လာမယ့် နွေရာသီမှာ ကြယ်တစ်ပွင့် ကို အမိအရ ခေါ်ယူနိုင်ရေး အတွက် ထိပ်တန်း ကြယ်သုံးပွင့် အပြင် ပိုလျှံနေတဲ့ ကစားသမားတွေပါ ရောင်ထုတ်ဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်တဲ့ တန်ဟက်ဂ်
|Manchester United အသင်း မန်နေဂျာ Erik Ten Hag သည် လာမည့် နွေရာသီ အပြောင်းအရွှေ့တွင် ပိုလျှံနေတဲ့ ကစားသမား အတော်များများကို ရောင်းချဖို့ အစဉ်အစဉ် ရှိကြောင်း
ရလာသည့် ငွေကြေးနှင့် တိုက်စစ် မြှားဦး နေရာ အတွက် ဟယ်ရီကိန်း ကို ခေါ်ယူရန် ဖြစ်ကြောင်း နာမည်ကြီး သတင်းဌာနများက ဖော်ပြသွား ကြပါတယ်။
စီနီယာ ကစားသမား အချို့ ဖြစ်သော မက်ဂွိုင်းယား၊ တွမ်မီနေး၊ မာစီရယ်၊ စသည့် ကစားသမားများကိုပါ ရောင်းထုတ်သွားဖို့ စီစဉ်နေကြောင်း မိုင်ရာ သတင်းစာက အတည်ပြု ဖော်ပြသွားတာ ဖြစ်ပါတယ်။
ထို့ပြင် မန်ချက်စတာ ယူနိုက်တက် အသင်း ပိုင်ရှင်များသည် အသင်းအတွက် ရင်းနှီးမြှပ်နှံမည့်သူ အသစ်ကို ရှာဖွေနေပြီး တစ်သင်းလုံးကို ရောင်းထုတ်ခြင်းသည်လည်း ဖြစ်လာဖွယ် ရှိနေသည်။
Erik Ten Hag သည် အသင်း အကျိုးအတွက် ပြတ်ပြတ်သားသား ဆုံးဖြတ်လေ့ ရှိသူ ဖြစ်ပြီး လာမည့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့် ရရန် နီးစပ်နေသဖြင့် ခံစစ်အတွင်းလူ တစ်ဦးနှင့်
တိုက်စစ်မှူး တစ်ဦးကို အားဖြည့်ချင်နေသည်၊ ရော်နယ်ဒို ကို အသင်းမှ ထုတ်ခဲ့ခြင်းသည် ERIK TEN HAG ၏ ပြတ်သားမှုကို သက်သေပြရာ ရောက်နေပြီး လက်ရှိ အချိန်တွင် ဝက်ဟော့စ် နှင့်
ဆာဘစ်ဇာ တို့ကို အငှားဖြင့်သာ ခေါ်ယူ ထားနိုင်သဖြင့် နွေရာသီတွင် အပြီးသတ် ခေါ်ယူမှု တစ်ချို့ကို ပြုလုပ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။ မန်ချက်စတာ ယူနိုက်တက် သည် ပိုင်ရှင်အသစ် လက်ထဲ ရောက်သွားလျှင် ချဲလ်ဆီး အသင်း ကဲ့သို့ပင် ငွေသုံးနိုင်ကောင်း သုံးနိုင်သွားမည် ဟုလည်း ထင်ကြေးပေး သတင်းများ ထွက်ပေါ်နေသည်။
credit