရိုက် အနီကဒ် ထိခဲ့ပါတယ်၊ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် နည်းပြ Erik Ten Hag က




လိုအပ်တဲ့ နည်းဗျူဟာ အပြောင်းအလဲ တွေ လုပ်သွားခဲ့ပြီး ကစားသမားတွေ ကလည်း အကောင်းဆုံး ပါဝင်နိုင်ခဲ့ကာ ရလဒ် ကို ဆက်လက် ထိန်းသိမ်း သွားနိုင်ခဲ့ကြပါတယ်၊ အခုတော့ ဒေးဗစ် ဒီဂီယာ က ပွဲချိန် လက်ကျန် မိနစ် 30 ကို အကောင်းဆုံး




တုန့်ပြန် ကစားခဲ့ကြတဲ့ အသင်းဖော်တွေရဲ့ စိတ်ဓါတ် ကြံ့ခိုင်မှုနဲ့ စရိုက် လက္ခဏာ တွေကို ထုတ်ဖော် ချီးကျူးလိုက်တာပါ၊ ဒီဂီယာ က- ဒီ ပွဲစဥ်က ခက်ခဲပါတယ်၊ အထူးသဖြင့် အနီကဒ် ထိခဲ့တဲ့ နောက်ပေါ့၊ ကျွန်တော်တို့ ပထမပိုင်းကို ထိန်းချုပ် နိုင်ခဲ့ပါတယ်။




ကျွန်တော်တို့ အစောပိုင်း သွင်းဂိုး သွင်းယူ နိုင်ခဲ့တယ်၊ ဒုတိယပိုင်း မှာလည်း နောက်ထပ် တစ်ဂိုး သွင်းယူ နိုင်ခဲ့တယ်၊ ဒါပေမယ့် အနီကဒ် ထိခဲ့တာက ခက်ခဲစေခဲ့တယ်၊ ကျွန်တော်တို့ နောက်ဆုံး အချိန်ထိ တိုက်ပွဲဝင်တယ်၊ ဒီအတွက် အသင်းသားတွေ




အကောင်းဆုံး လုပ်ပြနိုင်ခဲ့တယ်၊ ပြိုင်ဘက် အသင််းက ဒီနောက် တိုက်စစ် ကစားသမားတွေချည််း ထည့်ခဲ့ကြတယ်၊ ဒါပေမယ့် ကျွန်တော်တို့ အကောင်းဆုံး ခုခံနိုင်ခဲ့ပါတယ််၊ တစ်ဂိုး ပေးခဲ့ရပေမဲ့ 3 မှတ်ကို စုဆောင်းသွား နိုင်ခဲ့တယ်၊ ကတ်စမဲရိုး လို ကစားသမားမျိုးကို

ဆုံးရှုံးလိုက်ရတာ တကယ့်ကို မလွယ်ကူစေပါဘူး၊ အဲ့ဒီ အချိန်မှာ ပြိုင်ဘက်တွေ တရစပ် တိုက်စစ်ဆင် ကစားခဲ့ကြပြီး ဖိအားပေးခဲ့တယ်၊ ကျွန််တော်တို့ ကောင်းမွန်တဲ့ စိတ်ဓါတ် နဲ့ လက္ခဏာတွေကို ပြသခဲ့တယ်။




အသင်းရဲ့ ကစားသမားတွေ အပြင် အရန်ခုံက လူတွေပါ အံ့ဖွယ် ဖြစ်ခဲ့ကြတယ်၊ ကျွန်တော်တို့ အသင်း တစ်သင်း အဖြစ် တကယ့်ကို စုပေါင်း စုစည်း ကစားနိုင်ခဲ့တယ် ဆိုတာကို ပြသခြင်း ဖြစ်ခဲ့ပါတယ်။

ကျွန်တော်တို့ ကောင််းကောင်း ခုခံနိုင်ခဲ့ပြီး နည်းပြ ကလည်း မှန်ကန်တဲ့ ပြောင််းလဲမှုတွေ လုပ်နိုင်ခဲ့ပါတယ်။ လို့ ဒီဂီယာ က ချီးကျူးလိုက်တာပဲ ဖြစ်ပါတယ်။

credit